ဗဟုသုတ

ဆွမ်းတော်စွန့်ထားသည့် စားသောက်ဖွယ်ရာများကို စားသင့် မသင့်….

ဆြြမ္းေတာ္ တင္ လွဴဒါန္းျပီးမွစားေသာက္သံုးေဆာင္ျခင္းသည္ မည္က့ဲသို႔ အက်ိဳးရရွိ ပါသလဲ

(ေမး)

အရွင္ဘုရား၊ တပည့္ေတာ္တု႔ိ မိသားစုသည္ ေန႔စဥ္ ထမင္းဟင္းႏွင့္ ရလာသမွ်ေသာ ခဲဘြယ္ေဘာဇဥ္တို ႔ကို ဦးဦးဖ်ားဖ်ား ဆြမ္းေတာ္တင္ျပီးမွ စြန္႔သည့္အခါ စားေသာက္ခဲ့ၾကသည္မွာ ႏွစ္မ်ားစြာပင္ရွိပါျပီ။

ဗုဒၶေ၀ယ်ာ၀စၥ ျပဳၾကသူမ်ားမွာ ဇနီးႏွွင့္သမီးမ်ားသာ ျဖစ္ၾက၍ က်န္လူမ်ား အျပစ္ျဖစ္ေနေၾကာင္း သိရွိရသျဖင့္ မ်ားစြာတုန္လႈပ္မိပါသည္။

မည္သည့္အေၾကာင္းေၾကာင့္ အျပစ္ျဖစ္ရသည္ကုိ၄င္း၊ ထုိအျပစ္မ်ား ပေပ်ာက္ေအာင္ မည္သို႔ေဆာင္ရြက္ရမည္ကို၄င္း၊ ရွင္းလင္းညႊန္ၾကားေပးပါဘုရား။

( ေျဖ )

ရာဇ၀င္တြင္ ပုဂံျပည္ အေနာ္ရထာမင္းက မႏူဟာမင္းအား ဘုန္းကံနိမ့္ေစရန္ သင္ပုတ္ပလႅင္တြင္ စြန္႔ျပီးေသာ ဆြမ္းေတာ္တင္ကုိမေနာလင္ပန္း၌ထည့္၍ ေကၽြးသည္ဟူေသာ စကားမွစ၍ ဆြမ္းေတာ္တင္ စားလွ်င္ ဘုန္းကံနိမ့္္သည္ဟု ေျပာစဥ္ ျဖစ္ေနရပါသည္။

ေ၀ယ်ာ၀စၥလုုပ္သူ ဆြမ္းေတာ္တင္ စားေကာင္းသည္ ဟူေသာ စကားမွာလည္း ဘုရားေစတီတို႔တြင္ တင္လွဴထားေသာ ဆြမ္းေတာ္တင္ကိုခရီးသြား၊ စားရမဲ့ ေသာက္ရမဲ့ ပုဂၢိဳလ္မ်ား စားေသာက္လိုလွ်င္ ဤအတိုင္းစားသည္ထက္ ေ၀ယ်ာ၀စၥလုပ္ကိုင္ျပီးမွ စားသင့္ေၾကာင္း ေျပာဆိုျခင္း ျဖစ္ပါသည္။

မိမိတို႔တစ္အိမ္လံုး စားေသာက္မည့္ ထမင္းဟင္းအားလုံးကို ဘုရားကိုလွဴျပီးမွ စားေသာက္ျခင္းမ်ိဳးကား ရွာမွရွားေသာေစတနာသဒၶါမ်ိဳး ျဖစ္ပါသည္။မည္သို႔မွ် အျပစ္မရွိပါ။

အမ်ားအားျဖင့္ စတိသေဘာမ်ိဳးသာ ပန္းကန္ငယ္၊ ခြက္ငယ္တို႔ျဖင့္ ဆြမ္း ေတာ္တင္ေလ့ရွိၾကသည္။

ဒီမိသားစုက်ေတာ့ရွိသမွ် ထမင္းအားလံုးကိုလွဴဒါန္းျပီးမွ စားေသာက္ၾကသည္ဟုသိရသျဖင့္ သာဓုေခၚမိပါသည္။

ဘုရားလက္ထက္က ပ႑ိတသာမေဏအေလာင္း ပဋိသေႏၶယူေသာအခါမိခင္က ဘုရား ရဟႏၲာတို႔အား လွဴဒါန္းျပီးမွ ဆြမ္းၾကြင္း ဆြမ္းက်န္ကို စားလိုေသာ ခ်င္ျခင္းျဖစ္ေၾကာင္း၊ တန္ခိုးႀကီးေသာ ရဟႏၲာ ဖြားျမင္မည့္ အတိတ္ျဖစ္၍ အလြန္ေကာင္းမြန္ေၾကာင္း ဓမၼပဒ အ႒ကထာတြင္ပါပါသည္။

ေရွးဆရာေတာ္ႀကီးမ်ားသည္ ရသမွ် ဆြမ္းေတာ္တင္ ဘုရားလွဴျပီးမွ စားေသာက္ေသာအေလ့အထရွိပါသည္။ မႏၲေလးတြင္ စာသင္သားဘ၀ စာသင္စဥ္က ဆြမ္းခံအျပန္ သပိတ္ေရာ

ဆြမ္းဟင္းအားလံုး မဟာျမတ္မုနိဘုရားတြင္ တင္လွဴျပီး အခ်ိန္ရသမွ် တရားထုိင္ခဲ့၍ ေနာက္မွ သပိတ္ကို ျပန္စြန္႔ယူျပီးစားသံုးခဲ့ေသာ ဆရာေတာ္ႀကီးမ်ားယခုအခါ သာသနာေတာ္တြင္ ေရွ႔တန္းေရာက္ ပုဂၢိဳလ္ႀကီးမ်ား ျဖစ္၍ေနၾကေပျပီ။

ထုိ႔ေၾကာင့္ စားေသာက္ဖြယ္အားလံုး လွဴဒါန္းျပီးမွ စားျခင္း၊ ေမႊးႀကိဳင္လွပေသာ ပန္းမ်ားကို ဘုရားလွဴျပီးမွ ပန္ဆင္ျခင္းတို႔မွာ ကဲ့ရဲ႔ဖြယ္မဟုတ္၊ ခ်ီးမြမ္းဖြယ္၊ အတုယူဖြယ္သာျဖစ္ေၾကာင္း ေျဖၾကားလိုက္ပါသည္။

ဆရာေတာ္ အရွင္တိေလာကသာရ(ရေဝထြန္း)

Unicodeယ

ဆွွမ်းတော် တင် လှူဒါန်းပြီးမှစားသောက်သုံးဆောင်ခြင်းသည် မည်ကဲ့သို့ အကျိုးရရှိ ပါသလဲ

(မေး)

အရှင်ဘုရား၊ တပည့်တော်တို့ မိသားစုသည် နေ့စဉ် ထမင်းဟင်းနှင့် ရလာသမျှသော ခဲဘွယ်ဘောဇဉ်တို ့ကို ဦးဦးဖျားဖျား ဆွမ်းတော်တင်ပြီးမှ စွန့်သည့်အခါ စားသောက်ခဲ့ကြသည်မှာ နှစ်များစွာပင်ရှိပါပြီ။

ဗုဒ္ဓဝေယျာဝစ္စ ပြုကြသူများမှာ ဇနီးနှှင့်သမီးများသာ ဖြစ်ကြ၍ ကျန်လူများ အပြစ်ဖြစ်နေကြောင်း သိရှိရသဖြင့် များစွာတုန်လှုပ်မိပါသည်။

မည်သည့်အကြောင်းကြောင့် အပြစ်ဖြစ်ရသည်ကို၄င်း၊ ထိုအပြစ်များ ပပျောက်အောင် မည်သို့ဆောင်ရွက်ရမည်ကို၄င်း၊ ရှင်းလင်းညွှန်ကြားပေးပါဘုရား။

( ဖြေ )

ရာဇဝင်တွင် ပုဂံပြည် အနော်ရထာမင်းက မနူဟာမင်းအား ဘုန်းကံနိမ့်စေရန် သင်ပုတ်ပလ္လင်တွင် စွန့်ပြီးသော ဆွမ်းတော်တင်ကိုမနောလင်ပန်း၌ထည့်၍ ကျွေးသည်ဟူသော စကားမှစ၍ ဆွမ်းတော်တင် စားလျှင် ဘုန်းကံနိမ့််သည်ဟု ပြောစဉ် ဖြစ်နေရပါသည်။

ဝေယျာဝစ္စလုုပ်သူ ဆွမ်းတော်တင် စားကောင်းသည် ဟူသော စကားမှာလည်း ဘုရားစေတီတို့တွင် တင်လှူထားသော ဆွမ်းတော်တင်ကိုခရီးသွား၊ စားရမဲ့ သောက်ရမဲ့ ပုဂ္ဂိုလ်များ စားသောက်လိုလျှင် ဤအတိုင်းစားသည်ထက် ဝေယျာဝစ္စလုပ်ကိုင်ပြီးမှ စားသင့်ကြောင်း ပြောဆိုခြင်း ဖြစ်ပါသည်။

မိမိတို့တစ်အိမ်လုံး စားသောက်မည့် ထမင်းဟင်းအားလုံးကို ဘုရားကိုလှူပြီးမှ စားသောက်ခြင်းမျိုးကား ရှာမှရှားသောစေတနာသဒ္ဓါမျိုး ဖြစ်ပါသည်။မည်သို့မျှ အပြစ်မရှိပါ။

အများအားဖြင့် စတိသဘောမျိုးသာ ပန်းကန်ငယ်၊ ခွက်ငယ်တို့ဖြင့် ဆွမ်း တော်တင်လေ့ရှိကြသည်။

ဒီမိသားစုကျတော့ရှိသမျှ ထမင်းအားလုံးကိုလှူဒါန်းပြီးမှ စားသောက်ကြသည်ဟုသိရသဖြင့် သာဓုခေါ်မိပါသည်။

ဘုရားလက်ထက်က ပဏ္ဍိတသာမဏေအလောင်း ပဋိသန္ဓေယူသောအခါမိခင်က ဘုရား ရဟန္တာတို့အား လှူဒါန်းပြီးမှ ဆွမ်းကြွင်း ဆွမ်းကျန်ကို စားလိုသော ချင်ခြင်းဖြစ်ကြောင်း၊ တန်ခိုးကြီးသော ရဟန္တာ ဖွားမြင်မည့် အတိတ်ဖြစ်၍ အလွန်ကောင်းမွန်ကြောင်း ဓမ္မပဒ အဋ္ဌကထာတွင်ပါပါသည်။

ရှေးဆရာတော်ကြီးများသည် ရသမျှ ဆွမ်းတော်တင် ဘုရားလှူပြီးမှ စားသောက်သောအလေ့အထရှိပါသည်။ မန္တလေးတွင် စာသင်သားဘဝ စာသင်စဉ်က ဆွမ်းခံအပြန် သပိတ်ရော

ဆွမ်းဟင်းအားလုံး မဟာမြတ်မုနိဘုရားတွင် တင်လှူပြီး အချိန်ရသမျှ တရားထိုင်ခဲ့၍ နောက်မှ သပိတ်ကို ပြန်စွန့်ယူပြီးစားသုံးခဲ့သော ဆရာတော်ကြီးများယခုအခါ သာသနာတော်တွင် ရှေ့တန်းရောက် ပုဂ္ဂိုလ်ကြီးများ ဖြစ်၍နေကြပေပြီ။

ထို့ကြောင့် စားသောက်ဖွယ်အားလုံး လှူဒါန်းပြီးမှ စားခြင်း၊ မွှေးကြိုင်လှပသော ပန်းများကို ဘုရားလှူပြီးမှ ပန်ဆင်ခြင်းတို့မှာ ကဲ့ရဲ့ဖွယ်မဟုတ်၊ ချီးမွမ်းဖွယ်၊ အတုယူဖွယ်သာဖြစ်ကြောင်း ဖြေကြားလိုက်ပါသည်။

ဆရာတော် အရှင်တိလောကသာရ(ရဝေထွန်း)