၂၀၂၃ ခုနှစ် မတ်လ ၂ ရက်နေ့ ညမှာ မြန်မာနိုင်ငံမှနေ သာမန်မျက်စိဖြင့်ပင် တွေ့မြင်ရနိုင်တော့မယ့် “သောကြာကြယ်ကြီး လနဲ့နီး
ပြည်ကြီး ပျက်လတ္တံ ” ဆိုတဲ့ တစ်ဘောင်
“သောကြာကြယ်ကြီး လနဲ့နီးပြည်ကြီး ပျက်လတ္တံ ” ဆိုလားပဲ တစ်ဘောင်ရှိခဲ့တယ်။အပေါ်ဆုံးက လအလယ်က ဗီးနပ်စ် (သောကြာဂြိုလ်)အောက်ဆုံး ဂျူပီတာ
(ကြာသပတေးဂြိုလ်)ကောင်းကင်ယံမှာ နေ နှင့် လ ပြီးလျှင် လင်းလက်တောက်ပဆုံး ဂြိုဟ်များဖြစ်ကြတဲ့ ဗီးနပ်စ်ဂြိုဟ် (
သောကြာဂြိုဟ်) နဲ့ ဂျူပီတာဂြိုဟ်
(ကြာသပတေးဂြိုဟ်) တို့ဟာ ၂၀၂၃ ခုနှစ် မတ်လ ၂ ရက်နေ့မှာ ပေါင်းဆုံကြတော့မှာဖြစ်ပြီး မြန်မာနိုင်ငံမှလည်း သာမန်မျက်စိဖြင့် တွေ့မြင်ရနိုင်မှာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ဂျူပီတာဂြိုဟ်ကို အနောက်ဘက် မိုးကုတ် စက်ဝိုင်းရဲ့ ခပ်မြင့်မြင့်နေရာမှာ အလင်းအား (-2.1) မဂ္ဂနီကျူ့လောက်နဲ့ လင်းလက်နေတာကို ညဦးပိုင်း
နေဝင်ပြီးချိန်က စလို့ မြင်တွေ့နေရမှာဖြစ်ပြီး၊ ၎င်းရဲ့ အောက်ဘက်နားမှာတော့ အလင်းအား (-4.0) မဂ္ဂနီကျူ့နဲ့ ထွန်းလင်းတောက်ပနေတဲ့ ဗီးနပ်စ်ဂြိုဟ်ကို မြင်တွေ့နေရမှာပါ
သူတို့ နှစ်ခု တည်ရှိနေမဲ့နေရာကတော့ Pisces လို့ခေါ်တဲ့ မိန်ရာသီ အတွင်းမှာ ဖြစ်ပါတယ်။ဂျူပီတာဟာ တဖြည်းဖြည်းချင်း အနောက်ဘက် မိုးကုတ်စက်ဝိုင်းသို့
နိမ့်ဆင်းလို့ လာနေပါတယ်။ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ တပေါင်းလဆန်းလဟာ ဗီးနပ်စ်အနီးမှ ဖြတ်သန်းပြီး၊ ဖေဖော်ဝါရီ ၂၃ မှာတော့ ဂျူပီတာ အနီးမှ ကပ်ပြီး
ဖြတ်သန်းသွားမှာပါ။ တောင်အမေရိကတိုက်ရဲ့ အချို့နေရာများမှာတော့ လခြမ်းက ဂျူပီတာကို ဖုံးအုပ်သွားခြင်းဖြစ်စဉ်မျိုးကို တွေ့မြင်ကြရမှာပါ။
၂၀၂၃ ခု မတ်လ ၂ ရက်နေ့မှာတော့ ဗီးနပ်စ်နဲ့ ဂျူပီတာတို့ဟာ မိန်ရာသီအတွင်းမှာပဲ ပေါင်းဆုံကြမှာဖြစ်ပါတယ်။
မြန်မာ့နက္ခတ်မှာတော့ ဂြိုဟ်စစ်ထိုးတယ်လို့ ခေါ်ဆိုကြပါတယ်။ ထူးခြားတိုက်ဆိုင်စွာပင် မာကျူရီ (ခ) ဗုဒ္ဓဟူးဂြိုဟ် နဲ့ စေတန် (ခ) စနေဂြိုဟ်တို့ဟာလည်း ထိုနေ့မှာပင်
ကုမ်ရာသီထဲမှာ ဂြိုဟ်စစ်ထိုးကြမှာပါ။သို့သော်လည်း နေနှင့် လွန်စွာနီးကပ်နေတဲ့အတွက် အဆိုပါဂြိုဟ်စစ်ထိုးခြင်းကိုတော့ မမြင်တွေ့ရနိုင်ပါ။
ဗီးနပ်စ် နဲ့ ဂျူပီတာ အတွဲကိုတော့ ညနေ နေဝင်ပြီး (၆ နာရီခန့်) အချိန်မှ ည ၈ နာရီခွဲလောက်ထိ အနောက်ဘက် မိုးကုတ်စက်ဝိုင်းရဲ့
၂၆ ဒီဂရီ အမြင့်ကနေ တဖြည်းဖြည်းချင်း နိမ့်ဆင်းသွားတာကို တွေ့မြင်ရနိုင်ပါတယ်။ နောက်ရက်များမှာတော့ ဂျူပီတာဟာ
ဆက်လက် နိမ့်ဆင်းသွားပြီး ဧပြီလလောက်မှာ နေရဲ့အနောက်ဘက်သို့ ရောက် ရှိသွားမှာပဲ ဖြစ်ပါတော့တယ်Credit



