Knowledge

ရေဖျဉ်းအတွက် ဆေးနည်း ၂ သွယ်..

ရေဖျဉ်းအတွက် ဆေးနည်း ၂ သွယ်

ရေဖျဉ်းရောဂါ ပျောက်ဆေး

ရေဖျဉ်းရောဂါ နှင့်ပတ်သက်၍ဆေးနည်းအမျိုးမျိုး ကုနည်းအဖုံဖုံရှိကြပါသည်။

ရောဂါတစ်ခုကိုကုသမည်ဟု လေ့လာလိုက်လျှင်ရောဂါတစ်ခုအတွက်ဆေးနည်း(၁၀၀)မကရှိနိုင်ပါသည်။

အကြောင်းမှာ လူတစ်ယောက်နှင့်တစ်ယောက် ရုပ်ခံဓာတ်ခံချင်းမတူသလို ရောဂါဖြစ်ပုံက အပူ၊အအေး၊အပိန်၊အဝ မှစပြီး ဓာတ်ချက်လက္ခဏာများ မတူခြင်းကြောင့်ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။

ထို့ကြောင့် ဆေးတစ်ခုကို သုံးကြည့်၍ ကိုယ်မပျောက်တိုင်း ဆေးမကောင်းပါဘူးကွာ။ အလကားပါကွာ လို့မယူဆအပ်။ ကိုယ်နှင့်မပျောက်ပေမယ့် သူနှင့်ပျောက်နိုင်ပါသည်။

ယခုဖော်ပြမည့်ဆေးနည်း၂ မျိုးမှာလည်း။လူတိုင်းပျောက်ကင်းနိုင်မည်ဟု အာမခံ၍မရပါ။

သို့သော်-သို့သော်..

လက်တွေ့ သုံးကြည့်ဖူးသည်က တကြောင်း။ မိတ်ဆွေဆရာများ ကုသအောင်မြင်နေသည်ကိုလည်း လက်တွေ့မြင်ဖူး ကြုံဖူးသော ဆေးနည်းဖြစ်ခြင်းအတွက်

တိုက်ဆိုင်သူများအတွက်ကယ်တင်ရာရောက်အောင်ဖော်ပြပေးလိုက်ပါသည်။

အနည်းဆုံးလူ ၁၀ ယောက်မှာ ရယောက်လောက်တော့ အဆင်ပြေသက်သာ ပျောက်ကင်းကြသည်ကိုတွေ့ရပါသည်။ (လက်တွေ့)

၁။ ပေပင်၏ အရွက်အခက်အရိုးတံပါမကျန်ယူ၍ နာနာညှစ်သော်သတ္ထုရည်ရပါလိမ့်မည်။

ပေရွက် သတ္ထုရည် ၁၀ သားတွင်။ ယမ်းစိမ်း ၅ မူးသား ထည့်ပါ။ ထိုဆေး နှစ်ခုကို ဖျော်၍ တစ်နေ့ ၃ကြိမ် ဟင်းစားဇွန်း ၁ ဇွန်းခန့်စီ သောက်ပေးပါ။

၃ပါတ်အတွင်း လက်တွေ့သက်သာ လာပါလိမ့်မည်။ အမြစ်ပြတ်အောင် ဆက်လက်၍သောက်ပါ။ ယမ်းစိမ်း နေရာတွင် ယမ်းတေဇောငြိမ်း ထည့်နိုင်လျှင် သာ၍ထက်ပါသည်။

၂။ ဇော်ဂျီခါး ပုံစ (ခေါ်) သစ်ကပ်ပင်တစ်မျိူးအားရေနွေးဖျော၍။ မကျည်းသီး၊ကြက်သွန်နီ၊ကြက်သွန်ဖြူတို့ဖြင့် သုပ်၍စားပါ။ ၃ပါတ်အတွင်း သက်သာလာပါလိမ့်မည်။(လက်တွေ့)

ဤ ၂ နည်းဖြင့် သုံးစွဲကြည့်ကြပါ။ လူတိုင်းမဟုတ်ရင်တောင် လူအများစု လက်တွေ့ သက်သာပျောက်ကင်း ကြပါလိမ့်မယ်။ အန္တရာယ်ကင်းရှင်းစွာ သုံးစွဲကြည့်ပါ။

အားလုံး ကျန်းမာကြပါစေ။

ဆရာဦးကျော်လင်းအောင် ဟင်္သာတ

09777903111

ေရဖ်ဥ္းအတြက္ ေဆးနည္း ၂ သြယ္

ေရဖ်ဥ္းေရာဂါ ေပ်ာက္ေဆး

ေရဖ်ဥ္းေရာဂါ ႏွင့္ပတ္သက္၍ေဆးနည္းအမ်ိဳးမ်ိဳး ကုနည္းအဖုံဖုံရွိၾကပါသည္။

ေရာဂါတစ္ခုကိုကုသမည္ဟု ေလ့လာလိုက္လွ်င္ေရာဂါတစ္ခုအတြက္ေဆးနည္း(၁၀၀)မကရွိႏိုင္ပါသည္။

အေၾကာင္းမွာ လူတစ္ေယာက္ႏွင့္တစ္ေယာက္ ႐ုပ္ခံဓာတ္ခံခ်င္းမတူသလို ေရာဂါျဖစ္ပုံက အပူ၊အေအး၊အပိန္၊အဝ မွစၿပီး ဓာတ္ခ်က္လကၡဏာမ်ား မတူျခင္းေၾကာင့္ျဖစ္ေၾကာင္း ေလ့လာေတြ႕ရွိရသည္။

ထို႔ေၾကာင့္ ေဆးတစ္ခုကို သုံးၾကည့္၍ ကိုယ္မေပ်ာက္တိုင္း ေဆးမေကာင္းပါဘူးကြာ။ အလကားပါကြာ လို႔မယူဆအပ္။ ကိုယ္ႏွင့္မေပ်ာက္ေပမယ့္ သူႏွင့္ေပ်ာက္ႏိုင္ပါသည္။

ယခုေဖာ္ျပမည့္ေဆးနည္း၂ မ်ိဳးမွာလည္း။လူတိုင္းေပ်ာက္ကင္းႏိုင္မည္ဟု အာမခံ၍မရပါ။

သို႔ေသာ္-သို႔ေသာ္..

လက္ေတြ႕ သုံးၾကည့္ဖူးသည္က တေၾကာင္း။ မိတ္ေဆြဆရာမ်ား ကုသေအာင္ျမင္ေနသည္ကိုလည္း လက္ေတြ႕ျမင္ဖူး ႀကဳံဖူးေသာ ေဆးနည္းျဖစ္ျခင္းအတြက္

တိုက္ဆိုင္သူမ်ားအတြက္ကယ္တင္ရာေရာက္ေအာင္ေဖာ္ျပေပးလိုက္ပါသည္။

အနည္းဆုံးလူ ၁၀ ေယာက္မွာ ရေယာက္ေလာက္ေတာ့ အဆင္ေျပသက္သာ ေပ်ာက္ကင္းၾကသည္ကိုေတြ႕ရပါသည္။ (လက္ေတြ႕)

၁။ ေပပင္၏ အ႐ြက္အခက္အ႐ိုးတံပါမက်န္ယူ၍ နာနာညႇစ္ေသာ္သတၳဳရည္ရပါလိမ့္မည္။

ေပ႐ြက္ သတၳဳရည္ ၁၀ သားတြင္။ ယမ္းစိမ္း ၅ မူးသား ထည့္ပါ။ ထိုေဆး ႏွစ္ခုကို ေဖ်ာ္၍ တစ္ေန႔ ၃ႀကိမ္ ဟင္းစားဇြန္း ၁ ဇြန္းခန႔္စီ ေသာက္ေပးပါ။

၃ပါတ္အတြင္း လက္ေတြ႕သက္သာ လာပါလိမ့္မည္။ အျမစ္ျပတ္ေအာင္ ဆက္လက္၍ေသာက္ပါ။ ယမ္းစိမ္း ေနရာတြင္ ယမ္းေတေဇာၿငိမ္း ထည့္ႏိုင္လွ်င္ သာ၍ထက္ပါသည္။

၂။ ေဇာ္ဂ်ီခါး ပုံစ (ေခၚ) သစ္ကပ္ပင္တစ္မ်ိဴးအားေရေႏြးေဖ်ာ၍။ မက်ည္းသီး၊ၾကက္သြန္နီ၊ၾကက္သြန္ျဖဴတို႔ျဖင့္ သုပ္၍စားပါ။ ၃ပါတ္အတြင္း သက္သာလာပါလိမ့္မည္။(လက္ေတြ႕)

ဤ ၂ နည္းျဖင့္ သုံးစြဲၾကည့္ၾကပါ။ လူတိုင္းမဟုတ္ရင္ေတာင္ လူအမ်ားစု လက္ေတြ႕ သက္သာေပ်ာက္ကင္း ၾကပါလိမ့္မယ္။ အႏၲရာယ္ကင္းရွင္းစြာ သုံးစြဲၾကည့္ပါ။

အားလုံး က်န္းမာၾကပါေစ။

ဆရာဦးေက်ာ္လင္းေအာင္ ဟသၤာတ

09777903111