သားငယ်လေးသည် မိခင်ဖြစ်သူလက်ထဲမဟုတ်၍ ဘယ်လိုမှချော့၍မရပဲ ငိုပြီးဂျီကျနေစဉ် ဖခင်ကလည်း ဥာဏ်ကောင်းစွာပဲ ဇနီးသည်ရဲ့အဝတ်အစား၊နှုတ်ခမ်းနီ၊ဆံပင်တုကိုပါဆောင်းထားပြီး မိခင်လိုပြောင်းလဲခဲ့သည်။
Rain (For Ialinks)
Unicode
မိခင်ဖြစ်သူကလွဲပြီး ဘယ်သူမှခေါ်မရသည့် သားငယ်လေးကို မိန်းကလေးလိုဝတ်စားဆင်ယင်ပြီး နို့ဘူးတိုက်နေသည့် ဉာဏ်ကောင်းသော ဖခင်
ကလေးငယ်တိုင်းသည် မိခင်နဲ့အနေများပြီး မိခင်ကိုပဲပိုတွယ်တာမိကာ တခြားဘယ်သူမှခေါ်မရပဲ.. ဂျီကျတတ်သည့်အကျင့်လေးတွေရှိရာ ကူထိန်းပေးသူများက ဒုက္ခရောက်ကြရသည်။
သို့ဖြစ်၍ တရုတ်နိုင်ငံက ဖခင်တစ်ဦးသည် ဇနီးဖြစ်သူက အပြင်ထွက်စရာရှိပြီး သားငယ်လေးကိုခေါ်သွား၍မရတာကြောင့် အိမ်မှာထားခဲ့ဖို့ဖြစ်လာချိန် သားငယ်လေးအား ဖခင်မှထိန်းပေးခဲ့ရသည်။
သားငယ်လေးသည် မိခင်ဖြစ်သူလက်ထဲမဟုတ်၍ ဘယ်လိုမှချော့၍မရပဲ ငိုပြီးဂျီကျနေစဉ် ဖခင်ကလည်း ဉာဏ်ကောင်းစွာပဲ ဇနီးသည်ရဲ့အဝတ်အစား၊နှုတ်ခမ်းနီ၊ဆံပင်တုကိုပါဆောင်းထားပြီး မိခင်လိုပြောင်းလဲခဲ့သည်။
ထိုအချိန်မှပဲ သားငယ်လေးသည် အငိုတိတ်ကာ ဖခင်ဖြစ်သူတိုက်သော နို့ဘူးလေးကို ငြိမ်ငြိမ်လေး သောက်နေ၍ ဖခင်လည်း သားငယ်ကိုလှည့်စားနိုင်ခဲ့တာကြောင့် ဝမ်းသာကျေနပ်နေခဲ့သည်။
Rain (For Ialinks)