ရှိလို့လှူ လှူလို့ရှိ ရှိပြီးရင်း ရှိ ဆိုသော မြန်မာလူမျိူး များသည် ဒါန ၏ အကျိူးကိုလည်း ယုံကြည်သူများပင် ဖြစ်ပေသည်။ အမျိူးမျိုး အဖုံဖုံသော နည်းများဖြင့် နည်းများဖြင့် အလှုဒါန ပြု့လေ့ရှိကြသည်။
သို့သော် မြတ်စွာဘုရား အား လှုသော အလှူသည်ကား လောကတွင် အမြတ်ဆုံး အလှူဖြစ်သည်။ထို အလှုဒါန ၏ အကျိူးကား အနန္တ ပင်ဖြစ်သည်။
အကျိူးပေးသည် ကလည်း အခါပေါင်း အသင်္ချေ ပင်ဖြစ်သည်။သို့ ပါ ၍ … မြတ်စွာ ဘုရား (၇) ဆူ ဆွမ်းတော်ကပ်နည်း အား ဖော်ပြ ပေးလိုပါသည်။
မြတ်စွာ ဘုရား (၇) ဆူ အား ဆွမ်း တော် ကပ်လှုရာတွင် အရုဏ်ဆွမ်း နှင့် နေ့ဆွမ်း (၂) မျိူးအနက်မှ နှစ်သက်ရာ ကပ်လှုနိုင်ပါသည်။
သို့ရာတွင်မိမိ ကပ်လှုမည့် နေ့ မရောက်မီ တစ်ည အလိုတွင် မိမိ နှင့်အတူတကွ (၃၁) ဘုံသား သတ္တဝါ အားလုံးတို့အား ကုသိုလ် အဖို့ဘာဂ ကို အမျှရစေခြင်း ငှါ ကြိုတင်၍ ပင့်ဖိတ်ထားရန် လိုအပ်ပါသည်။
ကြိုတင်ပင့်ဖိတ်ခြင်း
ကျွနုပ် ၏ သံသရာ မှ စ အနမတဂ္ဂ မှစ၍ ယနေ့ထက်ထိ တော်စပ်ခဲ့ဘူးသော အနန္တဂိုဏ်းဝင် ကျေးဇူးရှင်အပေါင်းတို့အား ၎င်း ဆွေမျိူးမိတ်သင်္ဂဟ အပေါင်းတို့အား ၎င်း ထွက်ရပ်လမ်းဆင်မြန်း ပြီးကြသော ပုဂ္ဂိုလ်တို့အား ၎င်း
ဝိဇ္ဇာ ဇော်ဂျီတပဿီ အစရှိသော ပုဂ္ဂိုလ် အားလုံး အား ၎င်း သိကြားဗြဟ္မာ အစဖြာသော နတ်မြတ်နတ်ကောင်း နတ်အပေါင်းတို့ိအား ၎င်း ဘုမ္မယက္ခ အစဖြာ လျက် သမ္မာဒေဝ မည်နာမ ဖြင့် ခေါ်ကြထင်ရှား နတ်အပေါင်းတို့အား ၎င်း
ဣရံနသီ ဣရံညီ ဝိမလဒေဝီ ဣသကဒေဝီ အစချီသော ဒေဝီ အပေါင်းတို့အား ၎င်း ကိုယ်စောင့်နတ် အပေါင်းတို့အား ၎င်း အတွင်း (၃၇) မင်း အပြင် (၃၇) မင်း နှင့်ဗုဒ္ဓဘာသာ (၃၇)မင်း စသော (၁၀၁) ပါးသောနတ်မင်းတို့အား ၎င်း
လမိုင်းအပေါင်းတို့အား ၎င်း သိုက်နန်းရှင် အပေါင်း သိုက်ချူပ်ဘိုးတော် အပေါင်းတို့အား၎င်း ထိုမျှမက (၃၁) ဘုံ ကျင်လည်နေသမျှ သတ္တဝါ အပေါင်းတို့အား ကျွနုပ်နှင့် အတူ (၇)ဆူကုန်သော မြတ်စွာဘုရားရှင်တို့ အား ဆွမ်းတော် ကပ်လှုပူဇော်နိုင်ကြပါရန် ကျွနုပ်က ကြိုတင်ပင့်ဖိတ်ပါ၏ ။
ကျွနုပ်သည် နက်ဖြန် နံနက်(….)တွင် ဆွမ်း အား (၇)ဆူကုန်သော မြတ်စွာဘုရားရှင်တို့အား ဆက်ကပ် လှုဒါန်းမည် ဖြစ်ပါ၍ သင်တို့သည် ဤ နေရာ ဤ ဋ္ဌာန သို့ ကြွမြန်း ကြပါကုန်လော့။
သဒ္ဒါ ကြည်ညိုမှု့အစု့စု့ ပြု့နိုင်ရန် လာရောက်ကြပါကုန်လော့။ တရားဘာဝနာ နာနိုင်ကြရန် လာရောက်ကြပါကုန်လော့။ ဟု့ ကြိုတင် ၍ ပင့်ဖိတ်ထားရပါမည်။
ဆွမ်းတော်ပွဲ ပြင်ဆင်ပုံ
ဘုရားတစ်ဆူ အတွက် ဆွမ်းတစ်ပွဲ ရည်မှန်း ကာ
ဆွမ်းတော် (၇) ပွဲ ။
သောက်တော်ရေ (၇) ခွက်
ပန်း (၃) ပွင့်စီဖြင့် (၂၁) ပွင့် သပြေ ပန်း ဖြင့်လဲ ပူဇော်နိုင်သည်။
ဖယောင်းတိုင် ၁ တိုင်စီ ဖြင့် (၇) တိုင်
( ရွှေရောင် နှင့် အဖြူရောင် သာ ) အမွှေး နံသာ (၇) တိုင်
ယပ် (၇) စင်း ( အဝါရောင် ယပ် များ သာ )
ဆွမ်းတော်(၇)ပွဲ ကို ဘုရားစင်ရှေ့တွင် စီတန်း ပြင်ဆင်ပါ။
ဆွမ်းတော်ပွဲ ၏ ယာဘက်တွင် သောက်တော်ရေ တစ်ခွက်စီ ဘယ်ဘက်ဘေးတွင် ပန်းသုံးပွင့်ပါ ပန်းတစ်အိုးစီ နှင့် ပန်းအိုး အတွင်း ယပ်တစ်ချောင်းစီထည့်ပါ။
ဆွမ်းတော်ပွဲ ရှေ့တွင် ဆီမီးတိုင် များ ထွန်းငြိပူဇော်ပါ။ ထို့နောက် လက်အုပ်ချီလျက် ယမန်နေ့ညက ကြိုတင်ပင့်ဖိတ်ထားသော ပုဂ္ဂိုလ် သတ္တဝါ များအား ထပ်မံပင့်ပါ။
ပင့်ဖိတ်ပုံ
ကျွနုပ်နှင့် အတူတကွ (၇) ဆူကုန်သော မြတ်စွာဘုရားရှင်တို့အား ဆွမ်းတော် ဆက်ကပ် လှုဒါန်းရန် ယမန်နေ့ညက ကြိုတင် ပင့်ဖိတ်ထားသော ဖိတ်ကြားရန် မေ့လျော့ခဲ့မိသည် ရှိသော်လည်း တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ကြားသိခဲ့ကြသော (၃၁) ဘုံ ကျင်လည်ကုန်သမျှ ဝေနေယျ သုခိတ ဒုက္ခိတ သတ္တဝါ အပေါင်းတို့သည် မြတ်စွာ ဘုရားရှင်တို့အား ဆွမ်းတော် ဆက်ကပ် လှုဒါန်း ရန် အချိန်ကျပြီ ဖြစ်ပါ၍ ဤနေရာ ဤဋ္ဌာန သို့ မနှေးမမြန် ကြွရောက် ကြပါကုန်လော့ ။ ကိုယ်စီ ကိုယ်ငှ နေရာ ယူ ကြပါကုန်လော့။
ထို့နောက် (၇) ဆူကုန်သော မြတ်စွာဘုရားရှင် တို့အား ဆွမ်းတော်ကပ်လှုရန် အောက်ပါအတိုင်း ပင့်ဖိတ်လျှောက် ထားရပါမည်။ ဘုန်းတော် အနန္တ ကံတော်အနန္တ ဉာဏ်တော်အနန္တ တန်ခိုးတော်အနန္တ ဖြင့်ပြည့်စုံတော်မူသော (၃၁) ဘုံသား လူ နတ် ဗြဟ္မာ တို့ ကိုးကွယ်ရာ အစစ်အမှန် ဖြစ်တော်မူပေထသော…
အရှင် ဝိပဿီ မြတ်စွာဘုရားကိုယ်တော်
အရှင် သိခီ မြတ်စွာဘုရား ကိုယ်တော်
အရှင် ဝေဿဘူ မြတ်စွာဘုရားကိုယ်တော်
အရှင် ကကုသန် မြတ်စွာဘုရားကိုယ်တော်
အရှင် ကောဏဂုံ မြတ်စွာဘုရား ကိုယ်တော်
အရှင် ကဿပ မြတ်စွာဘုရား ကိုယ်တော်
အရှင် ဂေါတမ မြတ်စွာဘုရား ကိုယ်တော် တို့အား ဘုရားတပည့်တော် / မ (…….) သည် ယနေ့ဆွမ်း ဆက်ကပ်လှုဒါန်း ပူဇော်လိုပါသဖြင့် အကျွနုပ် ၏ နေအိမ် သို့ ဆွမ်းခံကြွတော်မူပါ ဘုရား။ အထက်ပါအတိုင်း ပင့်ဖိတ်ပြီး ” သြကာသ ” အစချီ ဘုရား ကန်တော့ပါ။ သရဏဂုံ (၃) ပါး တည်ပါ။
(၅) ပါး သော သီလတော်မြတ် ခံယူပါ။ ရုပ်နာမ် (၂) ပါး ခန္ဓာ (၅) ပါး အား (၇) ဆူကုန်သော မြတ်စွာဘုရားထံ လှုဒါန်းပါ။
ဆွမ်းတော်ပွဲ များ ကို ကပ်လှုပါ။ သို့ရာတွင် .. မြတ်စွာဘုရား တစ်ဆူစီ အလိုက် သီးခြား ကပ်လှုပေးရန် လိုအပ်ပါသည်။
နမောတဿ ဝိပဿီသ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
နမော တဿ သိခီသ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
နမော တဿ ဝေသဘူဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
နမော တဿ ကကုသန်ဿ ဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
နမော တဿ ကောဏဂုံ ဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
နမော တဿ ကသပဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
နမော တဿ ဂေါဏဂုံ ဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
ဆွမ်းတော်ပွဲ များ ကပ်လှုပြီးပါက .. အောက်ပါ အစီအစဉ် အတိုင်း သုတ်တော်များ ဂါထာတော် များရွတ်ဖတ်ပါ။
၁။ မင်္ဂလသုတ်
၂။ မေတ္တာသုတ်
၃။ ရတန သုတ်
၄။ ပဋ္ဌာန်း ပစ္စေယ
၅။ ဒိဝါတပတိ ဂါထာ ( သက်စေ့ ထက် တစ်ခေါက် ပိုရွတ်ရမည်) ပြီး လျှင် မိမိတို့ ပြု့သော ကုသိုလ်ကောင်းမှု့အဖို့ဘာဂ ကို မိမိ နှင့်အတူတကွ (၃၁) ဘုံ သား အားလုံး ရပါစေ ကြောင်း အမျှပေးဝေပါ ။
အမျှဝေပြီး လျှင် အားလုံးသော သတ္တဝါ အပေါင်း သုခ ချမ်းသာ ရပါစေကြောင်း ဆု့တောင်း မေတ္တာပို့ပါ။ ထို့နောက် ပင့်ဖိတ်ထားသော ပုဂ္ဂိုလ် အားလုံး နေရပ် ဋ္ဌာနေ သို့ အောက်ပါ အတိုင်း ပြန်ပို့ပါ။
(၇) ဆူ ကုန်သော မြတ်စွဘုရား ရှင်တို့အား ကျွနုပ် နှင့် အတူတကွ ဆွမ်းတော် ကပ်လှုရန် ရောက်ရှိနေကြကုန်သော ပုဂ္ဂိုလ် အားလုံး ယခု့ အခါ ဆွမ်းတော် ကပ်လှုပြီး ဖြစ်သည့် အပြင် သင်တို့အား လည်းကျွနုပ်၏
ဒါနကုသိုလ် သီလ ကုသိုလ် ဘာဝနာ အမှု့အစု့စု့ တို့ သော ကုသိုလ်ကောင်းမှု့အတွက် အမျှပေးဝေ ပြီး ဖြစ်ပါ ၍ သာဓု့အနုမောဓနာ ခေါ်ဆိုပြီး ဤနေရာ ဤဋ္ဌာန မှ သင်တို့ စံမြန်းရာ ဘုံဗိမာန် အသီးသီး တို့ ပြန်လည်ကာ ကြွမြန်းတော် မူ ကြ ပါ ကုန်လော့ ။
ကျွနုပ်နှင့်တကွ ကျွနုပ်၏ မိသားစု့ အားလုံး တို့သည် မမေ့မလျော့ ကြ ကုန်သဖြင့် သင်တို့၏ ဗိမာန် များတွင်လည်း နေ ထိုင် လျက် က စောင့်ရှောက်ကြပါကုန်လော့ ။
လောကီ လောကုတ် နှစ်လီ သော ချမ်းသာ သုခအဝဝ ကို ဆတက် ထမ်းပိုး ရပါစေကြောင်း ဆု့မွန်ကောင်း တောင်း လျက် စောင့်ရှောက်ကြပါကုန်လော့။
လောကီ လောကုတ် အဆင်ပြေ အောငိမြင်စေခြင်းငှာ လက်တွေ့ ပြု့လုပ်ကြည့်ပါ။မိမိ မွေးနေ့ .. လပြည့် .. လကွယ် ရက် များ တွင် သော် ၎င်း .. (၇) ခါ တိတိ ပြု့လုပ်ပေးပါ။
မိမိ ၏ ဒါန သီလ အမျှဝေ မှု့ကြောင့် ကျွတ်သင့် ကျွတ်ထိုက်သော ပုဂ္ဂိုလ် သာဝက များ ကျွတ်တန်းဝင်ပြီးသာဓု့ ခေါ်ဆို နိုင် ပါပေ မည်။
မြတ်မို
Zawgyi
ရှိလို့လှူ လှူလို့ရှိ ရှိပြီးရင်း ရှိ ဆိုသော မြန်မာလူမျိုး များသည် ဒါန ၏ အကျိုးကိုလည်း ယုံကြည်သူများပင် ဖြစ်ပေသည်။ အမျိုးမျိုး အဖုံဖုံသော နည်းများဖြင့် နည်းများဖြင့် အလှုဒါန ပြု့လေ့ရှိကြသည်။
မြတ်စွာ ဘုရား (၇) ဆူ အား ဆွမ်း တော် ကပ်လှုရာတွင် အရုဏ်ဆွမ်း နှင့် နေ့ဆွမ်း (၂) မျိုးအနက်မှ နှစ်သက်ရာ ကပ်လှုနိုင်ပါသည်။
ကျွနုပ် ၏ သံသရာ မှ စ အနမတဂ္ဂ မှစ၍ ယနေ့ထက်ထိ တော်စပ်ခဲ့ဘူးသော အနန္တဂိုဏ်းဝင် ကျေးဇူးရှင်အပေါင်းတို့အား ၎င်း ဆွေမျိုးမိတ်သင်္ဂဟ အပေါင်းတို့အား ၎င်း ထွက်ရပ်လမ်းဆင်မြန်း ပြီးကြသော ပုဂ္ဂိုလ်တို့အား ၎င်း
ဝိဇ္ဇာ ဇော်ဂျီတပဿီ အစရှိသော ပုဂ္ဂိုလ် အားလုံး အား ၎င်း သိကြားဗြဟ္မာ အစဖြာသော နတ်မြတ်နတ်ကောင်း နတ်အပေါင်းတို့အား ၎င်း ဘုမ္မယက္ခ အစဖြာ လျက် သမ္မာဒေဝ မည်နာမ ဖြင့် ခေါ်ကြထင်ရှား နတ်အပေါင်းတို့အား ၎င်း
ဆွမ်းတော် (၇) ပွဲ ။
သောက်တော်ရေ (၇) ခွက်
ပင့်ဖိတ်ပုံ
၁။ မင်္ဂလသုတ်
၂။ မေတ္တာသုတ်
၃။ ရတန သုတ်
၎။ ပဋ္ဌာန်း ပစ္စေယ
မြတ်မို