ၾကားသိရသမွ်

Q ဝင္ေနရတဲ့ ခ်စ္သူေကာင္ေလးကို အုတ္တံတိုင္းေက်ာ္ၿပီး ခိုးဝင္ လာေတြ႕တဲ့ ေကာင္မေလးကို ပတ္ဝန္းက်င္က ေစာင့္ဖမ္းၿပီး အေရးယူ

ရည္းစားျဖစ္သူ Quarantine ဝင္ေနခ်ိန္ အုတ္တံတိုင္းေက်ာ္ဝင္ကာခိုးေတြ႕သည့္အမ်ိဳးသမီး Quarantine ဝင္ေနရ ၊ တားျမစ္ထားေသာေနရာအတြင္းက်ဴးေက်ာ္ဝင္ေရာက္မႈျဖင့္ အေရးယူခံရမည္

ရွမ္းျပည္နယ္( ေျမာက္ပိုင္း ) ေက်ာက္မဲၿမိဳ႕တြင္ ရည္းစားျဖစ္သူ Quarantine ဝင္ေနရသည့္အတြက္ အုတ္တံတိုင္းေက်ာ္ၿပီး ဝင္ေရာက္ေတြ႕ဆုံခဲ့သည့္ အမ်ိဳးသမီးတစ္ဦးသည္ လက္ရွိအခ်ိန္တြင္ Quarantine ဝင္ေနရၿပီး ေက်ာက္မဲၿမိဳ႕နယ္ ကိုဗစ္ေကာ္မတီက အမႈဖြင့္အေရးယူထားသည္ ဟု သိရသည္။

တာခ်ီလိတ္မွ ျပန္လာၿပီးေက်ာက္မဲရွိ အထက ( ၃ ) Quarantine စင္တာတြင္ အသြားအလာ ကန႔္သတ္ ထားေသာ အမ်ိဳးသားတစ္ဦးထံသို႔ ၎၏ ရည္းစားဆိုသူ အမ်ိဳးသမီးတစ္ဦးက ၂၀၂၀ ခုႏွစ္ ဒီဇင္ဘာလ (၁)ရက္ေန႔က အုတ္တံတိုင္းေက်ာ္ဝင္၍ ေတြ႕ဆုံျခင္း၊ ခိုးထုတ္၍ ေခၚေဆာင္သြားျခင္းမ်ား ရွိေနသည့္ အတြက္ ပတ္ဝန္းက်င္ႏွင့္ တာဝန္ရွိသူမ်ားက ေစာင့္ၾကည့္ ဖမ္းဆီးခဲ့ျခင္း ျဖစ္သည္ ဟု ေက်ာက္မဲၿမိဳ႕နယ္ ကိုဗစ္ေရာဂါ တားဆီးကာကြယ္ေရးႏွင့္ အေရးေပၚတုန႔္ျပန္ေရးေကာ္မတီမွ တာဝန္ရွိသူတစ္ဦးက ေျပာ သည္။

“သူက ခိုးဝင္ၿပီး သူ႔ရည္းစားကို ဝင္ေတြ႕တယ္၊ အဲ့ဒါကို အတိအက် သတင္းရလို႔ေစာင့္ၿပီး ဖမ္းေပးၾကတာေပါ့၊ ညတြင္းခ်င္းပဲ ရဲ လက္အပ္ၿပီး အမႈဖြင့္ထားတယ္”ဟု ေက်ာက္မဲၿမိဳ႕နယ္ ကိုဗစ္ေရာဂါ တားဆီးကာကြယ္ေရးႏွင့္ အေရးေပၚတုန္႔ျပန္ေရးေကာ္မတီ မွ ဥကၠဌ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးနိုင္ဝင္း က ေျပာသည္။

လက္ရွိအခ်ိန္တြင္ Quarantine Center အတြင္းက်ဴးေက်ာ္ဝင္ေရာက္သည့္ အမ်ိဳးသမီးသည္ အမွတ္ (၈)ရပ္ကြက္ရွိ အလက( ၃ )တြင္ Quarantine ဝင္ေနရၿပီး ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္ ပုဒ္မ-၂၉ ( အမိန႔္ထုတ္ျပန္ထားၿပီး တားျမစ္ထားေသာေနရာအတြင္း က်ဴးေက်ာ္ဝင္ေရာက္မႈ)ျဖင့္ အမႈဖြင့္ ခံထားရသည္ဟုသိရသည္။

KMY

Crd#

Unicode,

Q ဝင်နေရတဲ့ ချစ်သူကောင်လေးကို အုတ်တံတိုင်းကျော်ပြီး ခိုးဝင် လာတွေ့တဲ့ ကောင်မလေးကို ပတ်ဝန်းကျင်က စောင့်ဖမ်းပြီး အရေးယူ

ရည်းစားဖြစ်သူ Quarantine ဝင်နေချိန် အုတ်တံတိုင်းကျော်ဝင်ကာခိုးတွေ့သည့်အမျိုးသမီး Quarantine ဝင်နေရ ၊ တားမြစ်ထားသောနေရာအတွင်းကျူးကျော်ဝင်ရောက်မှုဖြင့် အရေးယူခံရမည်

ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့တွင် ရည်းစားဖြစ်သူ Quarantine ဝင်နေရသည့်အတွက် အုတ်တံတိုင်းကျော်ပြီး ဝင်ရောက်တွေ့ဆုံခဲ့သည့် အမျိုးသမီးတစ်ဦးသည် လက်ရှိအချိန်တွင် Quarantine ဝင်နေရပြီး ကျောက်မဲမြို့နယ် ကိုဗစ်ကော်မတီက အမှုဖွင့်အရေးယူထားသည် ဟု သိရသည်။

တာချီလိတ်မှ ပြန်လာပြီးကျောက်မဲရှိ အထက ( ၃ ) Quarantine စင်တာတွင် အသွားအလာ ကန့်သတ် ထားသော အမျိုးသားတစ်ဦးထံသို့ ၎င်း၏ ရည်းစားဆိုသူ အမျိုးသမီးတစ်ဦးက ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ (၁)ရက်နေ့က အုတ်တံတိုင်းကျော်ဝင်၍ တွေ့ဆုံခြင်း၊ ခိုးထုတ်၍ ခေါ်ဆောင်သွားခြင်းများ ရှိနေသည့် အတွက် ပတ်ဝန်းကျင်နှင့် တာဝန်ရှိသူများက စောင့်ကြည့် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည် ဟု ကျောက်မဲမြို့နယ် ကိုဗစ်ရောဂါ တားဆီးကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

“သူက ခိုးဝင်ပြီး သူ့ရည်းစားကို ဝင်တွေ့တယ်၊ အဲ့ဒါကို အတိအကျ သတင်းရလို့စောင့်ပြီး ဖမ်းပေးကြတာပေါ့၊ ညတွင်းချင်းပဲ ရဲ လက်အပ်ပြီး အမှုဖွင့်ထားတယ်”ဟု ကျောက်မဲမြို့နယ် ကိုဗစ်ရောဂါ တားဆီးကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ မှ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်း က ပြောသည်။

လက်ရှိအချိန်တွင် Quarantine Center အတွင်းကျူးကျော်ဝင်ရောက်သည့် အမျိုးသမီးသည် အမှတ် (၈)ရပ်ကွက်ရှိ အလက( ၃ )တွင် Quarantine ဝင်နေရပြီး ကျောက်မဲမြို့မရဲစခန်းတွင် ပုဒ်မ-၂၉ ( အမိန့်ထုတ်ပြန်ထားပြီး တားမြစ်ထားသောနေရာအတွင်း ကျူးကျော်ဝင်ရောက်မှု)ဖြင့် အမှုဖွင့် ခံထားရသည်ဟုသိရသည်။

KMY

Crd#