အခ်ိန္အေတာ္ၾကာကိုယ္နဲ႔တြဲခဲ့တဲ့ ခ်စ္သူမိန္းကေလးက အျခားတစ္ေယာက္နဲ႔လက္ထပ္သြားမယ္ဆိုရင္ ဘယ္လိုခံစားရမလဲဆိုတာခန္႔မွန္းၾကည့္လို႔ရပါတယ္ ။ကံမေကာင္းစြာနဲ႔ပဲ အင္ဒိုနီး႐ွားႏိုင္ငံကအမိ်ဳးသားတစ္ေယာက္ဟာ အဆိုပါျဖစ္ရပ္မ်ိဳးနဲ႔ ၾကံဳေတြ႔ခဲ့ရပါတယ္ ။ Aswar Anas အမည္႐ွိတဲ့အမ်ိဳးသား နဲ႔ Asni အမည္႐ွိတဲ့အမ်ိဳးသမီးတို႔ဟာ သူတို႔ရဲ႕ ခ်စ္သူသက္တမ္း 6ႏွစ္လံုးလံုး ေပ်ာ္ေပ်ာ္ရႊင္ရႊင္႐ွိေနခဲ့ၾကပါတယ္ ။သို႔ေပမဲ့လည္း တိက်လြန္းတဲ့အေၾကာင္းျပခ်က္အခ်ိဳ႕ေတြေၾကာင့္ မိန္းကေလးဟာ အျခားအမ်ိဳးသားတစ္ဦးႏွင့္ လက္ထပ္သြားခဲ့ရပါတယ္ ။
ၿပီးခဲ့တဲ့ စက္တင္ဘာလ 2 ရက္ေန႔က Aswar ဟာ ႐ွိသမ်ွခြန္အားေတြအားလံုနဲ႔ Asni ရဲ႕မဂၤလာပြဲကိုေရာက္သြားခဲ့ပါတယ္ ။ဝမ္းနည္းစြာနဲ႔ပဲ တစ္ဘဝလံုးနဲ႔ရင္းၿပီးခ်စ္ခဲ့ရတဲ့မိန္းကေလးမွာ အျခားအမ်ိဳးသားတစ္ဦးနဲ႔အတူ႐ွိေနတာကိုျမင္ခဲ့ရေတာ့ Aswar ဟာခ်က္ခ်င္ကိုပဲ ငိုေႂကြးခဲ့ပါေတာ့တယ္ ။ သတို႔သားႏွင့္သတို႔သမီးတို႔ရဲ႕မဂၤလာအိပ္ခန္းထဲမွာ Aswar ေအာ္ဟစ္ငိုေႂကြးေနခဲ့တဲ့ Video ကို Facebook ေပၚမွာေဝမ်ွသြားခဲ့ၾကပါတယ္ ။ ၾကမ္းျပင္ေပၚမွာထိုင္ခ်ကာ မ်က္ႏွာကိုကာထားၿပီးငိုေႂကြးေနခဲ့တဲ့ Aswar ဟာအသက္႐ႈလို႔မရေလာက္ေတာ့တဲ့အထိ ငိုေႂကြးေနခဲ့တာပါ ။
မိသားစုဝင္မ်ားကေတာ့ Aswar ကိုေခ်ာ့ေမာ့ကာ အခန္းအျပင္သို႔ေခၚထုတ္သြားခဲ့ၾကၿပီး စိတ္တည္ၿငိမ္သြားေအာင္ႀကိဳးစားေဖ်ာင္းဖ်ေပးခဲ့ၾကပါတယ္ ။ သတို႔သမီးမွာလည္း Aswar ငိုေႂကြးေနခဲ့တာကိုျမင္ေတာ့ ဘယ္လိုမွမခံစားႏိုင္ေတာ့ဘဲ အတူငိုေႂကြးေနခဲ့ပါတယ္ ။ Aswar ႏွင့္ Asni တို႔ဟာ ကိုးကြယ္သည့္ဘာသာမတူၾကတဲ့အတြက္ အတူလက္ထပ္ေပါင္းသင္ဖို႔မျဖစ္ႏိုင္ေတာ့လို႔ျဖစ္ေၾကာင္း အတြင္းသိတစ္ဦက ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္ ။
အျခားအေၾကာင္းအရာတစ္ခုကေတာ့ Aswar ဟာ Asni ကိုလက္ထပ္ရန္သူမ၏မိသားစုဝင္ေတြဆီမွာ တင္ေတာင္းဖို႔ေနာက္က်ခဲ့တဲ့အတြက္ အျခားအမ်ိဳးသားတစ္ေယာက္က Aswar ၏ေနရာကိုဝင္ယူခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိ႐ွိရပါတယ္ ။ အဆိုပါ Video ကိုၾကည့္႐ႈၿပီးေနာက္ လူအမ်ားဟာ ဝမ္းနည္းေၾကကြဲခဲ့ၾကၿပီး Aswar ကိုေ႐ွ႕ဆက္ေလ်ွာက္မယ့္ဘဝအတြက္ သင့္ေတာ္မည့္လက္တြဲေဖာ္တစ္ေယာက္ရ႐ွိရန္လည္း ဆုေတာင္းေပးခဲ့ၾကပါတယ္ ။
Jasmine (Mckzone Daily)
Source: worldofbuzz
ရုပ္/သံ ကို ေအာက္ဆံုးတြင္ေဖာ္ျပထားပါသည္……
Unicode,
အချိန်အတော်ကြာကိုယ်နဲ့တွဲခဲ့တဲ့ ချစ်သူမိန်းကလေးက အခြားတစ်ယောက်နဲ့လက်ထပ်သွားမယ်ဆိုရင် ဘယ်လိုခံစားရမလဲဆိုတာခန့်မှန်းကြည့်လို့ရပါတယ် ။ကံမကောင်းစွာနဲ့ပဲ အင်ဒိုနီးရှားနိုင်ငံကအမျိုးသားတစ်ယောက်ဟာ အဆိုပါဖြစ်ရပ်မျိုးနဲ့ ကြုံတွေ့ခဲ့ရပါတယ် ။ Aswar Anas အမည်ရှိတဲ့အမျိုးသား နဲ့ Asni အမည်ရှိတဲ့အမျိုးသမီးတို့ဟာ သူတို့ရဲ့ ချစ်သူသက်တမ်း 6နှစ်လုံးလုံး ပျော်ပျော်ရွှင်ရွှင်ရှိနေခဲ့ကြပါတယ် ။သို့ပေမဲ့လည်း တိကျလွန်းတဲ့အကြောင်းပြချက်အချို့တွေကြောင့် မိန်းကလေးဟာ အခြားအမျိုးသားတစ်ဦးနှင့် လက်ထပ်သွားခဲ့ရပါတယ် ။
ပြီးခဲ့တဲ့ စက်တင်ဘာလ 2 ရက်နေ့က Aswar ဟာ ရှိသမျှခွန်အားတွေအားလုံနဲ့ Asni ရဲ့မင်္ဂလာပွဲကိုရောက်သွားခဲ့ပါတယ် ။ဝမ်းနည်းစွာနဲ့ပဲ တစ်ဘဝလုံးနဲ့ရင်းပြီးချစ်ခဲ့ရတဲ့မိန်းကလေးမှာ အခြားအမျိုးသားတစ်ဦးနဲ့အတူရှိနေတာကိုမြင်ခဲ့ရတော့ Aswar ဟာချက်ချင်ကိုပဲ ငိုကြွေးခဲ့ပါတော့တယ် ။ သတို့သားနှင့်သတို့သမီးတို့ရဲ့မင်္ဂလာအိပ်ခန်းထဲမှာ Aswar အော်ဟစ်ငိုကြွေးနေခဲ့တဲ့ Video ကို Facebook ပေါ်မှာဝေမျှသွားခဲ့ကြပါတယ် ။ ကြမ်းပြင်ပေါ်မှာထိုင်ချကာ မျက်နှာကိုကာထားပြီးငိုကြွေးနေခဲ့တဲ့ Aswar ဟာအသက်ရှုလို့မရလောက်တော့တဲ့အထိ ငိုကြွေးနေခဲ့တာပါ ။
မိသားစုဝင်များကတော့ Aswar ကိုချော့မော့ကာ အခန်းအပြင်သို့ခေါ်ထုတ်သွားခဲ့ကြပြီး စိတ်တည်ငြိမ်သွားအောင်ကြိုးစားဖျောင်းဖျပေးခဲ့ကြပါတယ် ။ သတို့သမီးမှာလည်း Aswar ငိုကြွေးနေခဲ့တာကိုမြင်တော့ ဘယ်လိုမှမခံစားနိုင်တော့ဘဲ အတူငိုကြွေးနေခဲ့ပါတယ် ။ Aswar နှင့် Asni တို့ဟာ ကိုးကွယ်သည့်ဘာသာမတူကြတဲ့အတွက် အတူလက်ထပ်ပေါင်းသင်ဖို့မဖြစ်နိုင်တော့လို့ဖြစ်ကြောင်း အတွင်းသိတစ်ဦက ထုတ်ဖော်ပြောကြားခဲ့ပါတယ် ။
အခြားအကြောင်းအရာတစ်ခုကတော့ Aswar ဟာ Asni ကိုလက်ထပ်ရန်သူမ၏မိသားစုဝင်တွေဆီမှာ တင်တောင်းဖို့နောက်ကျခဲ့တဲ့အတွက် အခြားအမျိုးသားတစ်ယောက်က Aswar ၏နေရာကိုဝင်ယူခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရပါတယ် ။ အဆိုပါ Video ကိုကြည့်ရှုပြီးနောက် လူအများဟာ ဝမ်းနည်းကြေကွဲခဲ့ကြပြီး Aswar ကိုရှေ့ဆက်လျှောက်မယ့်ဘဝအတွက် သင့်တော်မည့်လက်တွဲဖော်တစ်ယောက်ရရှိရန်လည်း ဆုတောင်းပေးခဲ့ကြပါတယ် ။
Jasmine (Mckzone Daily)
Source: worldofbuzz
ရုပ်/သံ ကြည့်ရန် …..