International News

၁၆ ပေါင် တူနဲ့ ကျောက်တောင်ဖြိုကာ ကျေးရွာချင်းဆက်လမ်းကို ၁၀ နှစ်ကျော်ကြ…

၁၆ ပေါင် အလေးချိန်ရှိတဲ့တူနဲ့ ကျောက်တောင်ဖြိုကာ ကျေးရွာချင်းဆက်လမ်းကို ၁၀ နှစ်ကျော်ကြာ တစ်ကိုယ်တော် ဖောက်လုပ်

နေဆဲ ရခိုင်ပြည်နယ်က အံ့ဩဖွယ် အသက် ၇၇ နှစ်အရွယ် ဦးမောင်သာနီ…

အသက် ၇၇ နှစ်အရွယ် ဦးမောင်သာနီဟာ ရခိုင်ပြည်၊ ပေါက်တောမြို့နယ်ထဲက အနောက်ဖရုံကာကျွန်းရဲ့ အစွန်အဖျားပိုင်းမှာ

တည်ရှိတဲ့ ကုလားသိမ်ကျေးရွာမှာ နေထိုင်တာဖြစ်ပါတယ်။

ကုလားသိမ်ကျေးရွာမှာ ဆေးရုံ၊ ဆေးခန်း မရှိသလို ဆက်သွယ်ရေးအတွက် ဖုန်းလိုင်းလည်း မမိပါဘူး။

လမ်းပန်းဆက်သွယ်ရေးကတော့ ကုလားသိမ်ကျေးရွာမှာ နေထိုင်သူတွေ အစဉ်အဆက်ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတစ်ခု၊ စိန်ခေါ်မှုတစ်ခုလို့ ဆိုရမှာပါ။

ဒါကြောင့် လူအများ သွားလာရလွယ်ကူစေဖို့အတွက် ကုလားသိမ်နဲ့ စိုးမဲကျီ ရွာချင်းဆက်လမ်းကို ဦးမောင်သာနီက တစ်ကိုယ်တော် ဖောက်လုပ်နေပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်လောက်ကနေ ဒီလမ်းကို စတင်ဖောက်လုပ်ခဲ့တာဟာ အခုဆိုရင် နှစ်ပေါင်း ၁၀ ကျော် ကြာမြင့်ခဲ့ပြီလည်းဖြစ်ပါတယ်။

“ကိုယ့်ခွန်အားနဲ့စိုက်ထုတ်ပြီးရင် လူတကာအတွက်၊ ရဟန်းပုဂ္ဂိုလ်တွေအတွက် သာမကဘဲ ကျွဲ၊ နွားတိရိစ္ဆာန်တွေကအစ ဆူးညှောင့်ခလုတ် မထိရစေအောင် စေတနာနဲ့ လမ်းဖောက်လုပ်နေတာဖြစ်ပါတယ်” ဟု ဦးမောင်သာနီက လမ်းဖောက်လုပ်နေတဲ့အကြောင်း ပြောပြပါတယ်။

ဦးမောင်သာနီ ဖောက်လုပ်နေတဲ့ ကုလားသိမ်ကျေးရွာနဲ့ စိုးမဲကျီကျေးရွာချင်းဆက်လမ်းမှာ သွားလာရ အခက်အခဲဆုံးဟာ

မတ်စောက်နေတဲ့ ကျောက်တောင်ကြီးတစ်တောင်ရှိနေတာ ဖြစ်ပါတယ်။

အဲဒီကျောက်တောင်အထိ လမ်းဖောက်လုပ်ဖို့ ဦးမောင်သာနီက ရည်မှန်းထားပြီးတော့ နောက်တချိန်မှာ စိုးမဲကျီရွာကို လွယ်ကူစွာနဲ့ သွားလာနိုင်မယ်လို့ ဦးမောင်သာနီက မျှော်မှန်းထားပါတယ်။

“ဒီတောင်လေးတစ်လုံးကို လမ်းဖောက်လို့ ရလိုက်တာနဲ့ တစ်ဖက်မှာကျတော့ မလိုတော့ပါဘူး။တစ်ဖက်မှာက လယ်ကွင်းတွေပဲ ရှိပါတော့တယ်။ ဆိုးတာက ဒီတောင်တစ်လုံးပါ” ဟု ၎င်းကဆိုသည်။

ဦးမောင်သာနီ ခွန်အားစိုက်ထုတ်ပြီး ၁၀ နှစ်ကျော်ကြာ ဖောက်လုပ်ခဲ့တဲ့လမ်းဟာ အခုဆိုရင် တောင်နှစ်တောင် ရှိတဲ့အထဲက ကုလားသိမ်ကျေးရွာဘက်အခြမ်းက တစ်တောင်ကို ဖောက်လုပ်ပြီးစီးထားပြီးဖြစ်ပါတယ်။

ဇွဲလုံ့လတို့ အားကောင်းခဲ့တဲ့ ဦးမောင်သာနီဟာ အသက်အရွယ်က စကားပြောလာတာကြောင့် လက်ရှိမှာ ကျန်းမာရေးလည်း ချူခြာစ ပြုလာနေပြီဖြစ်ပါတယ်။

လက်ရှိမှာ တစ်ပိုင်းတစ်စသာပြည့်ဝသေးတဲ့ လမ်းဖောက်လုပ်မဲ့ရည်မှန်းချက်ကို အားမတန်မာန်လျော့ရတော့မယ့် အခြေအနေနဲ့ ဦးမောင်သာနီ ရင်ဆိုင်နေရပေမယ့် သူ့ရဲ့နှလုံးအိမ်ထဲမှာတော့ လမ်းဖောက်လုပ်မဲ့ရည်မှန်းချက်ဟာ ကိန်းအောင်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ ။

crd

zawgyi

၁၆ ေပါင္ အေလးခ်ိန္ရွိတဲ့တူနဲ႔ ေက်ာက္ေတာင္ၿဖိဳကာ ေက်း႐ြာခ်င္းဆက္လမ္းကို ၁၀ ႏွစ္ေက်ာ္ၾကာ တစ္ကိုယ္ေတာ္ ေဖာက္လုပ္ေနဆဲ ရခိုင္ျပည္နယ္က အံ့ဩဖြယ္ အသက္ ၇၇ ႏွစ္အ႐ြယ္ ဦးေမာင္သာနီ…

အသက္ ၇၇ ႏွစ္အ႐ြယ္ ဦးေမာင္သာနီဟာ ရခိုင္ျပည္၊ ေပါက္ေတာၿမိဳ႕နယ္ထဲက အေနာက္ဖ႐ုံကာကြၽန္းရဲ႕ အစြန္အဖ်ားပိုင္းမွာတည္ရွိတဲ့ ကုလားသိမ္ေက်း႐ြာမွာ ေနထိုင္တာျဖစ္ပါတယ္။

ကုလားသိမ္ေက်း႐ြာမွာ ေဆး႐ုံ၊ ေဆးခန္း မရွိသလို ဆက္သြယ္ေရးအတြက္ ဖုန္းလိုင္းလည္း မမိပါဘူး။

လမ္းပန္းဆက္သြယ္ေရးကေတာ့ ကုလားသိမ္ေက်း႐ြာမွာ ေနထိုင္သူေတြ အစဥ္အဆက္ႀကဳံေတြ႕ခဲ့ရတဲ့ အခက္အခဲတစ္ခု၊ စိန္ေခၚမႈတစ္ခုလို႔ ဆိုရမွာပါ။

ဒါေၾကာင့္ လူအမ်ား သြားလာရလြယ္ကူေစဖို႔အတြက္ ကုလားသိမ္နဲ႔ စိုးမဲက်ီ ႐ြာခ်င္းဆက္လမ္းကို ဦးေမာင္သာနီက တစ္ကိုယ္ေတာ္ ေဖာက္လုပ္ေနပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၂ ခုႏွစ္ေလာက္ကေန ဒီလမ္းကို စတင္ေဖာက္လုပ္ခဲ့တာဟာ အခုဆိုရင္ ႏွစ္ေပါင္း ၁၀ ေက်ာ္ ၾကာျမင့္ခဲ့ၿပီလည္းျဖစ္ပါတယ္။

“ကိုယ့္ခြန္အားနဲ႔စိုက္ထုတ္ၿပီးရင္ လူတကာအတြက္၊ ရဟန္းပုဂၢိဳလ္ေတြအတြက္ သာမကဘဲ ကြၽဲ၊ ႏြားတိရိစာၦန္ေတြကအစ ဆူးေညႇာင့္ခလုတ္ မထိရေစေအာင္ ေစတနာနဲ႔ လမ္းေဖာက္လုပ္ေနတာျဖစ္ပါတယ္” ဟု ဦးေမာင္သာနီက လမ္းေဖာက္လုပ္ေနတဲ့အေၾကာင္း ေျပာျပပါတယ္။

ဦးေမာင္သာနီ ေဖာက္လုပ္ေနတဲ့ ကုလားသိမ္ေက်း႐ြာနဲ႔ စိုးမဲက်ီေက်း႐ြာခ်င္းဆက္လမ္းမွာ သြားလာရ အခက္အခဲဆုံးဟာ မတ္ေစာက္ေနတဲ့ ေက်ာက္ေတာင္ႀကီးတစ္ေတာင္ရွိေနတာ ျဖစ္ပါတယ္။

အဲဒီေက်ာက္ေတာင္အထိ လမ္းေဖာက္လုပ္ဖို႔ ဦးေမာင္သာနီက ရည္မွန္းထားၿပီးေတာ့ ေနာက္တခ်ိန္မွာ စိုးမဲက်ီ႐ြာကို လြယ္ကူစြာနဲ႔ သြားလာႏိုင္မယ္လို႔ ဦးေမာင္သာနီက ေမွ်ာ္မွန္းထားပါတယ္။

“ဒီေတာင္ေလးတစ္လုံးကို လမ္းေဖာက္လို႔ ရလိုက္တာနဲ႔ တစ္ဖက္မွာက်ေတာ့ မလိုေတာ့ပါဘူး။တစ္ဖက္မွာက လယ္ကြင္းေတြပဲ ရွိပါေတာ့တယ္။ ဆိုးတာက ဒီေတာင္တစ္လုံးပါ” ဟု ၎ကဆိုသည္။

ဦးေမာင္သာနီ ခြန္အားစိုက္ထုတ္ၿပီး ၁၀ ႏွစ္ေက်ာ္ၾကာ ေဖာက္လုပ္ခဲ့တဲ့လမ္းဟာ အခုဆိုရင္ ေတာင္ႏွစ္ေတာင္ ရွိတဲ့အထဲက ကုလားသိမ္ေက်း႐ြာဘက္အျခမ္းက တစ္ေတာင္ကို ေဖာက္လုပ္ၿပီးစီးထားၿပီးျဖစ္ပါတယ္။

ဇြဲလုံ႔လတို႔ အားေကာင္းခဲ့တဲ့ ဦးေမာင္သာနီဟာ အသက္အ႐ြယ္က စကားေျပာလာတာေၾကာင့္ လက္ရွိမွာ က်န္းမာေရးလည္း ခ်ဴျခာစ ျပဳလာေနၿပီျဖစ္ပါတယ္။

လက္ရွိမွာ တစ္ပိုင္းတစ္စသာျပည့္ဝေသးတဲ့ လမ္းေဖာက္လုပ္မဲ့ရည္မွန္းခ်က္ကို အားမတန္မာန္ေလ်ာ့ရေတာ့မယ့္ အေျခအေနနဲ႔ ဦးေမာင္သာနီ ရင္ဆိုင္ေနရေပမယ့္ သူ႔ရဲ႕ႏွလုံးအိမ္ထဲမွာေတာ့ လမ္းေဖာက္လုပ္မဲ့ရည္မွန္းခ်က္ဟာ ကိန္းေအာင္ေနဆဲျဖစ္တယ္လို႔ ဆိုပါတယ္။ ။

crd