ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ 6 ရက္ေန႔မွာ ျဖစ္ပြားခဲ့တဲ့ အင္အားႀကီး ငလ်င္ေၾကာင့္ တူရကီေတာင္ပိုင္း နဲ႔
ဆီးရီးယားေျမာက္ပိုင္းက ျပည္သူေတြ ေထာင္နဲ႔ခ်ီၿပီး ေသဆုံးခဲ့ၾကတဲ့အျပင္ အခုခ်ိန္ထိ ကယ္ဆယ္ေရးလုပ္ငန္းေတြဆက္ၿပီး ျပဳလုပ္ေနဆဲပါ ။
Mohamad Safa အမည္ရွိတဲ့ account မွာ ေဝမွ်ထားခ်က္အရ ‘ကယ္ဆယ္ေရးသမားေတြ ေမာင္ႏွမႏွစ္ေယာက္ကို ေတြ႕ရွိခဲ့ခ်ိန္မွာ
7 ႏွစ္အ႐ြယ္ မိန္းကေလးက သူ႔ရဲ႕ေမာင္ေလးေခါင္းကို လက္နဲ႔ 17 နာရီၾကာေအာင္ ကာကြယ္ေပးထားခဲ့တယ္ ၊
ကံေကာင္းစြာနဲ႔ ႏွစ္ေယာက္လုံး လုံၿခဳံစြာ ကယ္ထုတ္ေပးႏိုင္ခဲ့ပါတယ္ ‘ ဆိုၿပီးေရးသားထားခဲ့ပါတယ္ ။
ပိုၿပီး စိတ္ထိခိုက္ခံစားမိေစခဲ့တာကေတာ့ ကေလးမဟာ ကယ္ဆယ္ေရးအဖြဲ႕ကိုျမင္ၿပီး ‘ ေက်းဇူးျပဳၿပီး ေမာင္ေလးကို ဒီကေန ေခၚထုတ္ေပးပါ ၊
က်သင့္ေငြေတြ အကုန္ေပးပါ့မယ္လို႔ ကတိေပးပါတယ္ ‘ ဆိုၿပီး ယဥ္ေက်းစြာ ေျပာဆိုေနခဲ့တာပါ ။ 17 နာရီၾကာ ပိတ္မိခဲ့ၿပီး အစာမစားရ ၊
ေရမေသာက္ရေပမဲ့လည္း ႐ိုးက်ိဳးၿပီး ယဥ္ေက်းစြာ ကယ္ဆယ္ေရးသမားေတြကို စကားေျပာဆိုေနခဲ့တာပါ ။
လူႀကီးေတြအေနနဲ႔ အခ်ိန္အေတာ္ၾကာ မလႈပ္ရွားဘဲ ေနေနရရင္ ေတာင္ခက္ခဲတဲ့အေျခအေနႀကီးမွာ ကေလးမတစ္ေယာက္က အခုလို ေမာင္ေလးကို ရွိတဲ့အားနဲ႔ အစြမ္းကုန္ ကာကြယ္ေပးခဲ့တာပါ ။
ကေလးငယ္ႏွစ္ေယာက္လုံးက မငိုေႂကြးခဲ့ဘဲ လူႀကီးေတြ လာေရာက္ကယ္ထုတ္ေပးမဲ့အခ်ိန္ကို ေစာင့္ေနခဲ့ၾကတာပါ ၊
သူတို႔ရဲ႕ သန္မာစြာျဖတ္သန္းခဲ့တာကို ၾကည့္႐ုံနဲ႔ တကယ့္ကို ျဖဴစင္လြန္းတဲ့ little angels ေလးေတြပါပဲ ။
သူတို႔ကို ကယ္ဆယ္ေပးၿပီးေနာက္ ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ၾကၿပီး စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ၿပီးေနာက္
ကံေကာင္းစြာႏွစ္ေယာက္လုံး က်န္းမာေရးအေျခအေန တည္ၿငိမ္ေကာင္းမြန္ေၾကာင္း သိရွိရပါတယ္ ။
unicode
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ 6 ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ အင်အားကြီး ငလျင်ကြောင့် တူရကီတောင်ပိုင်း နဲ့
ဆီးရီးယားမြောက်ပိုင်းက ပြည်သူတွေ ထောင်နဲ့ချီပြီး သေဆုံးခဲ့ကြတဲ့အပြင် အခုချိန်ထိ ကယ်ဆယ်ရေးလုပ်ငန်းတွေဆက်ပြီး ပြုလုပ်နေဆဲပါ ။
Mohamad Safa အမည်ရှိတဲ့ account မှာ ဝေမျှထားချက်အရ ‘ကယ်ဆယ်ရေးသမားတွေ မောင်နှမနှစ်ယောက်ကို တွေ့ရှိခဲ့ချိန်မှာ
7 နှစ်အရွယ် မိန်းကလေးက သူ့ရဲ့မောင်လေးခေါင်းကို လက်နဲ့ 17 နာရီကြာအောင် ကာကွယ်ပေးထားခဲ့တယ် ၊
ကံကောင်းစွာနဲ့ နှစ်ယောက်လုံး လုံခြုံစွာ ကယ်ထုတ်ပေးနိုင်ခဲ့ပါတယ် ‘ ဆိုပြီးရေးသားထားခဲ့ပါတယ် ။
ပိုပြီး စိတ်ထိခိုက်ခံစားမိစေခဲ့တာကတော့ ကလေးမဟာ ကယ်ဆယ်ရေးအဖွဲ့ကိုမြင်ပြီး ‘ ကျေးဇူးပြုပြီး မောင်လေးကို ဒီကနေ ခေါ်ထုတ်ပေးပါ ၊
ကျသင့်ငွေတွေ အကုန်ပေးပါ့မယ်လို့ ကတိပေးပါတယ် ‘ ဆိုပြီး ယဉ်ကျေးစွာ ပြောဆိုနေခဲ့တာပါ ။ 17 နာရီကြာ ပိတ်မိခဲ့ပြီး အစာမစားရ ၊
ရေမသောက်ရပေမဲ့လည်း ရိုးကျိုးပြီး ယဉ်ကျေးစွာ ကယ်ဆယ်ရေးသမားတွေကို စကားပြောဆိုနေခဲ့တာပါ ။
လူကြီးတွေအနေနဲ့ အချိန်အတော်ကြာ မလှုပ်ရှားဘဲ နေနေရရင် တောင်ခက်ခဲတဲ့အခြေအနေကြီးမှာ ကလေးမတစ်ယောက်က အခုလို မောင်လေးကို ရှိတဲ့အားနဲ့ အစွမ်းကုန် ကာကွယ်ပေးခဲ့တာပါ ။
ကလေးငယ်နှစ်ယောက်လုံးက မငိုကြွေးခဲ့ဘဲ လူကြီးတွေ လာရောက်ကယ်ထုတ်ပေးမဲ့အချိန်ကို စောင့်နေခဲ့ကြတာပါ ၊
သူတို့ရဲ့ သန်မာစွာဖြတ်သန်းခဲ့တာကို ကြည့်ရုံနဲ့ တကယ့်ကို ဖြူစင်လွန်းတဲ့ little angels လေးတွေပါပဲ ။
သူတို့ကို ကယ်ဆယ်ပေးပြီးနောက် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြပြီး စစ်ဆေးမှုများပြုလုပ်ခဲ့ပြီးနောက်
ကံကောင်းစွာနှစ်ယောက်လုံး ကျန်းမာရေးအခြေအနေ တည်ငြိမ်ကောင်းမွန်ကြောင်း သိရှိရပါတယ် ။