အခ်စ္နွင့္ဘဝ

သင့္ ရည္းစားေဟာင္းကို အိပ္မက္ မက္ရျခင္း အေၾကာင္းအရင္း…

သင့္ ရည္းစားေဟာင္းကို အိပ္မက္ မက္ရျခင္း အေၾကာင္းအရင္း…

ရည္စားေဟာင္းအေၾကာင္းကုိ အိပ္မက္မက္တယ္ဆုိတာ Relationship တစ္ခု ပ်က္ျပီးခါစမွာ ပိုျပီးမက္ေလ့ရွိတဲ့ အိပ္မက္တစ္မ်ဳိး ျဖစ္ပါတယ္။ ရည္းစားေဟာင္းနဲ႕ပတ္သတ္မႈရွိခဲ့သေလာက္ အိပ္မက္ မက္မွာ ျဖစ္ျပီး ဒီလူနဲ႕ မရွင္းလင္းရေသးတဲ့ (မျပီးျပတ္ေသးတဲ့ ခံစားခ်က္) ေတြ ရွိေနေသးလုိ႕လည္း ျဖစ္ပါတယ္ …။

ရုတ္တရက္ အေၾကာင္းမသင့္လုိ႕ ခြဲခြာခဲ့ရတဲ့ သမီးရည္းစားေတြမွာ အိပ္မက္ပုိမက္တတ္ျပီး ၾကာရွည္ေလ့ ရွိပါတယ္။ ရည္းစားေဟာင္း အေၾကာင္းအိပ္မက္ကုိ ပုိျပီး ရွင္းလင္း နားလည္သေဘာေပါက္ဖုိ႕လုိအပ္ျပီး အခုဒီမွာေတာ့ ေယဘုယ် ျဖစ္တတ္တဲ့ အေၾကာင္းရင္းေတြကုိ ေဖာ္ျပလုိက္ပါတယ္ေနာ္ …။

၁။ သူနဲ႕ပါတ္သတ္ျပီး တစ္စုံတစ္ရာကုိ လြမ္းမိေနလုိ႔”

သင့္ရည္းစားေဟာင္းမွာ သင္ခ်စ္ျမတ္ႏုိးရတဲ့ အရာတစ္ခုရွိရင္သူ႕ကို အိပ္မက္မိမွာ ျဖစ္ျပီး ဥပမာ – သူက သင္ကုိ ရယ္ေမာေအာင္လုပ္ႏုိင္ခဲ့တာလား၊ သင့္ကုိ အရမ္း ခ်စ္ျမတ္ႏုိ္းခဲ့တာ လား စတဲ့ အရည္အခ်င္းေတြ ျဖစ္ပါတယ္။ ဒါဟာ တကယ္ေတာ့ သင္ရဲ႕ ရည္းစားေဟာင္းမွာရွိတဲ့ အရည္အခ်င္းကို သတိရတာျဖစ္ျပီး လူပုဂၢဳိလ္တစ္ေယာက္လုံး ကုိ သတိရေနတာ မဟုတ္ဘူးဆုိတာကုိ သတိျပဳဖုိ႕လိုအပ္ပါတယ္။ ဒါေၾကာင့္ သင့္အေနနဲ႕ ဒီအရည္အခ်င္းေၾကာင့္ ဒီလူကုိ ျပန္တြဲမွာလား … ေရွ႕ကို ဆက္ေလွ်ာက္လွမ္းမွာလား … ဆုိတာ ေသခ်ာစဥ္းစားဖုိ႕ လုိအပ္ပါတယ္ …။

၂။ သမီးရည္းစားဘ၀ကုိ ျပန္လြမ္းေနျခင္း”

သင့္ရဲ႕ အိပ္မက္ထဲမွာ ႏွစ္ေယာက္သားလက္ခ်င္းတြဲျပီး လမ္းေလွ်ာက္ေနမယ္ ၊ ႏွစ္ေယာက္သားၾကည္ႏူးေနမယ္ … စတာေတြကုိ အိပ္မက္မက္ေနတယ္ဆုိရင္ သင္ဟာ ရည္းစားေဟာင္းကုိ လြမ္းေနတာ မဟုတ္ပဲ သမီးရည္းစားဘ၀ကိုသာ လြမ္းေနလို႔သာ ျဖစ္ပါတယ္။ဒါေၾကာင့္ သင္ဟာ သင့္ရည္းစားေဟာင္းကုိ လြမ္းေနျခင္းမဟုတ္ပဲ တစ္ေယာက္တည္း အထီးက်န္ဘ၀နဲ႕ေနထုိင္ေနရတာကုိ ပ်င္းေနတာ ျဖစ္ျပီး သင္ခ်စ္ျမတ္ႏုိးတဲ့ လူတစ္ေယာက္ကုိ လုိအပ္ေနတာ ျဖစ္ပါတယ္။ ဒါဟာ သဘာ၀တရားတစ္ခုသာျဖစ္ျပီး ရွက္ေနစရာ မလုိအပ္ပါဘူး။ ဒါေပမဲ့ အထီးက်န္ဘ၀ကုိ ပ်င္းလို႕ဆုိျပီး ရည္းစားေဟာင္းနဲ႕ ျပန္တြဲျခင္းဟာ ေကာင္းက်ဳိးထက္ဆုိးက်ဳိးကုိသာ ပုိျဖစ္ေစမွာပဲ ျဖစ္ပါတယ္ …။

၃။ မျပီး ျပတ္ေသးတဲ့ ကိစၥေတြရွိေနျခင္း”

လမ္းခြဲလုိက္ျပီဆုိတာ နွစ္ေယာက္သားကိစၥေတြက ျပီးျပတ္သြားတာ မဟုတ္ပါဘူး။ ရည္းစားေဟာင္းကုိ အိပ္မက္မက္ေနတယ္ဆုိတာ သူ႕နဲ႕ မျပီးျပတ္တဲ့ ကိစၥေတြရွိေနလုိ႕ ျဖစ္ျပီး သူ႕ကို ေျပာခြင့္မရခဲ့တဲ့ စကားေတြ၊ ခံစားခ်က္ေတြ ရိွေနေသးတာေၾကာင့္ ျဖစ္ပါတယ္။ဒါေၾကာင့္ ဒီလုိေျပာခ်င္တဲ့ ခံစားခ်က္ေတြစာသားေတြကုိ ေသခ်ာျပန္စဥ္းစားျပီး သူကုိေျပာလိုက္တာ ပဲျဖစ္ျဖစ္ စာရြက္တစ္ရြက္ေပၚမွာ ေရးခ်လုိက္တာပဲျဖစ္ျဖစ္ အတတ္ႏုိင္ဆုံး ကုစားႏုိင္ပါတယ္ …။

၄။ သူ႕ကုိ လြမ္းေနျခင္း”

အေပၚဆုံးအခ်က္မွာ ေျပာခဲ့သလုိ ရည္းစားေဟာင္းအေၾကာင္း အိပ္မက္မက္ျခင္းရဲ႕ ၇၅ % ခန္႕ဟာ ရည္းစားေဟာင္းကုိ လြမ္းလုိ႕မက္တာမဟုတ္ပါဘူး။ ဒါေပမ့ဲ သင္တုိ႕ ႏွစ္ေယာက္လမ္းခြဲလိုက္တာလည္း မၾကာေသးဘူး၊ သင္ အသိစိတ္ရွိေနခ်ိန္မွာေတာင္ သူ႕ကုိသတိရေနတယ္ ဆုိရင္ေတာ့ သင္က သူ႕ကုိ ခံစားခ်က္ရွိေနဆဲ ျဖစ္ျပီး ျပန္ဆက္သြယ္ဖုိ႕ေတာင္ ၾကဳိးစားခ်င္ေနပါလိမ့္မယ္ …။

၅။ ၾကဳံရာက်ပန္း မက္ျခင္း”

အိပ္မက္ဆုိတာ ၾကဳံရာမက္ေနတာပါပဲ။ ဒီထက္ရွင္းတာေတာ့ မရွိေတာ့ပါဘူး။ သင္႕ Ex အေၾကာင္းမက္ႏုိင္သလုိ၊ သင္ေမြးထားတဲ့ ေၾကာင္ေလးအေၾကာင္းလည္း မက္ရင္မက္မိမွာပါ။ အျမဲတမ္းမက္ေနတာ မ်ဳိးမဟုတ္ဘဲ တစ္ၾကိမ္နွစ္ၾကိမ္မွ မက္မိတာ ဆုိရင္ေတာ့ ဥပမာ သင့္ညက သူ Facebook အေကာင့္ထဲ ရည္းစားသစ္ရေနျပီလားဆုိတာ သြားၾကည့္တာ မ်ဳိး၊ သင္တုိ႕စားေနၾကပီဇာဆုိင္ေရာက္သြားတာမ်ဳိး၊ စတဲ့ မွတ္ဥာဏ္ေတြက အိပ္မက္အျဖစ္ အသြင္ေျပာင္းလဲသြားတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ရည္းစာဒေဟာင္းအေၾကာင္းအိပ္မက္ မက္မိတယ္ဆုိတာ စိတ္ပူစရာၾကီးျဖစ္ေပမဲ့ ရည္းစားေဟာင္းအေၾကာင္း အိပ္မက္မက္မိတာရဲ႕ အမ်ားစု အေၾကာင္းရင္းကေတာ့ သူနဲ႕ ျပန္တြဲခ်င္လုိ႕ မဟုတ္ပါဘူးေနာ္ …။ ။

Myo Myo

Ref : Her Interest

(Aunty May)

Unicode Version ဖြင့်ဖတ်ရန်

သင့် ရည်းစားဟောင်းကို အိပ်မက် မက်ရခြင်း အကြောင်းအရင်း…

ရည်စားဟောင်းအကြောင်းကို အိပ်မက်မက်တယ်ဆိုတာ Relationship တစ်ခု ပျက်ပြီးခါစမှာ ပိုပြီးမက်လေ့ရှိတဲ့ အိပ်မက်တစ်မျိုး ဖြစ်ပါတယ်။ ရည်းစားဟောင်းနဲ့ပတ်သတ်မှုရှိခဲ့သလောက် အိပ်မက် မက်မှာ ဖြစ်ပြီး ဒီလူနဲ့ မရှင်းလင်းရသေးတဲ့ (မပြီးပြတ်သေးတဲ့ ခံစားချက်) တွေ ရှိနေသေးလို့လည်း ဖြစ်ပါတယ် …။

ရုတ်တရက် အကြောင်းမသင့်လို့ ခွဲခွာခဲ့ရတဲ့ သမီးရည်းစားတွေမှာ အိပ်မက်ပိုမက်တတ်ပြီး ကြာရှည်လေ့ ရှိပါတယ်။ ရည်းစားဟောင်း အကြောင်းအိပ်မက်ကို ပိုပြီး ရှင်းလင်း နားလည်သဘောပေါက်ဖို့လိုအပ်ပြီး အခုဒီမှာတော့ ယေဘုယျ ဖြစ်တတ်တဲ့ အကြောင်းရင်းတွေကို ဖော်ပြလိုက်ပါတယ်နော် …။

၁။ သူနဲ့ပါတ်သတ်ပြီး တစ်စုံတစ်ရာကို လွမ်းမိနေလို့”

သင့်ရည်းစားဟောင်းမှာ သင်ချစ်မြတ်နိုးရတဲ့ အရာတစ်ခုရှိရင်သူ့ကို အိပ်မက်မိမှာ ဖြစ်ပြီး ဥပမာ – သူက သင်ကို ရယ်မောအောင်လုပ်နိုင်ခဲ့တာလား၊ သင့်ကို အရမ်း ချစ်မြတ်န်ိုးခဲ့တာ လား စတဲ့ အရည်အချင်းတွေ ဖြစ်ပါတယ်။ ဒါဟာ တကယ်တော့ သင်ရဲ့ ရည်းစားဟောင်းမှာရှိတဲ့ အရည်အချင်းကို သတိရတာဖြစ်ပြီး လူပုဂ္ဂိုလ်တစ်ယောက်လုံး ကို သတိရနေတာ မဟုတ်ဘူးဆိုတာကို သတိပြုဖို့လိုအပ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ဒီအရည်အချင်းကြောင့် ဒီလူကို ပြန်တွဲမှာလား … ရှေ့ကို ဆက်လျှောက်လှမ်းမှာလား … ဆိုတာ သေချာစဉ်းစားဖို့ လိုအပ်ပါတယ် …။

၂။ သမီးရည်းစားဘဝကို ပြန်လွမ်းနေခြင်း”

သင့်ရဲ့ အိပ်မက်ထဲမှာ နှစ်ယောက်သားလက်ချင်းတွဲပြီး လမ်းလျှောက်နေမယ် ၊ နှစ်ယောက်သားကြည်နူးနေမယ် … စတာတွေကို အိပ်မက်မက်နေတယ်ဆိုရင် သင်ဟာ ရည်းစားဟောင်းကို လွမ်းနေတာ မဟုတ်ပဲ သမီးရည်းစားဘဝကိုသာ လွမ်းနေလို့သာ ဖြစ်ပါတယ်။ဒါကြောင့် သင်ဟာ သင့်ရည်းစားဟောင်းကို လွမ်းနေခြင်းမဟုတ်ပဲ တစ်ယောက်တည်း အထီးကျန်ဘဝနဲ့နေထိုင်နေရတာကို ပျင်းနေတာ ဖြစ်ပြီး သင်ချစ်မြတ်နိုးတဲ့ လူတစ်ယောက်ကို လိုအပ်နေတာ ဖြစ်ပါတယ်။ ဒါဟာ သဘာဝတရားတစ်ခုသာဖြစ်ပြီး ရှက်နေစရာ မလိုအပ်ပါဘူး။ ဒါပေမဲ့ အထီးကျန်ဘဝကို ပျင်းလို့ဆိုပြီး ရည်းစားဟောင်းနဲ့ ပြန်တွဲခြင်းဟာ ကောင်းကျိုးထက်ဆိုးကျိုးကိုသာ ပိုဖြစ်စေမှာပဲ ဖြစ်ပါတယ် …။

၃။ မပြီး ပြတ်သေးတဲ့ ကိစ္စတွေရှိနေခြင်း”

လမ်းခွဲလိုက်ပြီဆိုတာ နှစ်ယောက်သားကိစ္စတွေက ပြီးပြတ်သွားတာ မဟုတ်ပါဘူး။ ရည်းစားဟောင်းကို အိပ်မက်မက်နေတယ်ဆိုတာ သူ့နဲ့ မပြီးပြတ်တဲ့ ကိစ္စတွေရှိနေလို့ ဖြစ်ပြီး သူ့ကို ပြောခွင့်မရခဲ့တဲ့ စကားတွေ၊ ခံစားချက်တွေ ရှိနေသေးတာကြောင့် ဖြစ်ပါတယ်။ဒါကြောင့် ဒီလိုပြောချင်တဲ့ ခံစားချက်တွေစာသားတွေကို သေချာပြန်စဉ်းစားပြီး သူကိုပြောလိုက်တာ ပဲဖြစ်ဖြစ် စာရွက်တစ်ရွက်ပေါ်မှာ ရေးချလိုက်တာပဲဖြစ်ဖြစ် အတတ်နိုင်ဆုံး ကုစားနိုင်ပါတယ် …။

၄။ သူ့ကို လွမ်းနေခြင်း”

အပေါ်ဆုံးအချက်မှာ ပြောခဲ့သလို ရည်းစားဟောင်းအကြောင်း အိပ်မက်မက်ခြင်းရဲ့ ၇၅ % ခန့်ဟာ ရည်းစားဟောင်းကို လွမ်းလို့မက်တာမဟုတ်ပါဘူး။ ဒါပေမဲ့ သင်တို့ နှစ်ယောက်လမ်းခွဲလိုက်တာလည်း မကြာသေးဘူး၊ သင် အသိစိတ်ရှိနေချိန်မှာတောင် သူ့ကိုသတိရနေတယ် ဆိုရင်တော့ သင်က သူ့ကို ခံစားချက်ရှိနေဆဲ ဖြစ်ပြီး ပြန်ဆက်သွယ်ဖို့တောင် ကြိုးစားချင်နေပါလိမ့်မယ် …။

၅။ ကြုံရာကျပန်း မက်ခြင်း”

အိပ်မက်ဆိုတာ ကြုံရာမက်နေတာပါပဲ။ ဒီထက်ရှင်းတာတော့ မရှိတော့ပါဘူး။ သင့် Ex အကြောင်းမက်နိုင်သလို၊ သင်မွေးထားတဲ့ ကြောင်လေးအကြောင်းလည်း မက်ရင်မက်မိမှာပါ။ အမြဲတမ်းမက်နေတာ မျိုးမဟုတ်ဘဲ တစ်ကြိမ်နှစ်ကြိမ်မှ မက်မိတာ ဆိုရင်တော့ ဥပမာ သင့်ညက သူ Facebook အကောင့်ထဲ ရည်းစားသစ်ရနေပြီလားဆိုတာ သွားကြည့်တာ မျိုး၊ သင်တို့စားနေကြပီဇာဆိုင်ရောက်သွားတာမျိုး၊ စတဲ့ မှတ်ဉာဏ်တွေက အိပ်မက်အဖြစ် အသွင်ပြောင်းလဲသွားတာ ဖြစ်ပါတယ်။ ဒါကြောင့် ရည်းစာဒဟောင်းအကြောင်းအိပ်မက် မက်မိတယ်ဆိုတာ စိတ်ပူစရာကြီးဖြစ်ပေမဲ့ ရည်းစားဟောင်းအကြောင်း အိပ်မက်မက်မိတာရဲ့ အများစု အကြောင်းရင်းကတော့ သူနဲ့ ပြန်တွဲချင်လို့ မဟုတ်ပါဘူးနော် …။ ။

Myo Myo

Ref : Her Interest

(Aunty May)