“ကျွန်တော်ပျောက်နေသော ၁၅ ကျပ်တန်”၊ ၁၉၈၆ ခုနှစ်မှာ ၁၅ ကျပ်တန်၊ ၃၅ ကျပ်တန်နှင့် ၇၅ ကျပ်တန်များကို ဗိုလ်ချုပ်အောင်ဆန်းပုံ အသုံးပြုကာ
ထုတ်ဝေခဲ့သော်လည်း ၄၅ ကျပ်တန်နှင့် ၉၀ ကျပ်တန်များကို သခင်ဖိုးလှကြီးနှင့် ဆရာစံတို့၏ ပုံများကို အသုံးပြုထုတ်ဝေခဲ့တာကို တွေ့ရပါတယ်။
ဒါပေမယ့် ကျွန်တော်စိတ်ဝင်စားတာက ၁၅ ကျပ်တန်တွေကို ပြန်ရုတ်သိမ်းတာမျိုး မရှိခဲ့ပါဘူး။ ဒါ့အပြင် ဝီကီပီးဒီးယားမှာလည်း ၁၅ ကျပ်တန်ကို ထုတ်ဝေ/ရုတ်သိမ်းတဲ့
ခုနှစ်ကို ကျွန်တော်ရှာမတွေ့ပါဘူး။ ၁၅ ကျပ်တန်ရဲ့ ပုံကိုလည်း မတွေ့ရပြန်ပါဘူး။ ပိုစိတ်ဝင်စားဖို့ကောင်းတာက ၁၅ ကျပ်တန်ရဲ့ နောက်ကျောဘက်က ရုပ်တုပုံပါ။
တွေ့ဖူးသလိုတော့ရှိပေမယ့် တကယ်စဉ်းစားပုံဖော်ကြည့်မှ ၁၅ ကျပ်တန်ပုံကို မျက်စိထဲ မြင်မိရုံပါပဲ။
ကျွန်တော်တို့ငယ်ငယ်က ၁ ကျပ်တန် ၅ ကျပ်တန် ၁၀ တန် စသဖြင့် ငွေစက္ကူတွေမှာ ဗိုလ်ချုပ်ပုံတို့ ဆရာစံပုံတို့ မြင်ဖူးကြမှာပါ။ အဲဒီခေတ်က
ထုတ်တဲ့ ၁၅ ကျပ်တန်မှာ ရှေ့မှာက ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ နောက်ကျောဖက်မှာက ရုပ်တုတစ်ခုပုံပါပါတယ်။ ရုပ်တုနာမည်ကဘာလဲဆိုတာတော့ မသိပါဘူး။
ဒါပေမဲ့ အလွန်ကြာခဲ့ပြီဖြစ်တဲ့ အဲဒီ ၁၅ ကျပ်တန်ငွေစက္ကူထဲက ရှေးဟောင်းရုပ်တုဟာ အပြင်မှာတကယ်ရှိပါတယ်။
အဲဒီရုပ်တု တည်ရှိရာနေရာကတော့ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့ဟောင်းက ထန်းတပင်ကျောင်းဝင်း အတွင်းမှာ ရှိတာလို့ သိရပါတယ်။
ဒီရုပ်တုကို လေ့လာခြင်းအားဖြင့် ခေတ်ကာလအခြေအနေတွေနဲ့ တိုင်း/နိုင်ငံအကျယ်အဝန်းကို သိရှိနိုင်မှာ ဖြစ်ပြီးတော့ ခေတ်ဟောင်းမြန်မာ့သမိုင်းကိုလည်
း လေ့လာရာမှာ ဒီရုပ်တုက တစ်ထောင့်တစ်နေရာက ပါဝင်ကူညီနိုင်မယ်လို့ မူရင်းပို့စ်ပိုင်ရှင်က ဆိုထားပါတယ်။
ဒါကြောင့် အရင်တုန်းက ၁၅ ကျပ်တန်မှာပါတဲ့ ရှေးဟောင်းရုပ်တုကို အပြင်မှာလည်း မြင်ဖူးနိုင်အောင်နဲ့ ထိန်းသိမ်းစောင့်ရှောက်နိုင်အောင်
ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ ကျန်းမာ ချမ်းသာကြပါစေ။ (ရဲဝင်းထွဋ်)
Crd
Zawgyi
“ကြၽန္ေတာ္ေပ်ာက္ေနေသာ ၁၅ က်ပ္တန္”၊ ၁၉၈၆ ခုႏွစ္မွာ ၁၅ က်ပ္တန္၊ ၃၅ က်ပ္တန္ႏွင့္ ၇၅ က်ပ္တန္မ်ားကို ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံ အသုံးျပဳကာ
ထုတ္ေဝခဲ့ေသာ္လည္း ၄၅ က်ပ္တန္ႏွင့္ ၉၀ က်ပ္တန္မ်ားကို သခင္ဖိုးလွႀကီးႏွင့္ ဆရာစံတို႔၏ ပုံမ်ားကို အသုံးျပဳထုတ္ေဝခဲ့တာကို ေတြ႕ရပါတယ္။
ဒါေပမယ့္ ကြၽန္ေတာ္စိတ္ဝင္စားတာက ၁၅ က်ပ္တန္ေတြကို ျပန္႐ုတ္သိမ္းတာမ်ိဳး မရွိခဲ့ပါဘူး။ ဒါ့အျပင္ ဝီကီပီးဒီးယားမွာလည္း ၁၅ က်ပ္တန္ကို ထုတ္ေဝ/႐ုတ္သိမ္းတဲ့
ခုႏွစ္ကို ကြၽန္ေတာ္ရွာမေတြ႕ပါဘူး။ ၁၅ က်ပ္တန္ရဲ႕ ပုံကိုလည္း မေတြ႕ရျပန္ပါဘူး။ ပိုစိတ္ဝင္စားဖို႔ေကာင္းတာက ၁၅ က်ပ္တန္ရဲ႕ ေနာက္ေက်ာဘက္က ႐ုပ္တုပုံပါ။
ေတြ႕ဖူးသလိုေတာ့ရွိေပမယ့္ တကယ္စဥ္းစားပုံေဖာ္ၾကည့္မွ ၁၅ က်ပ္တန္ပုံကို မ်က္စိထဲ ျမင္မိ႐ုံပါပဲ။
ကြၽန္ေတာ္တို႔ငယ္ငယ္က ၁ က်ပ္တန္ ၅ က်ပ္တန္ ၁၀ တန္ စသျဖင့္ ေငြစကၠဴေတြမွာ ဗိုလ္ခ်ဳပ္ပုံတို႔ ဆရာစံပုံတို႔ ျမင္ဖူးၾကမွာပါ။ အဲဒီေခတ္က
ထုတ္တဲ့ ၁၅ က်ပ္တန္မွာ ေရွ႕မွာက ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံနဲ႔ ေနာက္ေက်ာဖက္မွာက ႐ုပ္တုတစ္ခုပုံပါပါတယ္။ ႐ုပ္တုနာမည္ကဘာလဲဆိုတာေတာ့ မသိပါဘူး။
ဒါေပမဲ့ အလြန္ၾကာခဲ့ၿပီျဖစ္တဲ့ အဲဒီ ၁၅ က်ပ္တန္ေငြစကၠဴထဲက ေရွးေဟာင္း႐ုပ္တုဟာ အျပင္မွာတကယ္ရွိပါတယ္။
အဲဒီ႐ုပ္တု တည္ရွိရာေနရာကေတာ့ ကရင္ျပည္နယ္ လႈိင္းဘြဲ႕ၿမိဳ႕ေဟာင္းက ထန္းတပင္ေက်ာင္းဝင္း အတြင္းမွာ ရွိတာလို႔ သိရပါတယ္။
ဒီ႐ုပ္တုကို ေလ့လာျခင္းအားျဖင့္ ေခတ္ကာလအေျခအေနေတြနဲ႔ တိုင္း/ႏိုင္ငံအက်ယ္အဝန္းကို သိရွိႏိုင္မွာ ျဖစ္ၿပီးေတာ့ ေခတ္ေဟာင္းျမန္မာ့သမိုင္းကိုလည္
း ေလ့လာရာမွာ ဒီ႐ုပ္တုက တစ္ေထာင့္တစ္ေနရာက ပါဝင္ကူညီႏိုင္မယ္လို႔ မူရင္းပို႔စ္ပိုင္ရွင္က ဆိုထားပါတယ္။
ဒါေၾကာင့္ အရင္တုန္းက ၁၅ က်ပ္တန္မွာပါတဲ့ ေရွးေဟာင္း႐ုပ္တုကို အျပင္မွာလည္း ျမင္ဖူးႏိုင္ေအာင္နဲ႔ ထိန္းသိမ္းေစာင့္ေရွာက္ႏိုင္ေအာင္
ျပန္လည္ေဖာ္ျပေပးလိုက္ရပါတယ္ခင္ဗ်ာ။ က်န္းမာ ခ်မ္းသာၾကပါေစ။ (ရဲဝင္းထြဋ္)
Crd