ခ်စ္သူျဖစ္ကာစ စုံတြဲအမ်ားစုဟာ ခ်စ္စခင္စမို႔ ေပ်ာ္႐ႊင္စရာအခ်ိန္ေတြနဲ႔ ျပည့္ႏွက္ေနပါတယ္ … ။
တကယ္လို႔ လက္ရွိခ်စ္သူကို တစ္သက္စာလက္တြဲဖို႔ စဥ္းစားထားတယ္ဆို သူ႔ကိုဒီေမးခြန္းေလးေတြေမးၾကည့္ပါ .. ။
၁။ တစ္ေယာက္နဲ႔တစ္ေယာက္ သေဘာထားကြဲလြဲတာေလးေတြ ဘယ္လိုညႇိယူမလဲ
မတူညီတဲ့နယ္ပယ္ေဒသ၊ အသိုင္းအဝိုင္းက လူႏွစ္ဦးခ်စ္ႀကိဳက္ၿပီဆို သဘာထားကြဲလြဲတာမ်ိဳး အျမင္မတူတာမ်ိဳးရွိစၿမဲပါ။
အဓိကကေတာ့ သူ႔သေဘာထားကို ေလးေလးစားစား နားလည္ေပးဖို႔ နဲ႔ ကိုယ့္အျမင္ကိုလည္း သူ႔ကိုပြင့္ပြင့္လင္းလင္းေျပာျပၿပီး ညႇိႏႈိင္းယူၿပီသင့္ပါတယ္။
၂။ အနာဂတ္ေမွ်ာ္မွန္းခ်က္က ဘာျဖစ္မလဲ
ႏွစ္ဦးသား လက္တြဲျဖစ္ၾကရင္ ဘာကိုေမွ်ာ္လင့္လဲလို႔ေမးရမွာပါ။ အခုခ်ိန္မွာအဆင္ေျပေနေပမဲ့ ေငြေရးေၾကးေရး၊ လူမႈေရးစသျဖင့္ ကိုယ့္ဘက္ကအေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ပ်က္ကြက္ခဲ့ရင္ သူ႔ဘက္က ဘယ္လိုရပ္တည္ ေျဖရွင္းမလဲဆိုတာမ်ိဳးပါ။
ႏွစ္ဦးၾကားမွာရွိတဲ့ အခက္အခဲ၊ လူမႈဆက္ဆံေရးအေျခအေနကို သူဘက္က နားလည္ေပးႏိုင္ပါ့မလားဆိုတာေပါ့။ ဒါဟာအေရး ႀကီးတဲ့အခ်က္လည္းျဖစ္ပါတယ္။
၃။ ပိုင္ဆိုင္မႈ ဘယ္ေလာက္ရွိလဲ
ပိုင္ဆိုင္မႈလို႔ဆိုလိုက္တာနဲ႔ ေငြမက္တယ္လို႔ ထင္ေကာင္းထင္သြားႏိုင္ပါတယ္။ တကယ္က ပိုင္ဆိုင္မႈကိုတြက္ဆၿပီး ေရွ႕ေရးအတြက္ စဥ္းစားလို႔ရေအာင္ေမးၾကည့္သင့္တာပါ။
၄။ ကိုယ့္အေပၚ ဘာမႀကိဳက္တာေတြရွိလဲ
ႏွစ္ေယာက္သား ေရရွည္လက္တြဲဖို႔ဆိုရင္ သူ႔အႀကိဳက္ ကိုယ့္အႀကိဳက္ကိုသိထားသင့္ပါတယ္။ ကိုယ့္ရဲ႕အက်င့္စ႐ိုက္ေလးေတြကို သူဘာမႀကိဳက္တာရွိလဲဆိုတာ ကိုယ္တိုင္လဲေလ့လာသင့္ သလို ေမးၾကည့္သင့္ပါတယ္။
ကိုယ့္ဘက္ကအေမးကို သူ႔ကေရေရရာရာမတုန႔္ျပန္ဘူးဆိုရင္ သူက သင့္ကိုေရရွည္လက္တြဲဖို႔စဥ္းစားထားတာ မဟုတ္ႏိုင္ဘူးလို႔ ယူဆႏိုင္ပါတယ္။
၅။ သူဟာ အသုံး အျဖဳန္းၾကမ္းသူလား
ကိုယ္ကေရရွည္လက္တြဲမယ့္သူလို႔ သက္မွတ္ထားေတာ့ သူကတစ္ခ်ိန္မွာ အိမ္ေထာင့္တာဝန္ကို ထမ္းေဆာင္ရမယ့္သူပါ။
ေငြအသုံးအျဖဳန္းၾကမ္းသူလားဆိုတာကိုေမးၿပီး ခ်စ္သူဘဝကတည္းက အေလ့အက်င့္ျဖစ္ေအာင္ ေလ်ာ့ခိုင္းသင့္ပါတယ္။
၆။ ဘာသာတရား ကိုင္းရႈိင္းသူလား ။
သူက ဘာသာျခားျဖစ္ေနမွ ဘာသာတရားနဲ႔ပတ္သက္ၿပီး ညႇိႏႈိင္းရမွာမဟုတ္ပါဘူး။
ကိုယ္နဲ႔ ဘုရားသြားေက်ာင္းတက္ အတူလိုက္ေပးႏိုင္မယ့္ သူမ်ိဳးလားဆိုတာသိဖို႔ ေမးၾကည့္ထား သင့္ပါတယ္။
ေဆာင္းပါးေရးသားသူ –B.Trix ( Love Shop )
Unicode,
ချစ်သူဖြစ်ကာစ စုံတွဲအများစုဟာ ချစ်စခင်စမို့ ပျော်ရွှင်စရာအချိန်တွေနဲ့ ပြည့်နှက်နေပါတယ် … ။
တကယ်လို့ လက်ရှိချစ်သူကို တစ်သက်စာလက်တွဲဖို့ စဉ်းစားထားတယ်ဆို သူ့ကိုဒီမေးခွန်းလေးတွေမေးကြည့်ပါ .. ။
၁။ တစ်ယောက်နဲ့တစ်ယောက် သဘောထားကွဲလွဲတာလေးတွေ ဘယ်လိုညှိယူမလဲ
မတူညီတဲ့နယ်ပယ်ဒေသ၊ အသိုင်းအဝိုင်းက လူနှစ်ဦးချစ်ကြိုက်ပြီဆို သဘာထားကွဲလွဲတာမျိုး အမြင်မတူတာမျိုးရှိစမြဲပါ။
အဓိကကတော့ သူ့သဘောထားကို လေးလေးစားစား နားလည်ပေးဖို့ နဲ့ ကိုယ့်အမြင်ကိုလည်း သူ့ကိုပွင့်ပွင့်လင်းလင်းပြောပြပြီး ညှိနှိုင်းယူပြီသင့်ပါတယ်။
၂။ အနာဂတ်မျှော်မှန်းချက်က ဘာဖြစ်မလဲ
နှစ်ဦးသား လက်တွဲဖြစ်ကြရင် ဘာကိုမျှော်လင့်လဲလို့မေးရမှာပါ။ အခုချိန်မှာအဆင်ပြေနေပေမဲ့ ငွေရေးကြေးရေး၊ လူမှုရေးစသဖြင့် ကိုယ့်ဘက်ကအကြောင်းအမျိုးမျိုးကြောင့်ပျက်ကွက်ခဲ့ရင် သူ့ဘက်က ဘယ်လိုရပ်တည် ဖြေရှင်းမလဲဆိုတာမျိုးပါ။
နှစ်ဦးကြားမှာရှိတဲ့ အခက်အခဲ၊ လူမှုဆက်ဆံရေးအခြေအနေကို သူဘက်က နားလည်ပေးနိုင်ပါ့မလားဆိုတာပေါ့။ ဒါဟာအရေး ကြီးတဲ့အချက်လည်းဖြစ်ပါတယ်။
၃။ ပိုင်ဆိုင်မှု ဘယ်လောက်ရှိလဲ
ပိုင်ဆိုင်မှုလို့ဆိုလိုက်တာနဲ့ ငွေမက်တယ်လို့ ထင်ကောင်းထင်သွားနိုင်ပါတယ်။ တကယ်က ပိုင်ဆိုင်မှုကိုတွက်ဆပြီး ရှေ့ရေးအတွက် စဉ်းစားလို့ရအောင်မေးကြည့်သင့်တာပါ။
၄။ ကိုယ့်အပေါ် ဘာမကြိုက်တာတွေရှိလဲ
နှစ်ယောက်သား ရေရှည်လက်တွဲဖို့ဆိုရင် သူ့အကြိုက် ကိုယ့်အကြိုက်ကိုသိထားသင့်ပါတယ်။ ကိုယ့်ရဲ့အကျင့်စရိုက်လေးတွေကို သူဘာမကြိုက်တာရှိလဲဆိုတာ ကိုယ်တိုင်လဲလေ့လာသင့် သလို မေးကြည့်သင့်ပါတယ်။
ကိုယ့်ဘက်ကအမေးကို သူ့ကရေရေရာရာမတုန့်ပြန်ဘူးဆိုရင် သူက သင့်ကိုရေရှည်လက်တွဲဖို့စဉ်းစားထားတာ မဟုတ်နိုင်ဘူးလို့ ယူဆနိုင်ပါတယ်။
၅။ သူဟာ အသုံး အဖြုန်းကြမ်းသူလား
ကိုယ်ကရေရှည်လက်တွဲမယ့်သူလို့ သက်မှတ်ထားတော့ သူကတစ်ချိန်မှာ အိမ်ထောင့်တာဝန်ကို ထမ်းဆောင်ရမယ့်သူပါ။
ငွေအသုံးအဖြုန်းကြမ်းသူလားဆိုတာကိုမေးပြီး ချစ်သူဘဝကတည်းက အလေ့အကျင့်ဖြစ်အောင် လျော့ခိုင်းသင့်ပါတယ်။
၆။ ဘာသာတရား ကိုင်းရှိုင်းသူလား ။
သူက ဘာသာခြားဖြစ်နေမှ ဘာသာတရားနဲ့ပတ်သက်ပြီး ညှိနှိုင်းရမှာမဟုတ်ပါဘူး။
ကိုယ်နဲ့ ဘုရားသွားကျောင်းတက် အတူလိုက်ပေးနိုင်မယ့် သူမျိုးလားဆိုတာသိဖို့ မေးကြည့်ထား သင့်ပါတယ်။
ဆောင်းပါးရေးသားသူ –B.Trix ( Love Shop )