မဲရုံတာဝန်ကျပြီး ပျောက်ဆုံးနေတဲ့ ကျောင်းဆရာလေး (မိဘတွေ အစား ရင်နာလိုက်တာ)
မြောက်ဖျားပိုင်းတောင်ပေါ်၌ မဲရုံတာဝန်ကျပြီး ပျောက်ဆုံးနေသော သားကျောင်းဆရာအတွက် သောကမီးတောက်လောင် နေသော ဆင်းရဲပြီး ရိုးသားသော တောင်သူဒကာမများအတွက် ကိုယ်တော်များစွာ စိတ်မကောင်း ဖြစ်မိပါတယ်။
အကြောင်းစုံမှာ နောင်မွန်မြိုနယ်မှာ ပန်နန်ဒင်မြို့မှ ၄၈ မိုင်ခန့်အကွာ ဒဇုံဒမ်ကျေးရွာအုပ်စုရှိ မဲရုံအမှတ်၂၂ တွင် တာဝန်ကျသော မဲရုံအဖွဲ့ဝင်(မဲစာရင်စစ်ဆေးသူ) တဆူထုကျေးရွာ အခြေခံအလယ်တန်းကျောင်းတွင် တာဝန်ကျဆရာ ရဲထွေးအောင် အသက် ၂၅နှစ် (ဘ) ဦးရဲမြင့် မိုညုင်းမြိုနယ် ညောင်ကိုင်းကျေးရွာ နေထိုင်သူသည် နိုဝင်ဘာ ၆ ရက် ညနေ့ပိုင်းမှာ ရုတ်တရက်တောင်ပေါ်၌ ခြေချော်ကျသွား၍ ချောင်းရေနက်ပိုင်းသို့ မျောပါသွားခဲ့သည်။
ယခု အချိန်ထိ သေဆုံး (သို့) ပျောက်ဆုံး ဖြစ်နေပြီး ရှာမတွေ့သေးပါ။ ဆရာရဲထွေးအောင်၏ ဆင်းရဲသော လယ်သမား မိဘ ညီအစ်ကိုမောင်နှမများနှင့် ကိုယ်တော် ထပ်တူခံစား မိပါတယ်။
သက်ဆိုင်ရာများ ကျေးဇူးကျေးဇူပြု၍ အလျင်အမြန် ရှာပေးစေချင်ပါတယ်
Crd#
Zawgyi,
Crd#