ဒီေန႔ေခတ္မွာ လူတိုင္းနီးပါး အေၾကာင္း တစ္ခုခုေၾကာင့္ေတာ့ ဖုန္းကို မလႊဲမေရွာင္သာ အသုံးျပဳေနၾက ရတာပဲ ျဖစ္ ပါတယ္။
မေရွာင္လႊဲ ႏိုင္တဲ့ အေျခအေနႀကီးမွာ ဖုန္းအသုံးျပဳျခင္းက တစ္ေန႔တာရဲ႕ အေရးႀကီးတဲ့အခ်ိန္ေတြကို
သိမ္းပိုက္ ထားတာမ်ိဳး မျဖစ္ရေအာင္ ဖုန္းအသုံးမျပဳ သင့္တဲ့ အခ်ိန္ေတြကို အခုလို ေဖာ္ျပေပးလိုက္ ရပါတယ္ ။
ဒီလို ဖုန္းအသုံးမျပဳျဖစ္ေအာင္ ဆင္ျခင္ျခင္း ကေန ရလာမယ့္ အက်ိဳးေက်းဇူးေလးေတြကို ေျပာျပေပး သြားမွာ ပါေနာ္။
(၁) မနက္ အိပ္ရာႏိုးႏိုးခ်င္း
လူအေတာ္ မ်ားမ်ား ကေတာ့ ႏိုးႏိုးျခင္း ပုံမွန္လုပ္ၿမဲ အလုပ္တစ္ခု ဖုန္းကို အရင္ဆုံး သုံးေလ့ ရွိၾကပါတယ္။ တစ္ေန႔တာရဲ႕အစ မနက္ခင္းမွာ စိတ္ၾကည္လင္ လန္းဆန္းဖို႔ဆိုတာ သိပ္ကို အေရးႀကီးပါတယ္။
ႏိုးႏိုးခ်င္း အိပ္ယာထဲမွာ ဖုန္းနဲ႔ အခ်ိန္ကုန္လိုက္ျခင္းက လူကို ေလးလံသြားေစသလို facebook ၾကည့္တတ္ၾကတဲ့ သူေ တြအတြက္ facebook ကေန စိတ္ညစ္စရာေတြ ေတြ႕လာခဲ့တဲ့အခါ စိတ္ၾကည္လင္မႈကို အေႏွာင့္အယွက္ ေပးမွာပဲ ျဖစ္ပါတယ္။
အဲ့ဒီအစား မနက္ႏိုးႏိုးျခင္း ဖုန္းအသုံးမျပဳဘဲ ဝရန္တာထြက္ၿပီး ေလအဝရႈလိုက္တာ၊ ပတ္ဝန္းက်င္ကို ၾကည့္လိုက္ တာမ်ိဳးက စိတ္လန္းဆန္းမႈနဲ႔ တက္ႂကြမႈကို ရေစမွာပဲ ျဖစ္ပါတယ္။
(၂) အစားအေသာက္စားခ်ိန္ေတြ
အစားအေသာက္ စားခ်ိန္မွာ ဖုန္းအသုံးျပဳဘဲ အစားအေသာက္ကို အာ႐ုံစိုက္ စားတာမ်ိဳး လုပ္သင့္ ပါတယ္။
အစားအေသာက္က ေပးတဲ့ အစာစြမ္းအင္မ်ိဳး၊ အစာစားခ်င္ စိတ္ကို ပုံမွန္ျဖစ္ေစ တာမ်ိဳးနဲ႔ အစာေျခစနစ္ ေကာင္းမြန္ဖို႔ အတြက္ အစားအေသာက္ အေပၚပဲ အာ႐ုံစိုက္ စားဖို႔ လိုအပ္ေနပါတယ္။
အစားအေသာက္က ေပးတဲ့ အရသာကို ေသေသခ်ာခ်ာ ခံစားႏိုင္မႈ ကလည္း အစားအေသာက္ကို အာ႐ုံစိုက္ စားျခင္းမ်ိဳး ကေန ရႏိုင္ တာပဲ ျဖစ္ ပါတယ္။
(၃) ညအိပ္ယာဝင္ခ်ိန္
မနက္ အိပ္ယာႏိုးခ်ိန္မွာ ၾကည္ၾကည္လင္လင္ ႏိုးဖို႔ အတြက္ ညအိပ္ယာဝင္ခ်ိန္မွာ ေခါင္းရွင္းရွင္းလင္းလင္းနဲ႔ အိပ္ေပ်ာ္ဖို႔ အေရးႀကီး ပါတယ္။
ဖုန္းအသုံးျပဳေနရင္း အိပ္ေပ်ာ္ သြားတာမ်ိဳး၊ facebook အသုံးျပဳေနရင္း အိပ္ခါနီး ဝမ္းနည္းစရာ သတင္းေတြ တက္လာ တာမ်ိဳး၊ စိတ္ညစ္စရာေတြ ေတြ႕လိုက္ ရတာ မ်ိဳးက အိပ္စက္ျခင္းကို အေႏွာင့္အယွက္ ျဖစ္ပါ တယ္။
စိတ္ဖိစီးမႈေတြနဲ႔ ဦးေႏွာက္ ပင္ပန္းမႈေတြလည္း ျဖစ္သြားေစႏိုင္ ပါ တယ္ ။ အဲ့ဒီ အစား ဖုန္းကို အသုံးမျပဳပဲ အိပ္စက္ တာမ်ိဳးက အိပ္စက္ျခင္းကေနေပးတဲ့ စြမ္းအင္ကို အျပည့္အဝ ရေစမွာပဲ ျဖစ္ ပါ တယ္ ။
(၄) အလုပ္ လုပ္ခ်ိန္
အလုပ္လုပ္တဲ့ အခ်ိန္ေတြက ဖုန္းေတြ အသုံး မျပဳေလ ေကာင္းေလပါပဲ။ အလုပ္နဲ႔ ပတ္သတ္တာေတြ ဖုန္းနဲ႔ ဆက္သြယ္ တာ ကမ်ိဳး ကလြဲရင္ အလုပ္ခ်ိန္မွာ ဖုန္းသုံးတာက သင့္ကို စိတ္အေျပာင္းအလဲ ျဖစ္ေစတာ မ်ိဳး ထက္ တစ္ခါတစ္ေလ ထိုင္းမႈိင္း သြားေစ တတ္ ပါ တယ္ ။
အလုပ္လုပ္ ႏိုင္စြမ္း ကိုလည္း ေႏွးေကြး သြားေစလို႔ အလုပ္မွာ အာ႐ုံစိုက္ တာက အေကာင္းဆုံး ပါပဲ ။
(၅) လမ္းသြားတဲ့အခ်ိန္
လမ္းေလွ်ာက္ေနရင္း ဖုန္းသုံးတာက တကယ့္ကို အႏၲရာယ္ႀကီးတဲ့ ကိစၥပါပဲ။ ဖုန္းကို အာ႐ုံစိုက္ၿပီး ငုံသုံးေန တဲ့အတြက္ ယာဥ္အႏၲရာယ္ေတြကို ႀကဳံရႏိုင္ ပါတယ္။ ဒါ့အျပင္ မသမာ သူေတြရဲ႕ ဖုန္းလုတာ မ်ိဳးေတြကိုပါ ရင္ ဆိုင္ရ တတ္တာေၾကာင့္
လမ္းသြားေနတဲ့အခ်ိန္မွာ ဖုန္းလုံးဝ မသုံးသင့္ ပါဘူးေနာ္ … ။
#Kham
Unicode
ဒီနေ့ခေတ်မှာ လူတိုင်းနီးပါး အကြောင်း တစ်ခုခုကြောင့်တော့ ဖုန်းကို မလွှဲမရှောင်သာ အသုံးပြုနေကြ ရတာပဲ ဖြစ် ပါတယ်။
မရှောင်လွှဲ နိုင်တဲ့ အခြေအနေကြီးမှာ ဖုန်းအသုံးပြုခြင်းက တစ်နေ့တာရဲ့ အရေးကြီးတဲ့အချိန်တွေကို
သိမ်းပိုက် ထားတာမျိုး မဖြစ်ရအောင် ဖုန်းအသုံးမပြု သင့်တဲ့ အချိန်တွေကို အခုလို ဖော်ပြပေးလိုက် ရပါတယ် ။
ဒီလို ဖုန်းအသုံးမပြုဖြစ်အောင် ဆင်ခြင်ခြင်း ကနေ ရလာမယ့် အကျိုးကျေးဇူးလေးတွေကို ပြောပြပေး သွားမှာ ပါနော်။
(၁) မနက် အိပ်ရာနိုးနိုးချင်း
လူအတော် များများ ကတော့ နိုးနိုးခြင်း ပုံမှန်လုပ်မြဲ အလုပ်တစ်ခုလို ဖုန်းကို အရင်ဆုံး သုံးလေ့ ရှိကြပါတယ်။ တစ်နေ့တာရဲ့အစ မနက်ခင်းမှာ စိတ်ကြည်လင် လန်းဆန်းဖို့ဆိုတာ သိပ်ကို အရေးကြီးပါတယ်။
နိုးနိုးချင်း အိပ်ယာထဲမှာ ဖုန်းနဲ့ အချိန်ကုန်လိုက်ခြင်းက လူကို လေးလံသွားစေသလို facebook ကြည့်တတ်ကြတဲ့ သူေ တွအတွက် facebook ကနေ စိတ်ညစ်စရာတွေ တွေ့လာခဲ့တဲ့အခါ စိတ်ကြည်လင်မှုကို အနှောင့်အယှက် ပေးမှာပဲ ဖြစ်ပါတယ်။
အဲ့ဒီအစား မနက်နိုးနိုးခြင်း ဖုန်းအသုံးမပြုဘဲ ဝရန်တာထွက်ပြီး လေအဝရှုလိုက်တာ၊ ပတ်ဝန်းကျင်ကို ကြည့်လိုက် တာမျိုးက စိတ်လန်းဆန်းမှုနဲ့ တက်ကြွမှုကို ရစေမှာပဲ ဖြစ်ပါတယ်။
(၂) အစားအသောက်စားချိန်တွေ
အစားအသောက် စားချိန်မှာ ဖုန်းအသုံးပြုဘဲ အစားအသောက်ကို အာရုံစိုက် စားတာမျိုး လုပ်သင့် ပါတယ်။
အစားအသောက်က ပေးတဲ့ အစာစွမ်းအင်မျိုး၊ အစာစားချင် စိတ်ကို ပုံမှန်ဖြစ်စေ တာမျိုးနဲ့ အစာခြေစနစ် ကောင်းမွန်ဖို့ အတွက် အစားအသောက် အပေါ်ပဲ အာရုံစိုက် စားဖို့ လိုအပ်နေပါတယ်။
အစားအသောက်က ပေးတဲ့ အရသာကို သေသေချာချာ ခံစားနိုင်မှု ကလည်း အစားအသောက်ကို အာရုံစိုက် စားခြင်းမျိုး ကနေ ရနိုင် တာပဲ ဖြစ် ပါတယ်။
(၃) ညအိပ်ယာဝင်ချိန်
မနက် အိပ်ယာနိုးချိန်မှာ ကြည်ကြည်လင်လင် နိုးဖို့ အတွက် ညအိပ်ယာဝင်ချိန်မှာ ခေါင်းရှင်းရှင်းလင်းလင်းနဲ့ အိပ်ပျော်ဖို့ အရေးကြီး ပါတယ်။
ဖုန်းအသုံးပြုနေရင်း အိပ်ပျော် သွားတာမျိုး၊ facebook အသုံးပြုနေရင်း အိပ်ခါနီး ဝမ်းနည်းစရာ သတင်းတွေ တက်လာ တာမျိုး၊ စိတ်ညစ်စရာတွေ တွေ့လိုက် ရတာ မျိုးက အိပ်စက်ခြင်းကို အနှောင့်အယှက် ဖြစ်ပါ တယ်။
စိတ်ဖိစီးမှုတွေနဲ့ ဦးနှောက် ပင်ပန်းမှုတွေလည်း ဖြစ်သွားစေနိုင် ပါ တယ် ။ အဲ့ဒီ အစား ဖုန်းကို အသုံးမပြုပဲ အိပ်စက် တာမျိုးက အိပ်စက်ခြင်းကနေပေးတဲ့ စွမ်းအင်ကို အပြည့်အဝ ရစေမှာပဲ ဖြစ် ပါ တယ် ။
(၄) အလုပ် လုပ်ချိန်
အလုပ်လုပ်တဲ့ အချိန်တွေက ဖုန်းတွေ အသုံး မပြုလေ ကောင်းလေပါပဲ။ အလုပ်နဲ့ ပတ်သတ်တာတွေ ဖုန်းနဲ့ ဆက်သွယ် တာ ကမျိုး ကလွဲရင် အလုပ်ချိန်မှာ ဖုန်းသုံးတာက သင့်ကို စိတ်အပြောင်းအလဲ ဖြစ်စေတာ မျိုး ထက် တစ်ခါတစ်လေ ထိုင်းမှိုင်း သွားစေ တတ် ပါ တယ် ။
အလုပ်လုပ် နိုင်စွမ်း ကိုလည်း နှေးကွေး သွားစေလို့ အလုပ်မှာ အာရုံစိုက် တာက အကောင်းဆုံး ပါပဲ ။
(၅) လမ်းသွားတဲ့အချိန်
လမ်းလျှောက်နေရင်း ဖုန်းသုံးတာက တကယ့်ကို အန္တရာယ်ကြီးတဲ့ ကိစ္စပါပဲ။ ဖုန်းကို အာရုံစိုက်ပြီး ငုံသုံးနေ တဲ့အတွက် ယာဉ်အန္တရာယ်တွေကို ကြုံရနိုင် ပါတယ်။ ဒါ့အပြင် မသမာ သူတွေရဲ့ ဖုန်းလုတာ မျိုးတွေကိုပါ ရင် ဆိုင်ရ တတ်တာကြောင့်
လမ်းသွားနေတဲ့အချိန်မှာ ဖုန်းလုံးဝ မသုံးသင့် ပါဘူးနော် … ။
#Kham