အေထြအေထြဗဟုသုတ
ညီအစ်ကိုမောင်နှမတွေထဲမှာ အငယ်ဆုံးလေးဖြစ်ရတဲ့ ကောင်းကျိုးတွေဆိုတာ…😎
(၁) ဦးစားပေးခံရတယ်
Unicode,
မိသားစုထဲမှာ အငယ်ဆုံးကလေးဖြစ်ရတာ ဘယ်လောက်ကောင်းလဲဆိုတာ အငယ်ဆုံးကလေးတွေပဲ သိနိုင်တယ်ဆိုသလို အခု အငယ်ဆုံးကလေးတွေသာ ရနိုင်တဲ့အကျိုးကျေးဇူးလေးတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ကဲ ကိုယ်ဘယ်လောက်ကံကောင်းလဲဆိုတာ ကြည့်လိုက်ပါဦး
(၁) ဦးစားပေးခံရတယ်
မုန့်စားမယ်ဆိုရင်တောင် အငယ်ဆုံးလေးမို့ ပိုပြီးကျွေးကြတယ်။အငယ်ဆုံးလေးမို့ မေမေဖေဖေတို့ရဲ ့အသည်းကျော်လေးဖြစ်ကြတယ်ဟုတ်! သမီးအငယ်ဆုံးလေး၊သားအငယ်ဆုံးလေးဖြစ်လို့ ကျန်တဲ့မောင်နှမတွေထက်ပိုပြီးဦးစားပေးခံရမှာသေချာပါတယ်နော် 😎
(၂) ဆွေမျိုးသားချင်းတွေရဲ ့အချစ်ကိုခံရတယ်
မိသားစုတွေထဲမှာ အငယ်ဆုံးသားလေး၊မြေးအငယ်ဆုံးလေးဆိုရင် မိဘတွေတင်မကဘူး၊ဆွေမျိုးသားချင်းတွေကပါ အငယ်ဆုံးလေးဆိုပြီး စောင့်ရှောက်ကြ၊ချစ်ကြပါတယ်။အရမ်းဆိုးနေရင်တော့ တစ်မျိုးပေါ့ (ဒါပေမဲ့ ဆိုးမယ်မထင်ပါဘူးနော် ❤ )
(၃) ပညာရေးနဲ့ပတ်သက်ပြီး အကြီးတွေကိုအားကိုးလို့ရတယ်
ကိုယ်မသိတာတွေရှိရင် ကိုကိုမမတွေကိုမေးလို့ရတာ တကယ်ကိုဆုလာဘ်တစ်ခုပါပဲ။ကျောင်းမှာဆရာမတွေသင်တာနားမလည်ရင် အစ်ကိုတွေ၊အစ်မတွေကိုပြန်မေးလို့ရတယ်။တစ်ခြားမသိတာရှိရင်လည်းမေးလို့ရတယ်။ကိုယ့်ကို သေချာရှင်းပြပေးမယ့် သွေးရင်းသားရင်းတွေပါ။
(၄) အကြီးတွေဆီကနေ အမှားအမှန်သင်ယူနိုင်တယ်
ကိုယ့်ရှေ့ကအကြီးက ဒီလမ်းကြောင်းရွေးရင်မှားသွားတာဆို ကိုယ့်အလှည့်ကျပြန်ပြင်လို့ရတယ်၊ရှောင်သွားလို့ရတယ်။သေချာစီစဉ်ပြီးသွားလို့ရပါတယ်သူတို့ရဲ့အမှားတွေကိုကြည့်ပြီး အငယ်ဆုံးလေးတွေက အမှန်ပြင်နိုင်ပါတယ်။
(၅) သင့်ရဲ ့ပစ္စည်းတွေကိုမျှဝေစရာလည်းမလိုဘူး
အိုခေတာပေါ့။ကိုယ်ဆော့နေတဲ့အရုပ်တွေ သူတို့လာယူဆော့လို့မရသလို ကိုယ့်အဝတ်အစားဆိုတာလည်းသူတို့ယူဝတ်လို့မရပါဘူး။ကိုယ်ကသာ အစ်ကိုတွေ၊အစ်မတွေရဲ ့အဝတ်တွေ၊အသုံးအဆောင်တွေယူဝတ်နေတာမဟုတ်လား 😜 ❤
(၆) တစ်ခါတစ်လေ သင့်ကို အကြီးဆုံးကလေးလို့ထင်လေ့ရှိတယ်
ဘာလို့လဲဆိုတော့ အကြီးတွေလုပ်မိတဲ့အမှားတွေကို အငယ်လေးတွေက လိုက်ပြီးလုပ်လေ့မရှိပါဘူး။ဒီလိုမျိုးမှားနိုင်တယ်ဆိုတာ တစ်ခြားတစ်ဦးတည်းသောကလေးတွေထက်တောင် ပိုပြီးသိလို့ သူတို့ထက်ပိုပြီးရင့်ကျက်တယ်လို့ပြောလို့ရတာပေါ့။
(၇)မိသားစုဝင်တွေထဲမှာ ဖေဖေမေမေက သင့်ကိုအချစ်ဆုံးဖြစ်မှာပါ
ဒါက မောင်နှမတွေကိုရန်တိုက်ပေးတာမဟုတ်ဘူးနော်။မိဘဆိုတာ သားသမီးတိုင်းကိုချစ်တာပါပဲ။ဒါပေမဲ့ အငယ်ဆုံးလေးကိုတော့ ပိစိလေးပိုပြီးချစ်ကြပါတယ်။ပြီးတော့ ကျန်တဲ့မောင်နှမတွေကလည်း အငယ်ဆုံးလေးကိုဝိုင်းပြီးချစ်ကြမယ်ဆိုတာသေချာပြီး ဖေဖေမေမေတို့ရဲ့အချစ်ဆုံးဖြစ်နေလို့
အငယ်ဆုံးလေးတွေကို မနာလိုဖြစ်မှာမဟုတ်ပါဘူး။သူတို့ရဲ ့အချစ်ဆုံးကလည်း အငယ်ဆုံးညီလေး၊အငယ်ဆုံးညီမလေးဖြစ်နေလို့ပါ။ပိစိကလေးအရွယ်တုန်းကတော့ သဝန်တိုရင်တိုမှာပေါ့
(၈) နောက်ဆုံးတစ်ချက်ကတော့ မောင်နှမတွေ၊ညီအစ်မတွေထဲမှာအငယ်ဆုံးလေးတွေက ချစ်စရာအကောင်းဆုံးဆိုတာပါပဲ (ဟုတ်တယ်နော် 😜)