ၾကားသိရသမွ်

ကိုဗစ်ကာလအတွင်း လှည့်လည်မဲဆွယ်နေကြတဲ့ သူတွေကို ဒဲ့ပြောလိုက်တဲ့ စံရတီမိုးမြင့်

ပရိသတ်ကြီးရေ မင်းသမီးချောလေး စံရတီမိုးမြင့်ကတော့ ဗီဒီယိုဇာတ်ကားတွေ၊ကြော်ငြာတွေအများအပြား‌ရိုက်ကူးခဲ့ပြီး ရုပ်ရှင်ကားကြီးတွေထိပါ ရိုက်ကူးထားနိုင်တဲ့ မင်းသမီးတစ်ယောက်ပါနော်။


သူမဟာ အနုပညာလောကမှာအချိန်အတော်ကြာအောင်မြင်မှုရရှိနေတဲ့ မင်းသမီးတစ်ယောက်လည်းဖြစ်ပြီးတော့ ပရိသတ်တွေကတော့ သူမကိုချစ်စနိုးနဲ့ သဲသဲလို့လည်းခေါ်ကြပါသေးတယ်။

စံရတီမိုးမြင့်ဟာ ကျစ်လျစ်သွယ်လျတဲ့ဘော်ဒီအမိုက်စားလေးကို ပိုင်ဆိုင်ထားတာဖြစ်တဲ့အပြင် ကြည်လင်၀င်းပတဲ့အသားအရည်လေးကြောင့်လည်း မိန်းကလေးချင်းပါအားကျရတဲ့ သူလေးဖြစ်ပါတယ်။ ဒါ့ပြင်သူမရဲ့ ချောမောလှပတဲ့ရုပ်ရည်လေးကြောင့်လည်း ပုရိသတွေရဲ့ သည်းသည်းလှုပ်၀န်းရံခဲ့ရတဲ့ မင်းသမီးလေးတစ်ဦးဆိုခည်း မှားမယ်မထင်ပါဘူးနော်။

ဒီနေ့မှာတော့ စံရတီမိုးမြင့်က ကိုဗစ်ကာလမှာ လှည့်လည်မဲဆွယ်သူတွေကို စေတနာ ဒေါသောနဲ့ ဒဲ့ပြောခဲ့ပါတယ်။ စံရတီမိုးမြင့်က ” မဲဆွယ်နေလိုက်ကြ တတိယလှိုင်းပဲ ပြီးရင်ငတ်သေကြ” ဆိုပြီး ပြောခဲ့တာပဲဖြစ်ပါတယ်။ မြန်မာပြည်မှာ ကိုဗစ်ဖြစ်ပွားသူလေးသောင်းကျော်ခဲ့ ပြီး သေဆုံးသူ တစ်ထောင်ကျော်ခဲ့ပြီပဲဖြစ်ပါတယ်။

Swelsone News