ဝိတ်ချနေတဲ့ လူတော်တော်များများ မသုံးဘူးတဲ့ လူမရှိသလောက်ရှားတာကတော့ ပိန်ဆေး နဲ့ အဆီကျဆေးတွေပါ ။
ကျွမ်းကျင်တဲ့ဆရာဝန်တွေ ဒါမှမဟုတ် အာဟာရပညာရှင်တွေနဲ့ တိုင်ပင်ပြီး.. သောက်သုံးတာမျိုးမဟုတ်ဘဲ လူမှုကွန်ယက် Social Media တွေမှာ ညွန်းထားရင်သောက်လိုက်တယ်။
သူငယ်ချင်းကဒါကောင်းတယ် အဆီကျတယ်ဆိုရင် သောက်လိုက်ကြတဲ့ လူတွေလဲအများကြီးရှိမှာပါ။
ဒါပေမဲ့ ဒီအဆီကျပိန်ဆေးတွေက ရတဲ့ Side effect တွေ ခန္ဓာကိုယ်အတွင်းပိုင်းပျက်စီးလာမှုတွေတခြားရောဂါတွေဝင်လာတယ်။ ပိန်သွားတာမဟုတ်ဘဲ ဆိုးကျိုးတွေဘဲ ရလာပြီး နောက်ဆုံးမှာ နောင်တနဲ့ဘဲအဆုံးသတ်ရပါတယ်။
ဒါကြောင့် ဒီနေ့မှာ အားလုံးကို Dietary Supplement ဖြည့်စွက်စာ တမျိုး ကခန္ဓာကိုယ်ကို ဘေးထွက်ဆိုးကျိုးတွေမဖြစ်စေဘဲ ကိုယ်ဖြစ်ချင်တဲ့ အဆီလောင်ကျွမ်းခြင်းမှာ အထောက်အကူပြုတဲ့ဆေးတမျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
အဲဒါကတော့ တော်တော်များများသိကြတယ်၊ သောက်လဲသောက်ကြတယ်၊ ဒါပေမယ့်သူ့ရဲ့အကျိုးအာနိသင်တွေကိုသေချာမသိကြတဲ့ ငါးကြီးဆီ လို့ခေါ်ကြတဲ့ Omega-3 Fatty Acid ပါ။
ဒီ Omega-3 Fat တွေကကျွန်တော်တို့ကျန်းမာရေးအတွက် အရေးကြီးပြီးကောင်းတဲ့အဆီတွေပါ။
အဓိကအနေနဲ့ Omega-3 Fat ကို
– Essential Fatty Acid ဖြစ်တဲ့ALA လို့ခေါ်တဲ့Alpha-linolenic acid ကိုတော့ ပဲပုတ်ဆီ၊ Chia Seeds, Walnuts နဲ့ Flaxseed တွေမှာတွေ့ရပါတယ်။
– Long-Chain Omega 3 Fatty Acid တွေဖြစ်တဲ့ Eicosapentaenoic acid EPA နဲ့ Docosahexaenoic acid DHA တွေကိုဘယ်မှာတွေ့ရလဲဆိုတော့ အဆီများတဲ့ Salmon ငါးတွေ ရေညှိတွေမှာတွေ့ရပါတယ်။
ဒီမှာတော့ EPA နဲ့ DHA ပါတဲ့ အစားအစာတွေကိုသူ့ရဲ့ နေ့စဉ်လိုအပ်တဲ့ ပမာဏကိုစားသောက်ဖို့အခက်အခဲရှိတာကြောင့် ဖြည့်စွက်စာအနေနဲ့ ဆေးတောင့်တွေပုံစံနဲ့ သောက်သုံးကြတာပါ။
ဒီ Omega-3 fatty acid က ခန္ဓာကိုယ်အတွက် ဘယ်လိုအကျိုးကျေးဇူး တွေရှိသလဲ ??
အဆီလောင်ကျွမ်းမှုကိုအားပေးတယ် ။
ပထမဆုံး ငါးကြီးဆီ ကခန္ဓာကိုယ်ဝိတ်ချနေသူတွေအတွက်ကောင်းတာတွေက
– ဆာလောင်မှုနဲ့အစားစားချင်စိတ်ကို ထိန်းချုပ်ပေးတယ် ။
– Metabolism ကိုတက်စေတဲ့အတွက် အဆီစုတာကိုလျော့စေတယ်။
– ကိုယ်က Omega3 ကိုသောက်ထားတယ် ဆိုရင် သူက Fat Burning Process အဆီလောင်ကျွမ်းမှုကို ပိုပြီး အားကောင်းစေပါတယ်။ကြွက်သားရောင်ရမ်းတာကိုသက်သာစေတယ်။
အားကစားလုပ်တဲ့ လူတော်တော်များများမှာ ကစားပြီးသွားရင် အကြောအချဉ် တွေ နာတာမျိုး ကြွက်သားယောင်ရမ်းတာမျိုးတွေဖြစ်တတ်ပါတယ်။
ဒီ Omega 3 မှာ ပါတဲ့ EPA နဲ့ DHA က DOMS လို့ခေါ်တဲ့ ကစားပြီးနောက်ရက်တွေမှာ ဖြစ်တတ်တဲ့ Delay Onset Muscle Soreness တွေကိုသက်သာစေတယ်။
အမျိုးသမီးတွေ ရာသီလာချိန်မှာဖြစ်တတ်တဲ့နာကျင်မှုတွေကိုသက်သာစေတယ်။
ပြီးတော့ Speed Recovery ခန္ဓာကိုယ်ကမြန်မြန်ပြန်သက်သာစေတယ်..။
ကြွက်သားကြီးထွားမှုကိုအားပေးတယ်။
အလေးမတဲ့လူတွေအတွက် ကြွက်သားတွေကိုပိုပြီးကြီးထွားလာဖို့အတွက် အများကြီး ထောက်ပံ့ပေးပါတယ်။ Omega3 ဟာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ Protein Synthesis လို့ခေါ်တဲ့.. ကိုယ်စားလိုက်တဲ့ အသားဓာတ်တွေကို ကြွက်သားတွေတည်ဆောက်နေတာမျိုး ပိုပြီးသန်မာအောင် လုပ်နေတဲ့ ဟာမျိုးတွေမှာလဲ အထောက်အကူဖြစ်ပါတယ်။
နှလုံးရဲ့လုပ်ဆောင်မှုတွေကိုတိုးတက်စေတယ်..။
ငါးကြီးဆီဟာ ကျွန်တော်တို့နှလုံးရဲ့လှုပ်ရှားမှုတွေကို ပိုပြီးတိုးတက်အောင်ကူညီပေးတယ်။ ပုံမှန်နှလုံးခုန်တဲ့ Resting Heart Rate ကိုလဲ ကျစေတယ်။
လေ့ကျင့်ခန်းလုပ်နေချိန်မှာခန္ဓာကိုယ်ထဲမှာ လောင်ကျွမ်းဖို့ အကူညီပေးတဲ့ အောက်ဆီဂျင်ကိုလဲ သူက ပိုပြီး တက်စေတယ်။
ဒါကြောင့် Omega-3 fatty acid က နှလုံးရဲ့ လုပ်ဆောင်ချက်တွေကို ပိုပြီး ကောင်းလာစေပါတယ်။
ဒါကြောင့် Heart Attack နဲ့သွေးတိုးရောဂါတွေကိုလဲသက်သာစေပါတယ်။
ကျွန်တော်တို့အားကစားလုပ်နေတဲ့သူတွေမှာ အဓိက ကိုယ့်ရဲ့ Performace လုပ်ဆောင်မှု , Endurance ခံနိုင်ရည်ကို တိုးတက်စေတယ်။ နောက်တခုက တုန့်ပြန်မှု Reaction time ကိုတိုးတက်စေတယ်။ ဥပမာ ဘောလုံးကန်ရင် ဘယ်ကိုသွားရမလဲ ဘယ်သူ့ကိုပေးရမလဲ ဆိုတဲ့ ဖြတ်ထိုးဉာဏ်ကိုတိုးတက်စေပါတယ်။
ဒါဆိုရင် ငါးကြီးဆီ Omega-3 fatty acid ရဲ့ ကောင်းကျိုးတွေသိသွားဆိုတော့ အဓိက ကျွန်တော်တို့ပြောချင်တဲ့ ခန္ဓာကိုယ်အဆီကိုလောင်ကျွမ်းဖို့ ဘယ်လိုသောက်သုံးသင့်လဲ ဆိုတာပါ။
ငါးကြီးဆီကို အားကစားမလုပ်ခင် နှစ်နာရီအလိုမှာ 1000-2000mg သောက်ပြီး ကစားမယ်ဆိုရင်တော့ အဆီလောက်ကျွမ်းမှုနှုန်းကိုပိုပြီး မြင့်မားစေတဲ့အပြင် အားကစားလုပ်ဆောင်မှုစွမ်းရည်ကိုတက်စေပါတယ်။
ဆေးတောင့် Capsule အနေနဲ့ ကြည့်မယ်ဆိုရင် 1 Cupsule မှာ 1000 mg ပါတဲ့ဆေးတောင့် ၁တောင့်ကနေ ၂တောင့်လောက်ထိသောက်လို့ရပါတယ်။
ဒါပေမယ့်ငါးကြီးဆီ ဒီတိုင်းသောက်ပြီး ထိုင်နေမယ်ဆိုရင်တော့ ခန္ဓာကိုယ်ထဲကအဆီတွေကို လောင်ကျွမ်းစေမှာမဟုတ်ပါဘူးဗျာ။
လေ့လာတွေ့ရှိချက်တွေအရ ဆေးကြီးဘဲသောက်တဲ့လူနဲ့ ဆေးသောက်ပြီးအားကစားကိုပါတွဲလုပ်တဲ့လူနှစ်ယောက် ကိုယှဉ်ကြည့်တဲ့အခါ ဆေးကြီးဘဲသောက်တဲ့လူကတော့ ခန္ဓာကိုယ် Body Fat % ကျတာမတွေ့ရဘဲ လေ့ကျင့်ခန်းပါတွဲလုပ်တဲ့လူ ကတော့ Body fat အဆီတွေကို ပိုကျတယ်။ Lean Muscle လို့ခေါ်တဲ့ ကျွန်တော်တို့လိုချင်တဲ့ ကြွက်သားအမျှင်သေးလေးတွေပိုပြီးသန်မာလာတာကိုတွေ့ရပါတယ်။
ဒါကြောင့် လေ့ကျင့်ခန်းနဲ့အတူတွဲလုပ်မှအကျိုးရှိမှာပါ။
Omega-3 fatty acid က သောက်သုံးသင့်တဲ့ ပမာဏထက်တော့ပိုပြီး မသောက်သုံးသင့်ပါဘူးဗျာ..။
အမေရိကန် FDA ကတော့ လူတယောက်မှာ တရက်ကို Omega 3 Fatty Acid ကို အများဆုံး 3000 mg ထိ ဘဲသောက်ဖို့အကြံပေးထားပါတယ်။
တကယ်လို့ ကိုယ်က အရမ်းဝိတ်ချချင်တယ်ဆိုပြီး အများကြီး ပိုသောက်လို့မရပါဘူး။ အများကြီး ပိုသောက်မိမယ်ဆိုရင်တော့ အရာရာတိုင်းမှာ တန်ဆေးလွန်ဘေးလို့ပြောကြတဲ့အတိုင်း ဘေးထွက်ဆိုးကျိုးတွေဖြစ်တတ်ပါတယ်။
အထူးသဖြင့် Blood-thinning Medicine ( သွေးကြဲဆေး) သောက်နေသူတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ နဲ့ ကလေးတွေ သောက်မယ်ဆိုရင် ၊ ပြီးတော့အသေးစိတ်သိချင်ရင်တော့ ကျွမ်းကျင်တဲ့ဆရာဝန်နဲ့အရင်တိုင်ပင်သင့်ပါတယ်။
ပြီးတော့ ဝယ်တဲ့အခါမှာလည်း ငါးကြီးဆီမှာ EPA နဲ့ DHA ပါဝင်မှုအနဲဆုံး ၃၀% ပါတာကိုရွေးချယ်သင့်ပါတယ်။
ဒီနေ့မှာ အဆီကျဆေး ပိန်ဆေးတွေထက် ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုအကျိုးပြုပြီး အဆီတွေကိုလောင်ကျွမ်းစေတဲ့ Omega-3 fatty acidငါးကြီးဆီအကြောင်းလေးကိုပိုပြီး သိသွားပြီလို့ထင်ပါတယ်။
#crd