ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသား အလုပ်လုပ်ကိုင်နေသူ မြန်မာနိုင်ငံသား ကရင်တိုင်းရင်းသား တစ်ဦးက ဘတ် ၆ သန်းဆု ထိုင်းထီပေါက်
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအမျိုးသား ကရင်တိုင်းရင်းသား တစ်ဦးဟာ
ထိုင်းထီ ဘတ် ၆ သန်း ဆွတ်ခူးသွားတယ်လို့ သိခဲ့ရပါတယ်
ထိုင်းနိုင်ငံ ကန်ချနဘူရီ ပြည်နယ်ရှိ ရေခဲဆိုင်တွင် ဆယ်စုနှစ်တစ်ခုကျော် အလုပ်လုပ်ကိုင်နေသည့်
မြန်မာနိုင်ငံသား ကရင်တိုင်းရင်းသားတစ်ဦးသည် ဇူလိုင်လ ၃၁ ရက်နေ့က ဖွင့်လှစ်သော
ထိုင်းထီအမြင့်ဆုံးဆုဖြစ်သည့် ဘတ်ခြောက်သန်းဆု (ပထမဆု) ကံထူးသွားတယ်လို့ ထိုင်းမီဒီယာများတွင် ဖော်ပြထားတာ ဖြစ်ပါတယ်။
ထိုင်းတီဆုကြီး ကံထူးရှင် မြန်မာလုပ်သားသည် ပန်းရောင်ဘတ်ကဒ် ကိုင်ဆောင်ထားသော အသက်(၃၆) နှစ်ရှိသူ ဖိုးထူး ဖြစ်ကြောင်း သိရပါသည်။
ကံထူးရှင် ဖိုးထူးသည် စံခလဘူရီမြို့နယ်ရှိ ကျရုန်ချိုင် ရေခဲဆိုင်တွင် ၁၅ နှစ်ကြာ လုပ်ကိုင်နေသူ တစ်ဦးဖြစ်သည်။
၎င်း ထီပေါက်နံပါတ်မှာ 260453 ဖြစ်သည်ဟု သိရပြီးနောက် ထီဆုကြီးပေါက်ကြောင်း သိရပြီး
စံခလဘူရီမြို့နယ်ရဲစခန်းသို့ သွားရောက်ပြီး ရဲနေ့စဥ◌်မှတ်တမ်းတွင် အကြောင်းကြား အသိပေး အကူအညီတောင်းခဲ့သည်ဟု သိရပါသည်။
Source Ygn Times