အေထြအေထြဗဟုသုတ

စမတ္က်ၿပီး ထက္ျမက္တဲ့ လူငယ္တစ္ေယာက္ ျဖစ္လာေစမယ့္ နည္းလမ္းေကာင္းေလးမ်ား …

စမတ္က်ၿပီး ထက္ျမက္တဲ့ လူငယ္တစ္ေယာက္ ျဖစ္လာေစမယ့္ နည္းလမ္းေကာင္းေလးမ်ား

ဒီေန႔လို အၿပိဳင္အဆိုင္မ်ားတဲ့ ေခတ္မွာ လူငယ္ျဖစ္လာၿပီဆိုရင္ ဘာမွ မသိတာမ်ိဳးထက္စာရင္ ဗဟုသုတလည္း ရွိၿပီး သြက္လက္တဲ့သူဆိုရင္ ပိုၿပီး အခြင့္အလမ္းေတြကို ဆုပ္ကိုင္ႏိုင္ရေခ် မ်ားပါတယ္။

လူငယ္တစ္ေယာက္အေနနဲ႔ ဘာမွ မသိဘူးဆိုတာမ်ိဳး မျဖစ္ရေလေအာင္ ကိုယ့္ကိုယ္ကို ထက္ျမက္တဲ့သူ ျဖစ္ထားရင္ အေကာင္းဆံုးပါပဲ။ ဒီအတြက္ ကိုယ့္ဘက္က ဒီအရာေတြကို ျပင္ဆင္ထားမယ္ဆိုရင္ ျဖစ္ႏိုင္ပါတယ္ေနာ္။

(၁) ေလ့လာပါ

လူငယ္တစ္ေယာက္အေနနဲ႔ ေလ့လာၿပီး တတ္ေျမာက္ထားသင့္တာေတြ အမ်ားႀကီးပါပဲ။ ကြန္ပ်ဴတာ သံုးတတ္တာ၊ နည္းပညာေတြနဲ႔ ပတ္သတ္ရင္ ဗဟုသုတရွိတာ၊ အႏုပညာ အျမင္ရွိတာေတြ အျပင္ ဘာသာစကား တစ္ခုခု တတ္ေျမာက္ထားတာက သင့္ကို ပိုၿပီး အျမင္က်ယ္ေစပါတယ္။

ဒါ့အျပင္ လူငယ္ေတြၾကားမွာ ဘယ္လုိမ်ိဳး ဆက္ဆံေရးေတြ ရွိတတ္တယ္ဆိုတာကို ေလ့လာထားရင္ ပိုေကာင္းပါတယ္။

(၂) trend ကို မ်က္ေျခ မျပတ္ပါနဲ႔

ထက္ျမက္တဲ့လူငယ္တစ္ေယာက္ ျဖစ္ဖို႔ဆိုရင္ ပတ္ဝန္းက်င္ အေျခအေနကိုလည္း မ်က္ေျခမပ်က္တာ အေကာင္းဆံုး ျဖစ္ပါတယ္။

လူငယ္ေတြ ဘာကို စိတ္ဝင္စားေနလဲ၊ လုပ္ငန္းခြင္ေတြမွာ ဘာေတြက ပိုၿပီး အခြင့္အလမ္းမ်ားလဲ၊ ကိုယ့္အိပ္မက္နဲ႔ ဆိုင္တဲ့ အလုပ္အကိုင္ေတြကေရာ ဘာေတြလဲ စတာေတြကို သိထားတယ္ဆိုရင္ ခပ္တံုးတံုး လူငယ္တစ္ေယာက္မ်ိဳး ျဖစ္ေနမွာ မဟုတ္ပါဘူးေနာ္။

(၃) တစိုက္မတ္မတ္ ရွိပါေစ

ဟိုစပ္စပ္ ဒီစပ္စပ္ လုိက္ေလ့လာတာမ်ိဳးထက္ပိုၿပီး စမတ္က်တဲ့သူ ျဖစ္ခ်င္ရင္ေတာ့ အလုပ္အကိုင္မွာ ျဖစ္ေစ၊ အတတ္ပညာတစ္ခုခုကို ေလ့လာတဲ့အခါ ျဖစ္ေစ တစိုက္မတ္မတ္ လုပ္ႏိုင္ရင္ အေကာင္းဆံုးပါပဲ။

တစ္ခုတည္းကိုပဲ အာရံုစိုက္ၿပီး ကၽြမ္းက်င္ေအာင္ လုပ္တာက သင့္ကို စမတ္က်တဲ့ အသြင္အျပင္ကို ရရွိေစပါတယ္ေနာ္။

(၄) ကိုယ္နဲ႔ လိုက္ဖက္ေအာင္ ဝတ္ပါ

ဘယ္ေလာက္ပဲ အေတြးအေခၚေတြ ေကာင္းေနပါေစ၊ first impression က သိပ္ကို အေရးႀကီးပါတယ္။ ကိုယ့္ရဲ႕ အရည္အခ်င္းေတြကို ကိုယ္နဲ႔ တြဲအလုပ္လုပ္မွ သိႏိုင္ေပမယ့္ အဝတ္အစား အျပင္အဆင္ကလည္း ကိုယ္ ဘယ္လို လူလဲဆိုတာကို ေပၚလြင္ေစပါတယ္။

ဒါေၾကာင့္ လူငယ္ပီပီ စတိုင္က်က်ေလး ဝတ္တာက သင့္ကို ပိုၿပီး ေပၚလြင္ေစပါတယ္။

(၅) လူမႈဆက္ဆံေရးကို ေလ့က်င့့္ပါ

စမတ္က်တဲ့လူအမ်ားစုေတြကို ၾကည့္လိုက္ရင္ လူမႈဆက္ဆံေရး ေကာင္းမြန္ေနတာကို သိရမွာပါ။ ဘယ္လိုလူမ်ိဳးကိုမဆို သူတို႔က အဆင္ေျပေျပ ဆက္ဆံေျပာဆိုႏိုင္တာ သူတို႔ရဲ႕ အားသာခ်က္ တစ္ခုပါပဲ။

 

ဒီလိုအရည္အခ်င္းက ေလ့က်င့္ယူလို႔ ရလို႔ စမတ္က်တဲ့ လူငယ္ ျဖစ္ခ်င္ရင္ ကိုယ့္ရဲ႕ လူမႈဆက္ဆံေရး အရည္အခ်င္းကိုပါ ေကာင္းမြန္ေအာင္ လုပ္ရမွာ ျဖစ္ပါတယ္။

(၆) အခ်ိန္ကို ေသခ်ာသံုးပါ

အခ်ိန္ဆိုတာ သိပ္ကို အဖိုးတန္တယ္ဆိုုတာ သိၿပီး ေသခ်ာ မသံုးတတ္ရင္ေတာ့ ဘာမွ သိပ္မထူးပါဘူး။

ေလ့လာဖို႔ အခ်ိန္ေတြ၊ အနားယူဖို႔ အခ်ိန္ေတြ၊ အိပ္စက္ဖို႔ အခ်ိန္ေတြ စနစ္တက် သံုးစြဲတာမ်ိဳးက စမတ္က်တဲ့သူေတြမွာ ရွိေနတဲ့အခ်က္ တစ္ခ်က္လည္း ျဖစ္ပါတယ္။

Kham

Unicode,

စမတ်ကျပြီး ထက်မြက်တဲ့ လူငယ်တစ်ယောက် ဖြစ်လာစေမယ့် နည်းလမ်းကောင်းလေးများ

ဒီနေ့လို အပြိုင်အဆိုင်များတဲ့ ခေတ်မှာ လူငယ်ဖြစ်လာပြီဆိုရင် ဘာမှ မသိတာမျိုးထက်စာရင် ဗဟုသုတလည်း ရှိပြီး သွက်လက်တဲ့သူဆိုရင် ပိုပြီး အခွင့်အလမ်းတွေကို ဆုပ်ကိုင်နိုင်ရချေ များပါတယ်။

လူငယ်တစ်ယောက်အနေနဲ့ ဘာမှ မသိဘူးဆိုတာမျိုး မဖြစ်ရလေအောင် ကိုယ့်ကိုယ်ကို ထက်မြက်တဲ့သူ ဖြစ်ထားရင် အကောင်းဆုံးပါပဲ။ ဒီအတွက် ကိုယ့်ဘက်က ဒီအရာတွေကို ပြင်ဆင်ထားမယ်ဆိုရင် ဖြစ်နိုင်ပါတယ်နော်။

(၁) လေ့လာပါ

လူငယ်တစ်ယောက်အနေနဲ့ လေ့လာပြီး တတ်မြောက်ထားသင့်တာတွေ အများကြီးပါပဲ။ ကွန်ပျူတာ သုံးတတ်တာ၊ နည်းပညာတွေနဲ့ ပတ်သတ်ရင် ဗဟုသုတရှိတာ၊ အနုပညာ အမြင်ရှိတာတွေ အပြင် ဘာသာစကား တစ်ခုခု တတ်မြောက်ထားတာက သင့်ကို ပိုပြီး အမြင်ကျယ်စေပါတယ်။

ဒါ့အပြင် လူငယ်တွေကြားမှာ ဘယ်လိုမျိုး ဆက်ဆံရေးတွေ ရှိတတ်တယ်ဆိုတာကို လေ့လာထားရင် ပိုကောင်းပါတယ်။

(၂) trend ကို မျက်ခြေ မပြတ်ပါနဲ့

ထက်မြက်တဲ့လူငယ်တစ်ယောက် ဖြစ်ဖို့ဆိုရင် ပတ်ဝန်းကျင် အခြေအနေကိုလည်း မျက်ခြေမပျက်တာ အကောင်းဆုံး ဖြစ်ပါတယ်။

လူငယ်တွေ ဘာကို စိတ်ဝင်စားနေလဲ၊ လုပ်ငန်းခွင်တွေမှာ ဘာတွေက ပိုပြီး အခွင့်အလမ်းများလဲ၊ ကိုယ့်အိပ်မက်နဲ့ ဆိုင်တဲ့ အလုပ်အကိုင်တွေကရော ဘာတွေလဲ စတာတွေကို သိထားတယ်ဆိုရင် ခပ်တုံးတုံး လူငယ်တစ်ယောက်မျိုး ဖြစ်နေမှာ မဟုတ်ပါဘူးနော်။

(၃) တစိုက်မတ်မတ် ရှိပါစေ

ဟိုစပ်စပ် ဒီစပ်စပ် လိုက်လေ့လာတာမျိုးထက်ပိုပြီး စမတ်ကျတဲ့သူ ဖြစ်ချင်ရင်တော့ အလုပ်အကိုင်မှာ ဖြစ်စေ၊ အတတ်ပညာတစ်ခုခုကို လေ့လာတဲ့အခါ ဖြစ်စေ တစိုက်မတ်မတ် လုပ်နိုင်ရင် အကောင်းဆုံးပါပဲ။

တစ်ခုတည်းကိုပဲ အာရုံစိုက်ပြီး ကျွမ်းကျင်အောင် လုပ်တာက သင့်ကို စမတ်ကျတဲ့ အသွင်အပြင်ကို ရရှိစေပါတယ်နော်။

(၄) ကိုယ်နဲ့ လိုက်ဖက်အောင် ဝတ်ပါ

ဘယ်လောက်ပဲ အတွေးအခေါ်တွေ ကောင်းနေပါစေ၊ first impression က သိပ်ကို အရေးကြီးပါတယ်။ ကိုယ့်ရဲ့ အရည်အချင်းတွေကို ကိုယ်နဲ့ တွဲအလုပ်လုပ်မှ သိနိုင်ပေမယ့် အဝတ်အစား အပြင်အဆင်ကလည်း ကိုယ် ဘယ်လို လူလဲဆိုတာကို ပေါ်လွင်စေပါတယ်။

ဒါကြောင့် လူငယ်ပီပီ စတိုင်ကျကျလေး ဝတ်တာက သင့်ကို ပိုပြီး ပေါ်လွင်စေပါတယ်။

(၅) လူမှုဆက်ဆံရေးကို လေ့ကျင့်ပါ

စမတ်ကျတဲ့လူအများစုတွေကို ကြည့်လိုက်ရင် လူမှုဆက်ဆံရေး ကောင်းမွန်နေတာကို သိရမှာပါ။ ဘယ်လိုလူမျိုးကိုမဆို သူတို့က အဆင်ပြေပြေ ဆက်ဆံပြောဆိုနိုင်တာ သူတို့ရဲ့ အားသာချက် တစ်ခုပါပဲ။

ဒီလိုအရည်အချင်းက လေ့ကျင့်ယူလို့ ရလို့ စမတ်ကျတဲ့ လူငယ် ဖြစ်ချင်ရင် ကိုယ့်ရဲ့ လူမှုဆက်ဆံရေး အရည်အချင်းကိုပါ ကောင်းမွန်အောင် လုပ်ရမှာ ဖြစ်ပါတယ်။

(၆) အချိန်ကို သေချာသုံးပါ

အချိန်ဆိုတာ သိပ်ကို အဖိုးတန်တယ်ဆိုတာ သိပြီး သေချာ မသုံးတတ်ရင်တော့ ဘာမှ သိပ်မထူးပါဘူး။

လေ့လာဖို့ အချိန်တွေ၊ အနားယူဖို့ အချိန်တွေ၊ အိပ်စက်ဖို့ အချိန်တွေ စနစ်တကျ သုံးစွဲတာမျိုးက စမတ်ကျတဲ့သူတွေမှာ ရှိနေတဲ့အချက် တစ်ချက်လည်း ဖြစ်ပါတယ်။

Kham