International News

ေအာင္လအန္ဆန္းနဲ႕ မာလီခင္ၾကားမွာ ပြဲျဖစ္လာႏိုင္တဲ့ တခုတည္းေသာအေၾကာင္းရင္းကို ဖြင့္ခ်လိုက္တဲ့ ေအာင္လ

ေအာင္လအန္ဆန္းနဲ႕ မာလီခင္ၾကားမွာ ပြဲျဖစ္လာႏိုင္တဲ့ တခုတည္းေသာအေၾကာင္းရင္းကို ဖြင့္ခ်လိုက္တဲ့ ေအာင္လ

လက္တေလာ MMA ပရိသတ္ေတြၾကားမွာ Hot ျဖစ္ေနတဲ့သတင္းတစ္ပုဒ္ကေတာ့ ကခ်င္သားႀကီးေအာင္လအန္ဆန္းႏွင့္ ႏွစ္ထပ္ကြမ္းခ်န္ပီယံဖိုက္တာအျဖစ္ သတ္မွတ္ျခင္းခံထားရတဲ့ ႐ု႐ုားသားႀကီး အနာတိုလီမာလီခင္တို႔ ပြဲျဖစ္လာနိုင္မလားဆိုတဲ့ အေၾကာင္းအရင္းတစ္ခုဘဲ ျဖစ္ပါတယ္။

အနာတိုလီမာလီခင္ဟာ မၾကာေသးခင္ကမွ လိုက္ဟဲဗီးဝိတ္တန္းမွာ ခ်န္ပီယံသစ္ျဖစ္လာခဲ့သူျဖစ္ၿပီး သူ႔ရဲ့ေနာက္ပြဲဟာ အာဂ်န္ဘူလာႏွင့္ ဟဲဗီးဝိတ္တန္းခ်န္ပီယံခါးပတ္လုပြဲျဖစ္လာမည္ဟု ထင္ေၾကးေပးခံထားရသူျဖစ္ပါတယ္။ အျခားတစ္ဖက္တြင္လည္း ေအာင္လအန္ဆန္းဟာ တ႐ုတ္ဖိုက္တာ ဖန္ေဝါင္းႏွင့္ေနာက္ပြဲမွာ ထိုးသတ္ရမွာျဖစ္ပါတယ္။ၿပီးခဲ့တဲ့အင္တာဗ်ဴးတစ္ခုမွာေတာ့ ေအာင္လအန္ဆန္းဟာ အနာတိုလီမာလီခင္ႏွင့္ ၎တို႔ၾကားပြဲျဖစ္လာနိုင္မည့္

အေၾကာင္းအရာႏွင့္ပတ္သတ္ၿပီး ယခုလိုဘဲ ဖြင့္ဟလာခဲ့ပါတယ္။ ” ကၽြန္ေတာ္နဲ႔ မာလီလင္တို႔ၾကား ပြဲျဖစ္လာမည္ဆိုရင္ေတာ့ သူက မစ္ဒယ္ဝိတ္တန္းကို ဆင္းလာမွရမွာပါ။ ”

” ကၽြန္ေတာ္ လိုက္ဟဲဗီးဝိတ္တန္းကို ေနာက္တစ္ႀကိမ္ တက္ၿပီးေတာ့ မကစားေတာ့ပါဘူး။ မာလီခင္ကေတာ့ တကယ့္ကိုအထင္ႀကီးစရာ ဖိုက္တာေကာင္းတစ္ေယာက္ပါ။ အစပိုင္းမွာေတာ့ သူက နပန္းသမားကေနလာတာမလို႔ Boxing ထိုးေကာင္းတဲ့ ဖိုက္တာတစ္ဦးလို႔ဘဲ ထင္ေနခဲ့တာပါ။ အခုေတာ့ သူကဘက္စုံထူးခၽြန္တဲ့ ဖိုက္တာေကာင္းတစ္ေယာက္ျဖစ္တယ္ဆိုတာ သိရွိေနပါၿပီ။ “” သူက ကမၻာ့ထိပ္တန္းဖိုက္တာေကာင္းတစ္ဦးျဖစ္သလို ONE Championship ရဲ့ ဝိတ္တန္းႏွစ္ခုမွာလည္း ခ်န္ပီယံျဖစ္ေနပါၿပီ

ONE Championship ရဲ့ႀကိဳးဝိုင္းထဲမွာလည္း သူက ၿပိဳင္ဘက္ကင္းဖိုက္တာတစ္ဦးပါ။ ” ဟု မာလီခင္ကို ခ်ီးက်ဴးစကားဆိုခဲ့သလို ၎တို႔ၾကား ပြဲျဖစ္လာနိုင္မည့္ တစ္ခုတည္းေသာ အေၾကာင္းအရာကိုလည္း ေအာင္လက ဖြင့္ဟသြားခဲ့တာ ျဖစ္ပါတယ္။ေအာင္လအန္ဆန္းႏွင့္ မာလီခင္တို႔ဟာ ဝိတ္တန္းကြာဟခ်က္မ်ားသလို ေအာင္လကိုယ္တိုင္က လိုက္ဟဲဗီးဝိတ္တန္းကို တက္မထိုးေတာ့ဖို႔ ဆုံးျဖတ္ခ်က္ခ်မွတ္ထားတာေၾကာင့္ သူတို႔ႏွစ္ဦးအၾကား ပြဲျဖစ္လာနိုင္ေခ်ဟာ မရွိသေလာက္ နည္းပါးေနတာ ျဖစ္ပါတယ္။

unicode version

လက်တလော MMA ပရိသတ်တွေကြားမှာ Hot ဖြစ်နေတဲ့သတင်းတစ်ပုဒ်ကတော့ ကချင်သားကြီးအောင်လအန်ဆန်းနှင့် နှစ်ထပ်ကွမ်းချန်ပီယံဖိုက်တာအဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ ရုရုားသားကြီး အနာတိုလီမာလီခင်တို့ ပွဲဖြစ်လာနိုင်မလားဆိုတဲ့ အကြောင်းအရင်းတစ်ခုဘဲ ဖြစ်ပါတယ်။

အနာတိုလီမာလီခင်ဟာ မကြာသေးခင်ကမှ လိုက်ဟဲဗီးဝိတ်တန်းမှာ ချန်ပီယံသစ်ဖြစ်လာခဲ့သူဖြစ်ပြီး သူ့ရဲ့နောက်ပွဲဟာ အာဂျန်ဘူလာနှင့် ဟဲဗီးဝိတ်တန်းချန်ပီယံခါးပတ်လုပွဲဖြစ်လာမည်ဟု ထင်ကြေးပေးခံထားရသူဖြစ်ပါတယ်။ အခြားတစ်ဖက်တွင်လည်း အောင်လအန်ဆန်းဟာ

တရုတ်ဖိုက်တာ ဖန်ဝေါင်းနှင့်နောက်ပွဲမှာ ထိုးသတ်ရမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့အင်တာဗျူးတစ်ခုမှာတော့ အောင်လအန်ဆန်းဟာ အနာတိုလီမာလီခင်နှင့် ၎င်းတို့ကြားပွဲဖြစ်လာနိုင်မည့်
အကြောင်းအရာနှင့်ပတ်သတ်ပြီး ယခုလိုဘဲ ဖွင့်ဟလာခဲ့ပါတယ်။ ” ကျွန်တော်နဲ့ မာလီလင်တို့ကြား ပွဲဖြစ်လာမည်ဆိုရင်တော့ သူက မစ်ဒယ်ဝိတ်တန်းကို ဆင်းလာမှရမှာပါ။ ”

” ကျွန်တော် လိုက်ဟဲဗီးဝိတ်တန်းကို နောက်တစ်ကြိမ် တက်ပြီးတော့ မကစားတော့ပါဘူး။ မာလီခင်ကတော့ တကယ့်ကိုအထင်ကြီးစရာ ဖိုက်တာကောင်းတစ်ယောက်ပါ။ အစပိုင်းမှာတော့ သူက နပန်းသမားကနေလာတာမလို့ Boxing ထိုးကောင်းတဲ့ ဖိုက်တာတစ်ဦးလို့ဘဲ ထင်နေခဲ့တာပါ။

အခုတော့ သူကဘက်စုံထူးချွန်တဲ့ ဖိုက်တာကောင်းတစ်ယောက်ဖြစ်တယ်ဆိုတာ သိရှိနေပါပြီ။ “” သူက ကမ္ဘာ့ထိပ်တန်းဖိုက်တာကောင်းတစ်ဦးဖြစ်သလို ONE Championship ရဲ့ ဝိတ်တန်းနှစ်ခုမှာလည်း ချန်ပီယံဖြစ်နေပါပြီ

ONE Championship ရဲ့ကြိုးဝိုင်းထဲမှာလည်း သူက ပြိုင်ဘက်ကင်းဖိုက်တာတစ်ဦးပါ။ ” ဟု မာလီခင်ကို ချီးကျူးစကားဆိုခဲ့သလို ၎င်းတို့ကြား ပွဲဖြစ်လာနိုင်မည့် တစ်ခုတည်းသော အကြောင်းအရာကိုလည်း အောင်လက ဖွင့်ဟသွားခဲ့တာ ဖြစ်ပါတယ်။အောင်လအန်ဆန်းနှင့် မာလီခင်တို့ဟာ ဝိတ်တန်းကွာဟချက်များသလို

အောင်လကိုယ်တိုင်က လိုက်ဟဲဗီးဝိတ်တန်းကို တက်မထိုးတော့ဖို့ ဆုံးဖြတ်ချက်ချမှတ်ထားတာကြောင့် သူတို့နှစ်ဦးအကြား ပွဲဖြစ်လာနိုင်ချေဟာ မရှိသလောက် နည်းပါးနေတာ ဖြစ်ပါတယ်။