အလုပ်အကိုင်တွေ အဆင်မပြေဘဲ ထစ်ငေါ့ လွဲချော်မှုတွေ များနေတာ၊ ဝင်ငွေထက် ထွက်ငွေက ပိုများနေပြီး ကြွေးပူ ပတ်နေတာ၊
အိမ်တွင်းမှာလည်း မိသားစုဝင်တွေ အချင်းချင်း အမြင် မကြည်လင် ဖြစ်နေတာ အစရှိတဲ့ လူမှု စီးပွားအခြေအနေအရပ်ရပ်မှာ အားနည်းချက်တွေ ဖြစ်ပေါ်လာပြီဆိုရင်တော့
ဘယ်ဗေဒင်ဆရာဆီကိုမှ မသွားသေးခင် ဒီအချက်တွေကို အရင်ဆုံး တိုက်ဆိုင် စစ်ဆေး ပြင်ဆင်ကြည့်ပါ။ ပြီးမှ ဗေဒင်ဆရာနဲ့ တိုင်ပင်ပါ။ အောက်မှာ ဖော်ပြတဲ့ အချက်အလက်တွေဟာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ သတိမမူ၊ မေ့လျော့နေတတ်တဲ့ ပြုပြင်စရာတွေပဲ ဖြစ်ပါတယ်။
၁။ ဘုရားကျောင်းဆောင်
အများစုက ဘုရားစင်လို့ အလွယ် ခေါ်ကြပေမယ့် ဘုရားကျောင်းဆောင်လို့ ခေါ်တာ ပိုသင့်တော်ပါတယ်။ အဲဒီ ဘုရားကျောင်းဆောင်ကို စတိုခန်းလို သဘောထားပြီး တိုလီမိုလီ ပစ္စည်းတွေ ရှုပ်ပွနေအောင် မထားသင့်ပါဘူး။
ပြီးတော့ ပင့်ကူမျှင်တွေ ရှုပ်ခတ်ပြီး ဖုန်တလုံးလုံး ဖြစ်နေတာမျိုးလည်း မသင့်ပါဘူး။ ဘုရားကျောင်းဆောင်ဟာ ပန်း၊ ရေချမ်း၊ အလင်းတိုင်တွေနဲ့ ဝေဆာနေမှသာ ကျက်သရေမင်္ဂလာ ဖြစ်စေမှာပါ။
လိုတိုရှင်း ပြောရရင်တော့ ဘုရားကျောင်းဆောင်မှာ အမှိုက်ပေါင်းစုံ ရှုပ်ပွမနေဘဲ သန့်ရှင်းသပ်ယပ် ကြည်ညိုဖွယ်ရာ ဖြစ်နေဖို့ပါပဲ။
၂။ ဘုရားပန်းတွေ လဲတဲ့အခါ
ဘုရား ကပ်တဲ့ ပန်းတွေ ညိုးနွမ်းလို့ အသစ်လဲတဲ့အခါ ပန်းအိုးတွေကို ခြေရင်းဘက်တို့ ကြမ်းပြင်ပေါ်တို့မှာ ချမထားသင့်ပါဘူး။ အမြင့်တစ်နေရာမှာ တင်ပြီးမှသာ လဲလှယ်ရပါမယ်။
ဘုရားပန်းဟောင်းတွေ စွန့်တဲ့အခါ ခေါင်းရင်းဘက်ကိုသာ စွန့်ပါ။ တိုက်ခန်းမို့ အဆင်မပြေရင် ဘုရားကျောင်းဆောင်က ထွက်လာတဲ့ အမှိုက်ကို အထုပ်သပ်သပ် ထားပြီး စွန့်ပစ်ရမှာ ဖြစ်ပါတယ်။ ခြေရင်းနဲ့ အိမ်သာဘက်တွေမှာ မစွန့်သင့်ပါဘူး။
၃။ အိမ်တွင်းထဲမှာ ဆင်ခြင်ရာ
အိမ်ထဲ၊ အခန်းထဲမှာ ပုဆိုး၊ ထဘီ၊ ဘောင်းဘီတွေ လှမ်းတဲ့ ကြိုးတွေအောက် တတ်နိုင်သလောက် မဝင်မိဖို့ သတိထားရပါမယ်။ ဖြတ်သန်း ဝင်မိရင် ဘုန်းကံ နိမ့်ပါးတတ်ပါတယ်။
နောက်တစ်ခုက ဖိနပ်ချွတ်နေရာပါ။ ဖိနပ်ချွတ်မှာ ဖိနပ်တွေအားလုံးက ညီညီညာညာ ဖြစ်နေသင့်ပါတယ်။ ပြီးတော့ မိဘအကြီးအကဲတွေရဲ့ ဖိနပ်တွေကို သားသမီးတွေက နင်းမိ၊ ဖိမိတာ၊ ပက်လက်မှောက်ခုံ ဖြစ်နေတာမျိုး ရှောင်ရပါမယ်။
အကြီးအကဲ ဖိနပ်တွေကို အပေါ်က ထားပြီး ငယ်သားတွေက အောက်ကနေ အဆင့်ဆင့် နေရာချသင့်ပါတယ်။
၄။ နံနက်ချိန်ခါ မင်္ဂလာ
မနက် အရုဏ်ဦးမှာ အိမ်သူအိမ်သားတွေ နိုးထလို့ ဘုရားဝတ်ပြုပြီးတဲ့အခါ ဆရာတော်ဘုရားကြီးတွေရဲ့ တရားခွေ ဖွင့်လှစ် နာယူတာ၊ ကျက်သရေ မင်္ဂလာ ရှိတဲ့ သီချင်းတွေ ဖွင့်တာမျိုးတွေ လုပ်ရပါမယ်။
မနက်လင်း မိုးသောက်ချိန်မှာ ဆူဆဲ၊ အော်ဟစ်နေတာ၊ ကြိမ်းမောင်းပြစ်တင်တာတွေ ရှောင်ရပါမယ်။
၅။ သတိထားရမယ့် အဝတ်အစားကိစ္စ
လုံချည်၊ ထဘီတွေ ဝတ်ဆင်တဲ့အခါ ခေါင်းပေါ်ကနေ မစွပ်သင့်ပါဘူး။ အောက်ကနေသာ ဆွဲယူ ဝတ်ဆင်ပါ။ ပြန်ချွတ်တဲ့ အခါမှာလည်း ခေါင်းပေါ်ကနေ မချွတ်ရပါဘူး။
ခြေထောက်ကနေပဲ ပြန်ဆွဲချွတ်ယူပါ။ စနစ်တကျ ပြန်ခေါက်သိမ်းပါ။ လုံခြည်ကို ခေါင်းကနေ စွပ်ပြီး ဝတ်မိရင် တနေ့တာ လုပ်ကိုင်သမျှ အလွဲအချော်တွေ များတတ်ပါတယ်။
အဝတ်အစားတွေ လျှော်တဲ့ အခါမှာလည်း အိမ်ထောင်ဦးစီးရဲ့ အဝတ်အစားကို သီးသန့်ထား လျှော်ဖွပ်သင့်ပါတယ်။
ဆောင်ရန်၊ ရှောင်ရန်အချက်တွေ ရှိသေးပေမယ့် ဒီအချက် ၅ ခုကိုပဲ ဦးစားပေး သတိထား ပြင်ဆင်မယ်ဆိုရင် ညိုးမှိန်နေတဲ့ ကံတရားတွေ အသစ်တဖန် ပြန် ထွန်းတောက်လာနိုင်ပြီး
ခက်ခဲနေတဲ့ ပြဿနာလေးတွေလည်း အထိုက်အလျောက် ပြေလည် အောင်မြင်မှု ရလာမယ်လို့ ဆိုချင်ပါတယ်။
baydin
Zawgyi
အလုပ္အကိုင္ေတြ အဆင္မေျပဘဲ ထစ္ေငါ့ လြဲေခ်ာ္မႈေတြ မ်ားေနတာ၊ ဝင္ေငြထက္ ထြက္ေငြက ပိုမ်ားေနၿပီး ေႂကြးပူ ပတ္ေနတာ၊
အိမ္တြင္းမွာလည္း မိသားစုဝင္ေတြ အခ်င္းခ်င္း အျမင္ မၾကည္လင္ ျဖစ္ေနတာ အစရွိတဲ့ လူမႈ စီးပြားအေျခအေနအရပ္ရပ္မွာ အားနည္းခ်က္ေတြ ျဖစ္ေပၚလာၿပီဆိုရင္ေတာ့
ဘယ္ေဗဒင္ဆရာဆီကိုမွ မသြားေသးခင္ ဒီအခ်က္ေတြကို အရင္ဆုံး တိုက္ဆိုင္ စစ္ေဆး ျပင္ဆင္ၾကည့္ပါ။ ၿပီးမွ ေဗဒင္ဆရာနဲ႔ တိုင္ပင္ပါ။ ေအာက္မွာ ေဖာ္ျပတဲ့ အခ်က္အလက္ေတြဟာ ဗုဒၶဘာသာ ျမန္မာလူမ်ိဳးေတြ သတိမမူ၊ ေမ့ေလ်ာ့ေနတတ္တဲ့ ျပဳျပင္စရာေတြပဲ ျဖစ္ပါတယ္။
၁။ ဘုရားေက်ာင္းေဆာင္
အမ်ားစုက ဘုရားစင္လို႔ အလြယ္ ေခၚၾကေပမယ့္ ဘုရားေက်ာင္းေဆာင္လို႔ ေခၚတာ ပိုသင့္ေတာ္ပါတယ္။ အဲဒီ ဘုရားေက်ာင္းေဆာင္ကို စတိုခန္းလို သေဘာထားၿပီး တိုလီမိုလီ ပစၥည္းေတြ ရႈပ္ပြေနေအာင္ မထားသင့္ပါဘူး။
ၿပီးေတာ့ ပင့္ကူမွ်င္ေတြ ရႈပ္ခတ္ၿပီး ဖုန္တလုံးလုံး ျဖစ္ေနတာမ်ိဳးလည္း မသင့္ပါဘူး။ ဘုရားေက်ာင္းေဆာင္ဟာ ပန္း၊ ေရခ်မ္း၊ အလင္းတိုင္ေတြနဲ႔ ေဝဆာေနမွသာ က်က္သေရမဂၤလာ ျဖစ္ေစမွာပါ။
လိုတိုရွင္း ေျပာရရင္ေတာ့ ဘုရားေက်ာင္းေဆာင္မွာ အမႈိက္ေပါင္းစုံ ရႈပ္ပြမေနဘဲ သန႔္ရွင္းသပ္ယပ္ ၾကည္ညိဳဖြယ္ရာ ျဖစ္ေနဖို႔ပါပဲ။
၂။ ဘုရားပန္းေတြ လဲတဲ့အခါ
ဘုရား ကပ္တဲ့ ပန္းေတြ ညိဳးႏြမ္းလို႔ အသစ္လဲတဲ့အခါ ပန္းအိုးေတြကို ေျခရင္းဘက္တို႔ ၾကမ္းျပင္ေပၚတို႔မွာ ခ်မထားသင့္ပါဘူး။ အျမင့္တစ္ေနရာမွာ တင္ၿပီးမွသာ လဲလွယ္ရပါမယ္။
ဘုရားပန္းေဟာင္းေတြ စြန႔္တဲ့အခါ ေခါင္းရင္းဘက္ကိုသာ စြန႔္ပါ။ တိုက္ခန္းမို႔ အဆင္မေျပရင္ ဘုရားေက်ာင္းေဆာင္က ထြက္လာတဲ့ အမႈိက္ကို အထုပ္သပ္သပ္ ထားၿပီး စြန႔္ပစ္ရမွာ ျဖစ္ပါတယ္။ ေျခရင္းနဲ႔ အိမ္သာဘက္ေတြမွာ မစြန႔္သင့္ပါဘူး။
၃။ အိမ္တြင္းထဲမွာ ဆင္ျခင္ရာ
အိမ္ထဲ၊ အခန္းထဲမွာ ပုဆိုး၊ ထဘီ၊ ေဘာင္းဘီေတြ လွမ္းတဲ့ ႀကိဳးေတြေအာက္ တတ္ႏိုင္သေလာက္ မဝင္မိဖို႔ သတိထားရပါမယ္။ ျဖတ္သန္း ဝင္မိရင္ ဘုန္းကံ နိမ့္ပါးတတ္ပါတယ္။
ေနာက္တစ္ခုက ဖိနပ္ခြၽတ္ေနရာပါ။ ဖိနပ္ခြၽတ္မွာ ဖိနပ္ေတြအားလုံးက ညီညီညာညာ ျဖစ္ေနသင့္ပါတယ္။ ၿပီးေတာ့ မိဘအႀကီးအကဲေတြရဲ႕ ဖိနပ္ေတြကို သားသမီးေတြက နင္းမိ၊ ဖိမိတာ၊ ပက္လက္ေမွာက္ခုံ ျဖစ္ေနတာမ်ိဳး ေရွာင္ရပါမယ္။
အႀကီးအကဲ ဖိနပ္ေတြကို အေပၚက ထားၿပီး ငယ္သားေတြက ေအာက္ကေန အဆင့္ဆင့္ ေနရာခ်သင့္ပါတယ္။
၄။ နံနက္ခ်ိန္ခါ မဂၤလာ
မနက္ အ႐ုဏ္ဦးမွာ အိမ္သူအိမ္သားေတြ ႏိုးထလို႔ ဘုရားဝတ္ျပဳၿပီးတဲ့အခါ ဆရာေတာ္ဘုရားႀကီးေတြရဲ႕ တရားေခြ ဖြင့္လွစ္ နာယူတာ၊ က်က္သေရ မဂၤလာ ရွိတဲ့ သီခ်င္းေတြ ဖြင့္တာမ်ိဳးေတြ လုပ္ရပါမယ္။
မနက္လင္း မိုးေသာက္ခ်ိန္မွာ ဆူဆဲ၊ ေအာ္ဟစ္ေနတာ၊ ႀကိမ္းေမာင္းျပစ္တင္တာေတြ ေရွာင္ရပါမယ္။
၅။ သတိထားရမယ့္ အဝတ္အစားကိစၥ
လုံခ်ည္၊ ထဘီေတြ ဝတ္ဆင္တဲ့အခါ ေခါင္းေပၚကေန မစြပ္သင့္ပါဘူး။ ေအာက္ကေနသာ ဆြဲယူ ဝတ္ဆင္ပါ။ ျပန္ခြၽတ္တဲ့ အခါမွာလည္း ေခါင္းေပၚကေန မခြၽတ္ရပါဘူး။
ေျခေထာက္ကေနပဲ ျပန္ဆြဲခြၽတ္ယူပါ။ စနစ္တက် ျပန္ေခါက္သိမ္းပါ။ လုံျခည္ကို ေခါင္းကေန စြပ္ၿပီး ဝတ္မိရင္ တေန႔တာ လုပ္ကိုင္သမွ် အလြဲအေခ်ာ္ေတြ မ်ားတတ္ပါတယ္။
အဝတ္အစားေတြ ေလွ်ာ္တဲ့ အခါမွာလည္း အိမ္ေထာင္ဦးစီးရဲ႕ အဝတ္အစားကို သီးသန႔္ထား ေလွ်ာ္ဖြပ္သင့္ပါတယ္။
ေဆာင္ရန္၊ ေရွာင္ရန္အခ်က္ေတြ ရွိေသးေပမယ့္ ဒီအခ်က္ ၅ ခုကိုပဲ ဦးစားေပး သတိထား ျပင္ဆင္မယ္ဆိုရင္ ညိဳးမွိန္ေနတဲ့ ကံတရားေတြ အသစ္တဖန္ ျပန္ ထြန္းေတာက္လာႏိုင္ၿပီး
ခက္ခဲေနတဲ့ ျပႆနာေလးေတြလည္း အထိုက္အေလ်ာက္ ေျပလည္ ေအာင္ျမင္မႈ ရလာမယ္လို႔ ဆိုခ်င္ပါတယ္။
baydin