မေတာ္တဆ လည္ေခ်ာင္းမွာ ငါးအရိုးစူးလၽွင္ ဒါေတြလုပ္ လိုက္ပါ
ငါး အရိုးဆူးလွ်င္ အေတာ့္ကို ခံစားရခက္သည္မွာ အားလံုးလည္း သိျပီးျဖစ္မွာပါ။ တစ္ခါတရံ ခဏေလးနဲ႔ ေပ်ာက္သြားတတ္ေပမယ့္
အခန္႔မသင့္လွ်င္ေဆးရံုတက္ျပီး လည္ေခ်ာင္းကေန ခြဲထုတ္ရတဲ့အထိ ျဖစ္တတ္ၾကပါတယ္
ဒါ့ေၾကာင့္ ငါးအရိုးမဆူးလွ်င္ အလြယ္တကူျပဳလုပ္ႏုိင္မယ့္ အိမ္ တြင္းကုထံုးေလးမ်ားကို ရသမွ်စုစည္း၍ တင္ေပးလိုက္ပါတယ္။
ကိုယ္နဲ႔ အဆင္ေျပရာနည္းကို ျပဳလုပ္ႏိုင္ၾကပါတယ္
(၁) သံပုရာသီးကို အခြံမာမ်ားခြါ၍ အလံုးကို သြားၾကားထိုးသံျဖင့္ အေပါက္ေလးမ်ား ထိုးဆြထား၍ေခတၱမ်ွ ငံုထားပါ။
အရည္ကို တေျဖးေျဖး မ်ိဳခ်ေပးပါ။ အခ်ဥ္ဓါတ္က ငါးရိုးမ်ားကိုတိုက္စားသြားေပလိမ့္မယ္
(၂) ငွက္ေပ်ာသီး စားပါ။ ဘာငွက္ေပ်ာသီးပဲျဖစ္ျဖစ္ အဆင္ေျပပါတယ္
(၃) ၾကက္ဥအကာကို ေသာက္ေပးပါ။ ငါးရိုးမ်ား အခြ်ဲမ်ားႏွင့္အတူ က်သြားပါလိမ္႔မယ္
(၄) သံပုရာသီး သို့မဟုတ္ သံပုယိုသီးကို ၄ စိတ္ခြဲ၍ ပါးစပ္ဟကာ အာေခါင္ထဲကို တစ္စိတ္ခ်င္းစီ အရည္ည်စ္၍ သံပုရာရည္ကို
ေခတၱငံုထားပါ။ ျပီးမွ ေရေသာက္လုိက္ပါ။ ငါးရိုးဆူးျခင္း ေပ်ာက္ကင္းသြားလိမ့္မယ္
(၅) ဇီးျဖဴသီးကို အလံုးလုိက္ ၀ါးစားျပီး အရည္ေရာ အဖတ္ပါ မ်ိဳခ်ပါ။ ငါးရိုးမ်ား အရည္ေပ်ာ္က်သြားပါလိမ္႔မယ္
(၆) ေရမ်ားမ်ား ေသာက္ပါ။ ေသာက္ေရထဲကို ဆားအနည္းငယ္ ခတ္၍ ေသာက္ပါ။ ဆားဓါတ္က ငါးရိုးကို အျမတ္ေခ်ဖ်က္ ေပးႏိုင္ပါတယ္
(၇) သံလြင္ဆီ အနည္းငယ္ခန္႔ ေသာက္ပါ။ ငါးရိုးမ်ား ဆီႏွင့္အတူ ေလွ်ာက်သြားပါတယ္။ လည္ေခ်ာင္းနာလည္း ေပ်ာက္ကင္းပါတယ္ …။
(၈) လိေမၼာ္ရည္၊ သံပုရာရည္တို႔ကို ေဖ်ာ္ေသာက္ပါ။ ၄င္းတို႔မွာ ပါ၀င္သည့္ Citric Acid က ငါးရိုးမ်ားကို အျမန္ေက်သြားေစပါတယ္ …။
(၉) ထမင္းပူပူေႏြးေႏြးကို အေနေတာ္ခန္႔ လက္ျဖင့္ဆုပ္လံုး၍ မ်ိဳခ်ပါ။ အာေခါင္တြင္ ကပ္ညွိေနေသာ ငါးအရိုးမ်ား ေအာက္ကို ထိုးက်
သြားပါလိမ္႔မယ္
(၁၀) ယခုေခတ္တြင္ ေပါမ်ားေနေသာ Coke, Pepsi စသည့္ ဂက္စ္ပါ၀င္သည့္ အခ်ိဳရည္တို့ကို ေသာက္ပါ။
ငါးရိုးကို အျမန္ေပ်ာ့သြားေစပါတယ္
သတိျပဳရန္….
ငါးရိုးမ်က္ေနစဥ္ လည္ေခ်ာင္းအျပင္ဘက္မွ ဖိျခင္း၊ နွိပ္နယ္ျခင္းမ်ား မျပဳလုပ္ပါနွင့္
သင့္ပတ္၀န္းက်င္မွာလည္း ငါးရိုးမ်က္၍ ဒုကၡေရာက္သူမ်ားအတြက္ဒီ Post ေလးကို Share ေပးႏိုင္ၾကပါတယ္။
အားလံုးပဲ ေဘးအႏၱရာယ္ ကင္းရွင္းနုိင္ၾကပါေစ
Unicode
မတော်တဆ လည်ချောင်းမှာ ငါးအရိုးစူးလျှင် ဒါတွေလုပ် လိုက်ပါ
ငါး အရိုးဆူးလျှင် အတော့်ကို ခံစားရခက်သည်မှာ အားလုံးလည်း သိပြီးဖြစ်မှာပါ။ တစ်ခါတရံ ခဏလေးနဲ့ ပျောက်သွားတတ်ပေမယ့်
အခန့်မသင့်လျှင်ဆေးရုံတက်ပြီး လည်ချောင်းကနေ ခွဲထုတ်ရတဲ့အထိ ဖြစ်တတ်ကြပါတယ် …။
ဒါ့ကြောင့် ငါးအရိုးမဆူးလျှင် အလွယ်တကူပြုလုပ်နိုင်မယ့် အိမ် တွင်းကုထုံးလေးများကို ရသမျှစုစည်း၍ တင်ပေးလိုက်ပါတယ်။
ကိုယ်နဲ့ အဆင်ပြေရာနည်းကို ပြုလုပ်နိုင်ကြပါတယ် …။
(၁) သံပုရာသီးကို အခွံမာများခွါ၍ အလုံးကို သွားကြားထိုးသံဖြင့် အပေါက်လေးများ ထိုးဆွထား၍ခေတ္တမျှ ငုံထားပါ။
အရည်ကို တဖြေးဖြေး မျိုချပေးပါ။ အချဉ်ဓါတ်က ငါးရိုးများကိုတိုက်စားသွားပေလိမ့်မယ် …။
(၂) ငှက်ပျောသီး စားပါ။ ဘာငှက်ပျောသီးပဲဖြစ်ဖြစ် အဆင်ပြေပါတယ် …။
(၃) ကြက်ဥအကာကို သောက်ပေးပါ။ ငါးရိုးများ အချွဲများနှင့်အတူ ကျသွားပါလိမ့်မယ် …။
(၄) သံပုရာသီး သို့မဟုတ် သံပုယိုသီးကို ၄ စိတ်ခွဲ၍ ပါးစပ်ဟကာ အာခေါင်ထဲကို တစ်စိတ်ချင်းစီ အရည်ညျစ်၍ သံပုရာရည်ကို
ခေတ္တငုံထားပါ။ ပြီးမှ ရေသောက်လိုက်ပါ။ ငါးရိုးဆူးခြင်း ပျောက်ကင်းသွားလိမ့်မယ် …။
(၅) ဇီးဖြူသီးကို အလုံးလိုက် ဝါးစားပြီး အရည်ရော အဖတ်ပါ မျိုချပါ။ ငါးရိုးများ အရည်ပျော်ကျသွားပါလိမ့်မယ် …။
(၆) ရေများများ သောက်ပါ။ သောက်ရေထဲကို ဆားအနည်းငယ် ခတ်၍ သောက်ပါ။ ဆားဓါတ်က ငါးရိုးကို အမြတ်ချေဖျက် ပေးနိုင်ပါတယ် …။
(၇) သံလွင်ဆီ အနည်းငယ်ခန့် သောက်ပါ။ ငါးရိုးများ ဆီနှင့်အတူ လျှောကျသွားပါတယ်။ လည်ချောင်းနာလည်း ပျောက်ကင်းပါတယ် …။
(၈) လိမ္မော်ရည်၊ သံပုရာရည်တို့ကို ဖျော်သောက်ပါ။ ၎င်းတို့မှာ ပါဝင်သည့် Citric Acid က ငါးရိုးများကို အမြန်ကျေသွားစေပါတယ် …။
(၉) ထမင်းပူပူနွေးနွေးကို အနေတော်ခန့် လက်ဖြင့်ဆုပ်လုံး၍ မျိုချပါ။ အာခေါင်တွင် ကပ်ညှိနေသော ငါးအရိုးများ အောက်ကို ထိုးကျ
သွားပါလိမ့်မယ် …။
(၁၀) ယခုခေတ်တွင် ပေါများနေသော Coke, Pepsi စသည့် ဂက်စ်ပါဝင်သည့် အချိုရည်တို့ကို သောက်ပါ။
ငါးရိုးကို အမြန်ပျော့သွားစေပါတယ် …။
သတိပြုရန်….
ငါးရိုးမျက်နေစဉ် လည်ချောင်းအပြင်ဘက်မှ ဖိခြင်း၊ နှိပ်နယ်ခြင်းများ မပြုလုပ်ပါနှင့် …။
သင့်ပတ်ဝန်းကျင်မှာလည်း ငါးရိုးမျက်၍ ဒုက္ခရောက်သူများအတွက်ဒီ Post လေးကို Share ပေးနိုင်ကြပါတယ်။
အားလုံးပဲ ဘေးအန္တရာယ် ကင်းရှင်းနိုင်ကြပါစေ …။ ။