ခါးပတ်စိန်ခေါ်ခွင့်ကို ONE Championship CEO ချက်ထရီထံ တောင်းဆိုလိုက်တဲ့ Aung La
ကချင်သားကြီး အောင်လအန်ဆန်းသည် နောက်ဆုံးထိုးသတ်ထားသည့် 2 ပွဲဆက်တိုက်ကို ပထမအချီမှာဘဲ ပြိုင်ဘက်တွေကို အလဲထိုး (ဒိုင်ပွဲရပ်) ဖြင့် အနိုင်ယူနိုင်ခဲ့သလို ပြီးခဲ့တဲ့ပွဲမှာလည်း ဖန်ရောင်ကို ချုပ်ကွက်နဲ့ အနိုင်ယူနိုင်ခဲ့ပြီးနောက်
မစ်ဒယ်ဝိတ်တန်းမှာ ချန်ပီယံပြန်ဖြစ်လိုတဲ့ ၎င်း၏ဆန္ဒ အိမ်မက်တွေကို CEO ချက်ထရီထံ ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ပြီး တောင်းဆိုမှုတစ်ခု ပြုလုပ်သွားခဲ့ပြီဖြစ်ပါတယ်။
အဲ့ဒါကတော့ အောင်လက သူ့ကို မကြာခင်မှာ ရိုင်နီယာရဲ့ မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်ကို စိန်ခေါ်ခွင့်ပြုဖို့ဘဲ ဖြစ်ပါတယ်။
အောင်လအနေဖြင့် သူ့ရဲ့ချန်ပီယံခါးပတ်နှစ်ခုစလုံးကို နယ်သာလန်သားကြီး ရိုင်နီယာထံ လက်လွှတ်ခဲ့ရပြီးနောက်ပိုင်းကတည်းက သူ့ရဲ့ခါးပတ်တွေကို ပြန်လည်ရယူဖို့အတွက် ကြိုးစားနေတာဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ အောင်လဟာ ၃ ပွဲဆက်တိုက်အနိုင်ရလဒ်နှင့်အတူ ONE Championship မှာ တစ်ဖန်ပြန်လည်တောက်ပဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ပါတယ်။ အောင်လအန်ဆန်းကိုယ်တိုင်က ယခုနှစ်လယ်ပိုင်းလောက်မှာ ချန်ပီယံခါးပတ်စိန်ခေါ်ခွင့်ရရှိချင်ကြောင်း CEO ချက်ထရီထံ တောင်းဆိုမှုတစ်ခုပြုလုပ်ထားပြီဖြစ်သည်။
ဒီအကြောင်းကို အောင်လက – ” သေချာတာပေါ့။ ကျွန်တော်က ချန်ပီယံခါးပတ်လုပွဲ ထိုးသတ်ချင်ပါတယ်။ လက်ရှိမှာ ကျွန်တော်က နိုင်ပွဲတွေလည်း ရှာဖွေထားနိုင်ပြီဖြစ်တာကြောင့် မကြာခင်မှာ ခါးပတ်လုခွင့်ရချင်ပါတယ်။ ကျွန်တော့်ကို တိုက်ရိုက်စိန်ခေါ်ခွင့်မပေးချင်ရင် ခါးပတ်လုခွင့် အဆုံးအဖြတ်ပွဲမျိုးကိုတော့ သိပ်မကြာခင်မှာ တည်ပေးစေချင်ပါတယ်။ ” ဟု ONE Championship ရဲ့ CEO ချက်ထရီထံ ခွင့်ပန်ထားတာ ဖြစ်ပါတယ်။