International News

တုနှိုင်းမရတဲ့ ကမ္ဘာကျော် ဘောလုံးနတ်ဘုရားကြီး ပီလီ ကွယ်လွန် ရှာပြီ

ကမ္ဘာကျော်ဘောလုံးနတ်ဘုရားကြီး ပီလီဟာ ၂၀၂၂ ဒီဇင်ဘာ ၂၉ ရက်မှာ ကွယ်လွန်သွားပြီလို့ သိရှိရပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၈၂ အရွယ်ရှိတဲ့ ဘောလုံးနတ်ဘုရားကြီး ပီလီဟာ ဆင်းရဲတဲ့ဘဝကနေစခဲ့ရပြီး သမိုင်းမှာ လူသိအများဆုံးအားကစားသမားတဦးအဖြစ် ထွန်းတောက်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့ဖလားကို ၃ ကြိမ်ရဖူးထားတဲ့ တဦးတည်းသော ဘောလုံးကစားသမားလည်းဖြစ်ပါတယ်။

ပီလီဟာ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားကျင်းပနေစဉ်မှာပဲ ခံစားနေရတဲ့ ကင်ဆာဝေဒနာကို ဆက်လက် ကုသလို့ မရတော့တဲ့ အခြေအနေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားအပြီး နှစ်ပတ် မပြည့်ခင်မှာဘဲ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

ပီလီဟာ ၁၉၅၈၊ ၁၉၆၂ နှင့် ၁၉၇၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ဘရာဇီးအသင်း ဗိုလ်စွဲဖို့ အဓိကနေရာက ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ပီလီဟာ အမြန်နှုန်းနှင့် ခန္ဓာကိုယ် ဟန်ချက်ထိမ်းသိမ်းမှုတို့ကို ပိုင်ဆိုင်တဲ့ တုနှိုင်းမရတဲ့ ကစားသမား တစ်ဦးဖြစ်ပါတယ်။

ဘောလုံးအလိမ်အခေါက်ကျွမ်းကျင်စွာဖြင့် ညာခြေနှင့်ရော ဘယ်ခြေနှင့်ပါ အားပါပြင်းထန်သော ကန်ချက်များနဲ့ ဂိုးသွင်းနိုင်သူလည်း ဖြစ်ပါတယ်။ ဂန္ထဝင် ကစားသမားကြီး ပီလီရဲ့ ကစားသမားဘဝ သက်တမ်းတလျှောက်မှာ ပွဲပေါင်း (၁၃၆၃)ပွဲ ကစားခဲ့ပြီး ဂိုးပေါင်း (၁၂၈၁)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ တနှစ်ထဲမှာပင် ဂိုးပေါင်း (၁၃၉) ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပီလီကို ကမ္ဘာ့အနှံ့က ဘောလုံးပရိသတ်များက ချစ်ခင်နှစ်သက်ကြပြီး ကွယ်လွန်သွားတဲ့အတွက် ဝမ်းနည်းနေကြပါတယ်။ ပီလီရဲ့ မိခင်နိုင်ငံ ဖြစ်တဲ့ ဘရာဇီးအသင်းကတော့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ် အဆင့်မှာ ခရိုအေးရှားကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ကာ ပြိုင်ပွဲက ထွက်ခွာသွားခဲ့ရတာပဲ ဖြစ်ပါတယ်။ ပီလီရဲ့ နောက်ဆုံး နေဝင်ချိန်မှာ သူ့နိုင်ငံအသင်း ကမ္ဘာ့ဖလားကို ကိုင်မြှောက်သွားတာကို မတွေ့ခဲ့ရရှာပါဘူး။

zawgyi

ကမာၻေက်ာ္ေဘာလုံးနတ္ဘုရားႀကီး ပီလီဟာ ၂၀၂၂ ဒီဇင္ဘာ ၂၉ ရက္မွာ ကြယ္လြန္သြားၿပီလို႔ သိရွိရပါတယ္။ ကြယ္လြန္ခ်ိန္မွာ အသက္ ၈၂ အ႐ြယ္ရွိတဲ့ ေဘာလုံးနတ္ဘုရားႀကီး ပီလီဟာ ဆင္းရဲတဲ့ဘဝကေနစခဲ့ရၿပီး သမိုင္းမွာ လူသိအမ်ားဆုံးအားကစားသမားတဦးအျဖစ္ ထြန္းေတာက္ခဲ့တာျဖစ္ပါတယ္။ ကမာၻ႔ဖလားကို ၃ ႀကိမ္ရဖူးထားတဲ့ တဦးတည္းေသာ ေဘာလုံးကစားသမားလည္းျဖစ္ပါတယ္။

ပီလီဟာ ၂၀၂၂ ခုႏွစ္ ကမာၻ႔ဖလားက်င္းပေနစဥ္မွာပဲ ခံစားေနရတဲ့ ကင္ဆာေဝဒနာကို ဆက္လက္ ကုသလို႔ မရေတာ့တဲ့ အေျခအေနနဲ႔ ႀကဳံေတြ႕ခဲ့ရပါတယ္။ ၂၀၂၂ ကမာၻ႔ဖလားအၿပီး ႏွစ္ပတ္ မျပည့္ခင္မွာဘဲ ကြယ္လြန္သြားခဲ့တာ ျဖစ္ပါတယ္။

ပီလီဟာ ၁၉၅၈၊ ၁၉၆၂ ႏွင့္ ၁၉၇၀ ကမာၻ႔ဖလားၿပိဳင္ပြဲေတြမွာ ဘရာဇီးအသင္း ဗိုလ္စြဲဖို႔ အဓိကေနရာက ပါဝင္ခဲ့တာ ျဖစ္ပါတယ္။ ပီလီဟာ အျမန္ႏႈန္းႏွင့္ ခႏၶာကိုယ္ ဟန္ခ်က္ထိမ္းသိမ္းမႈတို႔ကို ပိုင္ဆိုင္တဲ့ တုႏႈိင္းမရတဲ့ ကစားသမား တစ္ဦးျဖစ္ပါတယ္။

ေဘာလုံးအလိမ္အေခါက္ကြၽမ္းက်င္စြာျဖင့္ ညာေျခႏွင့္ေရာ ဘယ္ေျခႏွင့္ပါ အားပါျပင္းထန္ေသာ ကန္ခ်က္မ်ားနဲ႔ ဂိုးသြင္းႏိုင္သူလည္း ျဖစ္ပါတယ္။ ဂႏၴဝင္ ကစားသမားႀကီး ပီလီရဲ႕ ကစားသမားဘဝ သက္တမ္းတေလွ်ာက္မွာ ပြဲေပါင္း (၁၃၆၃)ပြဲ ကစားခဲ့ၿပီး ဂိုးေပါင္း (၁၂၈၁)ဂိုး သြင္းယူႏိုင္ခဲ့ပါတယ္။ တႏွစ္ထဲမွာပင္ ဂိုးေပါင္း (၁၃၉) ဂိုး သြင္းယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ပီလီကို ကမာၻ႔အႏွံ႔က ေဘာလုံးပရိသတ္မ်ားက ခ်စ္ခင္ႏွစ္သက္ၾကၿပီး ကြယ္လြန္သြားတဲ့အတြက္ ဝမ္းနည္းေနၾကပါတယ္။ ပီလီရဲ႕ မိခင္ႏိုင္ငံ ျဖစ္တဲ့ ဘရာဇီးအသင္းကေတာ့ ၂၀၂၂ ခုႏွစ္ ကမာၻ႔ဖလားၿပိဳင္ပြဲ ကြာတားဖိုင္နယ္ အဆင့္မွာ ခ႐ိုေအးရွားကို ပင္နယ္တီ အဆုံးအျဖတ္နဲ႔ ရႈံးနိမ့္ကာ ၿပိဳင္ပြဲက ထြက္ခြာသြားခဲ့ရတာပဲ ျဖစ္ပါတယ္။ ပီလီရဲ႕ ေနာက္ဆုံး ေနဝင္ခ်ိန္မွာ သူ႔ႏိုင္ငံအသင္း ကမာၻ႔ဖလားကို ကိုင္ေျမႇာက္သြားတာကို မေတြ႕ခဲ့ရရွာပါဘူး။