ရန်ကုန်မြို့က အခြေခံလူတန်းစားတွေအတွက် ကိုယ်တိုင်ထွက်ပြီး စားသောက်ရိက္ခာများ လှူဒါန်းခဲ့တဲ့ သင်ဇာဝင့်ကျော်

အနုပညာလောကမှာ နှစ်ပေါင်းအတော်ကြာ အောင်မြင်စွာနဲ့ ရပ်တည်နေနိုင်တဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ အသက်အရွယ်ကြီးလာပေမယ့် တစ်နေ့တစ်ခြား အောင်မြင်မှုတွေ များစွာ ရရှိပိုင်ဆိုင်ထားသူလေး တစ်ဦးပါ။ သင်ဇာဝင့်ကျော်ရဲ့ အလန်းစားဖက်ရှင်တွေကလည်း ပရိသတ်တွေ စိတ်ဝင်တစားစောင့်ကြည့်ကြတဲ့ အရာတစ်ခုဖြစ်ပြီး အားပေးမှုကို ရရှိထားတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း သင်ဇာဝင့်ကျော်က အားပေးသူ ပရိသတ်အများအပြားနဲ့ အနုပညာလောကမှာ ထိပ်ဆုံးက ရပ်တည်နေတာ ဖြစ်ပါတယ်။

အမြဲတမ်း ခေတ်ရှေ့ပြေးနေပြီး ခပ်ဂေါ်ဂေါ်နေတတ်တဲ့ သင်ဇာဝင့်ကျော်ကတော့ မြန်မာလူမျိုးပီပီ အလှူအတန်းမှာလည်း လက်မနှေးသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီကနေ့ အောက်တိုဘာလ (၂၄) ရက်နေ့မှာလည်း သင်ဇာဝင့်ကျော်က ရန်ကုန်မြို့က အခြေံလူတန်းစားတွေအတွက် ကိုယ်တိုင်ထွက်ပြီး စားသောက်ရိက္ခာများ လှူဒါန်းခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။

သင်ဇာဝင့်ကျော်ကတော့ သူမကို လက်ဆောင်လာပေးတဲ့ ပစ္စည်းတချို့တဝက်နဲ့ လိုအပ်တာတွေကို ဖြည့်စွက်ခဲ့ပြီး အခြေခံလူတန်းစားများအတွက် အလှူလေး ပြုလုပ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သင်ဇာဝင့်ကျော်ရဲ့ ကုသိုလ်မြင်ကွင်းလေးကိုကြည့်ရပြီး ကြည်နူးမှုတွေ ဖြစ်ပေါ်နေမယ် ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

zawgyi version