ၾကားသိရသမွ်

ညီမလေးလုလု မမတို့ဆီကို လူ၀င်စားအဖြစ် ပြန်လာခဲ့ပါ လို့ ဆိုလာတဲ့ ခင်ရတနာစိုး….

The Voice Myanmar Season-3 Final ပွဲကြီးကိုကြည့်ခဲ့ပြီး နောက်တစ်နေ့ မနက်မှာ ကွယ်လွန်သွားတဲ့ ညီမဖြစ်သူ လုလုကို မမတို့ဆီ လူဝင်စားအဖြစ် ပြန်လာစေချင်တယ်လို့ဆိုလာတဲ့ ခင်ရတနာစိုး

ညီမလေးလုလု မမတို့ဆီကို လူ၀င်စားအဖြစ် ပြန်လာခဲ့ပါ လို့ ဆိုလာတဲ့ ခင်ရတနာစိုး

The Voice Myanmar Season-3 ပြိုင်ပွဲ၀င် ခင်ရတနာစိုးရဲ့ညီမလေးဖြစ်သူ လုလုဟာ အမျိုးသမီးရောဂါ ကြောင့်

ဒီဇင်ဘာလ ၂၁ ရက်နေ့က ရုတ်တရက်ကွယ်လွန်သွားခဲ့ရတာဖြစ်တယ်လို့ အကုန်သိသတင်းဌာန ကိုပြောပါတယ်။

ခင်ရတနာစိုးရဲ့ ညီမ၀မ်းကွဲတော်စပ်သူ ညီမလေးလုလု ဟာ သူမ မကွယ်လွန်ခင်ညက

The Voice Myanmar Season-3 Final ပွဲကြီးကိုကြည့်ခဲ့ပြီး နောက်တစ်နေ့ မနက်မှာ

ကွယ်လွန်သွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ခင်ရတနာစိုးကတော့ သူ့ညီမလေး ကွယ်လွန်တယ်ဆိုတဲ့ သတင်းကို မိသားစုတွေထံက သိခဲ့တာမျိုးမဟုတ်ဘဲ

လူမှုကွန်ရက်ကတဆင့် သိခဲ့ရတယ်လို့ ဆိုပါတယ်။

“ညီမလေးအကြောင်းနဲ့ပတ်သက်ရင် အဓိကပြောချင်တာက မိန်းကလေးတွေကို သတိထားစေချင်ပါတယ်။

မိန်းကလေးတွေ ဓမ္မတာလာနေတဲ့အချိန်မှာ ချုပ်စာတွေ မစားပါနဲ့၊ ခေါင်းမလျှော်ကြပါနဲ့။

ညီမရဲ့ညီမလေးက မီးယပ်နဲ့ပတ်သက်တဲ့ရောဂါနဲ့ ဆုံးသွားတာပါ။ ညီမလည်း မယုံနိုင်ဘူး။ ညီမရဲ့ပြိုင်ပွဲနောက်ဆုံးနေ့

ဆုကြေညာ ပြီးတဲ့အထိ သူ ကြည့်လိုက်သေးတယ်တဲ့။

ပြီးတော့ ပြန်အိပ်သွားတာ။ နောက်တစ်နေ့ မနက်ကျတော့ ဆုံးသွား တာ။ မိသားစု၀င်တွေက သူဆုံးသွားတာ

ညီမကိုဖုံးကွယ်ထားခဲ့ကြတယ်။ ညီမရဲ့ညီမလေးက မာလကာသီး တွေလည်း အများကြီး စားလိုက်တယ်။

သူက ရာသီမလာတာ နှစ်လ၊ သုံးလလောက် သွေးချုပ်သွားပြီး အခုလို ဖြစ်လိုက်တော့ ဘာမှတောင် ကယ်ချိန်မရလိုက်ဘူး။

ကိုယ်တိုင်လည်း ဓမ္မတာလာတဲ့အချိန်မှာ ပေါ့ပျက်ပျက် နေ /စား ခဲ့မိတယ်။

အခုဆို အရမ်းကြောက်သွားပြီ၊ ဆင်ခြင်ရမယ်။ ဒါ့ကြောင့် အားလုံးလည်းဆင်ခြင်ကြပါ။ မိန်းကလေးတွေ အားလုံး ဂရုစိုက်ကြပါ။

အရမ်းကိုကြောက်ဖို့ကောင်းပါတယ်။ ညီမလေးက စိတ်ထားအရမ်း ကောင်းတော့ ကောင်းရာမွန်ရာမှာ နေရာတစ်နေရာတော့ရှိမှာပါ။

လူ၀င်စားလေးအဖြစ်နဲ့ မမတို့ဆီကို ပြန်လာခဲ့ ပါ” လို့ ခင်ရတနာစိုး(The Voice Myanmar Season-3) က ပြောပါတယ်။

“ညီမ ပွဲက ပြန်လာလို့ မိလုအတွက် မုန့်ဖိုးလေးပေးရင်လည်း သူပျော်တယ်။ တန်ဖိုး မများပေမဲ့လည်း သူအရမ်း ပျော်တယ်။

သူက အရမ်းလည်းအေးတယ်။ ညီမရဲ့ အချစ်ဆုံးညီမလေးပါ။ ကိုယ်ကလည်း မောင်နှမမရှိတော့ သူ့ကိုချစ်တယ်” လ်ို့ ဆိုပါတယ်။

ခင်ရတနာစိုးကတော့ သူ့ညီမလေးရဲ့သေဆုံးမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး လက်ရှိအချိန်ထိ မယုံနိုင်ဖြစ်ရသလို ကိုယ်တိုင်လည်း

အရမ်းကြောက်သွားပြီဖြစ်တာကြောင့် အမျိုးသမီးတိုင်း ဓမ္မတာလာစဉ်နဲ့ မလာခင်အချိန်တွေမှာ

အစားအသောက်/ အနေအထိုင်ဆင်ခြင်ကြဖို့ပြောရင်း ညီမလေးကို လူ၀င်စားလေးအဖြစ် သူတို့ဇနီးမောင်နှံဆီ ပြန်လာစေချင်တယ်လို့ ရင်ဖွင့်ခဲ့ပါတယ်။

Creadit

zawgyi,

The Voice Myanmar Season-3 Final ပြဲႀကီးကိုၾကည့္ခဲ့ၿပီး ေနာက္တစ္ေန႔ မနက္မွာ ကြယ္လြန္သြားတဲ့ ညီမျဖစ္သူ လုလုကို မမတို႔ဆီ လူဝင္စားအျဖစ္ ျပန္လာေစခ်င္တယ္လို႔ဆိုလာတဲ့ ခင္ရတနာစိုး

ညီမေလးလုလု မမတို႔ဆီကို လူ၀င္စားအျဖစ္ ျပန္လာခဲ့ပါ လို႔ ဆိုလာတဲ့ ခင္ရတနာစိုး

The Voice Myanmar Season-3 ၿပိဳင္ပြဲ၀င္ ခင္ရတနာစိုးရဲ႕ညီမေလးျဖစ္သူ လုလုဟာ အမ်ိဳးသမီးေရာဂါ ေၾကာင့္

ဒီဇင္ဘာလ ၂၁ ရက္ေန႔က ႐ုတ္တရက္ကြယ္လြန္သြားခဲ့ရတာျဖစ္တယ္လို႔ အကုန္သိသတင္းဌာန ကိုေျပာပါတယ္။

ခင္ရတနာစိုးရဲ႕ ညီမ၀မ္းကြဲေတာ္စပ္သူ ညီမေလးလုလု ဟာ သူမ မကြယ္လြန္ခင္ညက

The Voice Myanmar Season-3 Final ပြဲႀကီးကိုၾကည့္ခဲ့ၿပီး ေနာက္တစ္ေန႔ မနက္မွာ

ကြယ္လြန္သြားခဲ့တာျဖစ္တယ္လို႔သိရပါတယ္။

ခင္ရတနာစိုးကေတာ့ သူ႔ညီမေလး ကြယ္လြန္တယ္ဆိုတဲ့ သတင္းကို မိသားစုေတြထံက သိခဲ့တာမ်ိဳးမဟုတ္ဘဲ

လူမႈကြန္ရက္ကတဆင့္ သိခဲ့ရတယ္လို႔ ဆိုပါတယ္။

“ညီမေလးအေၾကာင္းနဲ႔ပတ္သက္ရင္ အဓိကေျပာခ်င္တာက မိန္းကေလးေတြကို သတိထားေစခ်င္ပါတယ္။

မိန္းကေလးေတြ ဓမၼတာလာေနတဲ့အခ်ိန္မွာ ခ်ဳပ္စာေတြ မစားပါနဲ႔၊ ေခါင္းမေလွ်ာ္ၾကပါနဲ႔။

ညီမရဲ႕ညီမေလးက မီးယပ္နဲ႔ပတ္သက္တဲ့ေရာဂါနဲ႔ ဆုံးသြားတာပါ။ ညီမလည္း မယုံႏိုင္ဘူး။ ညီမရဲ႕ၿပိဳင္ပြဲေနာက္ဆုံးေန႔

ဆုေၾကညာ ၿပီးတဲ့အထိ သူ ၾကည့္လိုက္ေသးတယ္တဲ့။

ၿပီးေတာ့ ျပန္အိပ္သြားတာ။ ေနာက္တစ္ေန႔ မနက္က်ေတာ့ ဆုံးသြား တာ။ မိသားစု၀င္ေတြက သူဆုံးသြားတာ

ညီမကိုဖုံးကြယ္ထားခဲ့ၾကတယ္။ ညီမရဲ႕ညီမေလးက မာလကာသီး ေတြလည္း အမ်ားႀကီး စားလိုက္တယ္။

သူက ရာသီမလာတာ ႏွစ္လ၊ သုံးလေလာက္ ေသြးခ်ဳပ္သြားၿပီး အခုလို ျဖစ္လိုက္ေတာ့ ဘာမွေတာင္ ကယ္ခ်ိန္မရလိုက္ဘူး။

ကိုယ္တိုင္လည္း ဓမၼတာလာတဲ့အခ်ိန္မွာ ေပါ့ပ်က္ပ်က္ ေန /စား ခဲ့မိတယ္။

အခုဆို အရမ္းေၾကာက္သြားၿပီ၊ ဆင္ျခင္ရမယ္။ ဒါ့ေၾကာင့္ အားလုံးလည္းဆင္ျခင္ၾကပါ။ မိန္းကေလးေတြ အားလုံး ဂ႐ုစိုက္ၾကပါ။

အရမ္းကိုေၾကာက္ဖို႔ေကာင္းပါတယ္။ ညီမေလးက စိတ္ထားအရမ္း ေကာင္းေတာ့ ေကာင္းရာမြန္ရာမွာ ေနရာတစ္ေနရာေတာ့ရွိမွာပါ။

လူ၀င္စားေလးအျဖစ္နဲ႔ မမတို႔ဆီကို ျပန္လာခဲ့ ပါ” လို႔ ခင္ရတနာစိုး(The Voice Myanmar Season-3) က ေျပာပါတယ္။

“ညီမ ပြဲက ျပန္လာလို႔ မိလုအတြက္ မုန္႔ဖိုးေလးေပးရင္လည္း သူေပ်ာ္တယ္။ တန္ဖိုး မမ်ားေပမဲ့လည္း သူအရမ္း ေပ်ာ္တယ္။

သူက အရမ္းလည္းေအးတယ္။ ညီမရဲ႕ အခ်စ္ဆုံးညီမေလးပါ။ ကိုယ္ကလည္း ေမာင္ႏွမမရွိေတာ့ သူ႔ကိုခ်စ္တယ္” လ္ို႔ ဆိုပါတယ္။

ခင္ရတနာစိုးကေတာ့ သူ႔ညီမေလးရဲ႕ေသဆုံးမႈျဖစ္စဥ္နဲ႔ပတ္သက္ၿပီး လက္ရွိအခ်ိန္ထိ မယုံႏိုင္ျဖစ္ရသလို ကိုယ္တိုင္လည္း

အရမ္းေၾကာက္သြားၿပီျဖစ္တာေၾကာင့္ အမ်ိဳးသမီးတိုင္း ဓမၼတာလာစဥ္နဲ႔ မလာခင္အခ်ိန္ေတြမွာ

အစားအေသာက္/ အေနအထိုင္ဆင္ျခင္ၾကဖို႔ေျပာရင္း ညီမေလးကို လူ၀င္စားေလးအျဖစ္ သူတို႔ဇနီးေမာင္ႏွံဆီ ျပန္လာေစခ်င္တယ္လို႔ ရင္ဖြင့္ခဲ့ပါတယ္။

Creadit