ဗဟုသုတ

မျက်နှာပေါ်က ဆဲလ်သေတွေ ဖယ်ရှားနိုင်တဲ့အကောင်းဆုံးနည်းလမ်း..

မျက်နှာသစ်လိုက်ရုံနဲ့ မျက်နှာပေါ်က ဆဲလ်သေတွေ အညစ်အကြေးတွေ သန့်စင်သွားတာမဟုတ်ပါဘူးနော်။ မျက်နှာအသားအရေကို သန့်စင်ပေးဖို့ဆိုတာ သိပ်ကိုအရေးကြီးပါတယ်။ သင့်မျက်နှာကို ပုံမှန်သစ်ပေးရုံသာမကဘဲ တစ်ပတ်ကို တစ်ခါလောက် (သို့) ၂ ခါလောက်တော့ သေချာလေး မျက်နှာအသားအရေက ဆဲလ်သေတွေကို ဖယ်ရှားပေးသင့်ပါတယ်။

အမည်းစက်တွေနဲ့အတူ တခြားအသားအရေနဲ့ပတ်သက်လို့ ဖြစ်တတ်တဲ့ ပြဿနာတွေကို ကာကွယ်ပေးမယ့်အပြင် ဆဲလ်သေတွေကိုဖယ်ရှားပြီး အသားအရေကို ကြည်လင်သန့်စင်စေမယ့် နည်းလမ်းကောင်းတစ်ခုကို မျှဝေပေးချင်ပါတယ်။

မုန့်ဖုတ်ဆိုဒါ (Baking Soda) နဲ့ အုန်းဆီ

အခုဖော်ပြထားတဲ့ ပါဝင်ပစ္စည်းနှစ်မျိုးကို ပေါင်းစပ်ပြီး သင့်အသားအရေပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ တခြား မျက်နှာသန့်စင်ဆေးတွေလိုမဟုတ်ဘဲ ဓာတုပစ္စည်းမပါတာမို့ သင့်အသားအရေကို ပိုမို ကျန်းမာလှပစေမှာပါ။

မုန့်ဖုတ်ဆိုဒါက အသားအရေကို အတွင်းပိုင်းထိသန့်စင်ပေးပြီး အသားအရေကို ကြည်လင်စေပါတယ်။ ချွေးပေါက်တွေကိုလည်း သန့်စင်ပေးပါတယ်။

ဆားဝင်ခြံတွေကိုလည်း သက်သာစေသလို PH ပမာဏကို မျှတစေလို့ အသားအရေယားယံခြင်းတွေအပြင် တခြားပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။

အုန်းဆီဟာဆိုရင်လည်း Fatty Acid ပါဝင်ပြီး သင့်အသားအရေကို ရေဓာတ်ဖြည့်စွမ်းပေးနိုင်ပါတယ်။ ပရိုတင်းဓာတ်ပါဝင်လို့ အသားအရေကို နုပျို စိုပြေစေပါတယ်။

မုန့်ဖုတ်ဆိုဒါ ခွက် တစ်ဝက်နဲ့ အုန်းဆီ တစ်ခွက်ကို ရောလိုက်ပါ။

အရင်ဆုံး အုန်းဆီအခဲဆိုရင် Microwave ထဲမှာထည့်ပြီး အရည်ပျော်အောင် အပူပေးလိုက်ပါ။အရည်ပျော်သွားရင် မုန့်ဖုတ်ဆိုဒါထည့်လိုက်ပြီး သေချာမွေလိုက်ပါ။ ပြီးရင် ခဏအေးအောင်ထားလိုက်ပါ။ အဲဒီနောက် အလုံပိတ်ဘူးထဲကိုထည့်ပြီး အေးပြီး ခြောက်သွေ့တဲ့နေရာမှာ သိမ်းထားပါ။

သင်လိုအပ်တဲ့ ပမာဏလောက်ယူပြီး မျက်နှာပေါ်လိမ်းပေးကာ သေချာလေး ပွတ်ပေးပါ။ လည်ပင်းနဲ့ ရင်ဘတ်နားကိုလည်း လိမ်းနိုင်ပါတယ်။ ပြီးရင် ၅ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ။ တစ်ပတ်ကို ၂ ကြိမ် ၃ ကြိမ်သုံးနိုင်ပါတယ်။

ညဖက်မှာသုံးတာပိုကောင်းပါတယ်။ သင်ကိုယ်တိုင်လုပ်ထားတဲ့ သဘာဝပစ္စည်းဆိုတော့ သင့်အသားအရေကို ဘေးထွက်ဆိုးကျိုးမရှိစေဘဲ ကြည်လင်လှပစေမှာအမှန်ပါပဲနော်။

Zawgyi

မ်က္ႏွာေပၚက ဆဲလ္ေသေတြ ဖယ္ရွားႏိုင္တဲ့အေကာင္းဆုံးနည္းလမ္း

မ်က္ႏွာသစ္လိုက္႐ုံနဲ႔ မ်က္ႏွာေပၚက ဆဲလ္ေသေတြ အညစ္အေၾကးေတြ သန႔္စင္သြားတာမဟုတ္ပါဘူးေနာ္။ မ်က္ႏွာအသားအေရကို သန႔္စင္ေပးဖို႔ဆိုတာ သိပ္ကိုအေရးႀကီးပါတယ္။ သင့္မ်က္ႏွာကို ပုံမွန္သစ္ေပး႐ုံသာမကဘဲ တစ္ပတ္ကို တစ္ခါေလာက္ (သို႔) ၂ ခါေလာက္ေတာ့ ေသခ်ာေလး မ်က္ႏွာအသားအေရက ဆဲလ္ေသေတြကို ဖယ္ရွားေပးသင့္ပါတယ္။

အမည္းစက္ေတြနဲ႔အတူ တျခားအသားအေရနဲ႔ပတ္သက္လို႔ ျဖစ္တတ္တဲ့ ျပႆနာေတြကို ကာကြယ္ေပးမယ့္အျပင္ ဆဲလ္ေသေတြကိုဖယ္ရွားၿပီး အသားအေရကို ၾကည္လင္သန႔္စင္ေစမယ့္ နည္းလမ္းေကာင္းတစ္ခုကို မွ်ေဝေပးခ်င္ပါတယ္။

မုန႔္ဖုတ္ဆိုဒါ (Baking Soda) နဲ႔ အုန္းဆီ

အခုေဖာ္ျပထားတဲ့ ပါဝင္ပစၥည္းႏွစ္မ်ိဳးကို ေပါင္းစပ္ၿပီး သင့္အသားအေရေပၚက ဆဲလ္ေသေတြကို ဖယ္ရွားေပးႏိုင္ပါတယ္။ တျခား မ်က္ႏွာသန႔္စင္ေဆးေတြလိုမဟုတ္ဘဲ ဓာတုပစၥည္းမပါတာမို႔ သင့္အသားအေရကို ပိုမို က်န္းမာလွပေစမွာပါ။

မုန႔္ဖုတ္ဆိုဒါက အသားအေရကို အတြင္းပိုင္းထိသန႔္စင္ေပးၿပီး အသားအေရကို ၾကည္လင္ေစပါတယ္။ ေခြၽးေပါက္ေတြကိုလည္း သန႔္စင္ေပးပါတယ္။

ဆားဝင္ၿခံေတြကိုလည္း သက္သာေစသလို PH ပမာဏကို မွ်တေစလို႔ အသားအေရယားယံျခင္းေတြအျပင္ တျခားျပႆနာေတြကို ေျဖရွင္းေပးႏိုင္ပါတယ္။

အုန္းဆီဟာဆိုရင္လည္း Fatty Acid ပါဝင္ၿပီး သင့္အသားအေရကို ေရဓာတ္ျဖည့္စြမ္းေပးႏိုင္ပါတယ္။ ပ႐ိုတင္းဓာတ္ပါဝင္လို႔ အသားအေရကို ႏုပ်ိဳ စိုေျပေစပါတယ္။

မုန႔္ဖုတ္ဆိုဒါ ခြက္ တစ္ဝက္နဲ႔ အုန္းဆီ တစ္ခြက္ကို ေရာလိုက္ပါ။

အရင္ဆုံး အုန္းဆီအခဲဆိုရင္ Microwave ထဲမွာထည့္ၿပီး အရည္ေပ်ာ္ေအာင္ အပူေပးလိုက္ပါ။အရည္ေပ်ာ္သြားရင္ မုန႔္ဖုတ္ဆိုဒါထည့္လိုက္ၿပီး ေသခ်ာေမြလိုက္ပါ။ ၿပီးရင္ ခဏေအးေအာင္ထားလိုက္ပါ။ အဲဒီေနာက္ အလုံပိတ္ဘူးထဲကိုထည့္ၿပီး ေအးၿပီး ေျခာက္ေသြ႕တဲ့ေနရာမွာ သိမ္းထားပါ။

သင္လိုအပ္တဲ့ ပမာဏေလာက္ယူၿပီး မ်က္ႏွာေပၚလိမ္းေပးကာ ေသခ်ာေလး ပြတ္ေပးပါ။ လည္ပင္းနဲ႔ ရင္ဘတ္နားကိုလည္း လိမ္းႏိုင္ပါတယ္။ ၿပီးရင္ ၅ မိနစ္ေလာက္ထားၿပီး ေရေဆးခ်လိုက္ပါ။ တစ္ပတ္ကို ၂ ႀကိမ္ ၃ ႀကိမ္သုံးႏိုင္ပါတယ္။

ညဖက္မွာသုံးတာပိုေကာင္းပါတယ္။ သင္ကိုယ္တိုင္လုပ္ထားတဲ့ သဘာဝပစၥည္းဆိုေတာ့ သင့္အသားအေရကို ေဘးထြက္ဆိုးက်ိဳးမရွိေစဘဲ ၾကည္လင္လွပေစမွာအမွန္ပါပဲေနာ္