ေဗဒင္

ခ်စ္သူစုံတြဲေလးတို႔အတြက္ အိမ္ေထာင္ဘက္ ေ႐ြးခ်ယ္နည္း…

ခ်စ္သူစုံတြဲေလးတို႔ ေန႔နံေတြကို တိုက္ၾကည့္ၿပီးေတာ့ အိမ္ေထာင္ဘက္ မျဖစ္ေနဘူးဆိုရင္ ေဗဒင္ဆရာ၊ တတ္ကြၽမ္းတဲ့ ပညာရွင္ေတြနဲ႔ ယၾတာေခ်တာမ်ိဳး လုပ္ၾကည့္ပါ။

ခ်စ္သူစုံတြဲေလးတို႔ေရ လက္ထပ္ဖို႔အတြက္ အိမ္ေထာင္ဘက္ ေ႐ြးခ်ယ္ရတာ ထင္သေလာက္ေတာ့ မလြယ္ကူပါဘူး။ အိမ္ေထာင္ဘက္ ေ႐ြးခ်ယ္တဲ့အခါမွာ ေတြးရ၊ စဥ္းစားရမယ့္ အခ်က္ေတြကို ၾကည့္ၾကသလို ေန႔နံနကၡတ္ေတြနဲ႔လည္း ေ႐ြးခ်ယ္ၾကပါတယ္။

ခ်စ္သူစုံတြဲေလးတို႔လည္း လက္ထပ္ေတ့ာမွာမို႔ အိမ္ေထာင္ဘက္ရဲ႕ ေန႔နံေတြ တြက္ခ်င္တယ္ဆိုရင္ေတာ့ ဒီနည္းလမ္းေလး တြက္လို႔ ရတယ္ေနာ္။ ဒါဆိုရင္ေတာ့ ေ႐ြးခ်ယ္ရလည္း ပိုလြယ္သြားတာေပါ့။

ေန႔နံ တြဲၾကည့္ၾကမယ္

တနဂၤေႏြနဲ႔ ၾကာသပေတး၊ တနလၤာနဲ႔ ဗုဒၶဟူး၊ အဂၤါနဲ႔ ေသာၾကာ၊ စေနနဲ႔ ရာဟုကေတာ့ မိတ္ေဆြျဖစ္ၿပီး အိမ္ေထာင္ျပဳမယ္ဆိုရင္ စီးပြားေရး ေကာင္းၿပီး အဆင္ေျပပါတယ္။

တနဂၤေႏြနဲ႔ အဂၤါ၊ တနလၤာနဲ႔ ၾကာသပေတး၊ ဗုဒၶဟူးနဲ႔ စေနကေတာ့ ရန္ဘက္ေတြ ျဖစ္ၿပီး အိမ္ေထာင္ျပဳၿပီးရင္ ခဏခဏ ရန္ျဖစ္တတ္ပါတယ္။

တနဂၤေႏြနဲ႔ ေသာၾကာ၊ အဂၤါနဲ႔ ၾကာသပေတး၊ စေနနဲ႔ ဗုဒၶဟူး၊ တနလၤာနဲ႔ ရာဟုကေတ့ာ အိမ္ေထာင္ဘက္ျဖစ္ၿပီး အိမ္ေထာင္ျပဳဖို႔ အသင့္ေတာ္ဆုံး၊ အေကာင္းဆုံး သူပါပဲ။

စေနနဲ႔ ၾကာသပေတး၊ ေသာၾကာနဲ႔ တနလၤာ၊ တနဂၤေႏြနဲ႔ ဗုဒၶဟူး၊ ရာဟုနဲ႔ အဂၤါကေတာ့ အိမ္ေထာင္ရန္ဘက္ျဖစ္ၿပီး အိမ္ေထာင္ေရး ကြဲတာမ်ိဳး ျဖစ္တတ္ပါတယ္။

တနဂၤေႏြနဲ႔ စေန၊ အဂၤါနဲ႔ ရာဟု၊ ဗုဒၶဟူးနဲ႔ ေသာၾကာကေတာ့ ဓါတ္ဘက္ျဖစ္ၿပီး အိမ္ေထာင္ျပဳမယ္ဆိုရင္ တကယ့္ကို လိုက္ဖက္တဲ့ စုံတြဲျဖစ္မယ့္အျပင္ အသုံးအေဆာင္ ပစၥည္း ဥစၥာေတြလည္း ေပါမ်ားၿပီး စိတ္ခ်မ္းသာရတတ္ပါတယ္။

တနဂၤေႏြနဲ႔ ဗုဒၶဟူး၊ တနလၤာနဲ႔ အဂၤါ၊ ရာဟုနဲ႔ ၾကာသပေတး၊ စေနနဲ႔ ေသာၾကာကေတာ့ ဓါတ္ရန္ဘက္ျဖစ္ၿပီး အိမ္ေထာင္ျပဳမယ္ဆိုရင္ ဥစၥာပစၥည္း မစုမိတာမ်ိဳး ျဖစ္တတ္ပါတယ္။

ခ်စ္သူစုံတြဲေလးတို႔ ေန႔နံေတြကို တိုက္ၾကည့္ၿပီးေတာ့ အိမ္ေထာင္ဘက္ မျဖစ္ေနဘူးဆိုရင္ ေဗဒင္ဆရာ၊ တတ္ကြၽမ္းတဲ့ ပညာရွင္ေတြနဲ႔ ယၾတာေခ်တာမ်ိဳး လုပ္ၾကည့္ပါ။

အညံ့ေတြ ေျပေပ်ာက္ေအာင္ ယၾတာ လုပ္ၾကည့္တာမ်ိဳးက လိုက္ဖက္တဲ့ အိမ္ေထာင္ဘက္ ျဖစ္ေစႏိုင္မွာပါ။

Unicode,

ချစ်သူစုံတွဲလေးတို့အတွက် အိမ်ထောင်ဘက် ရွေးချယ်နည်း

ချစ်သူစုံတွဲလေးတို့ နေ့နံတွေကို တိုက်ကြည့်ပြီးတော့ အိမ်ထောင်ဘက် မဖြစ်နေဘူးဆိုရင် ဗေဒင်ဆရာ၊ တတ်ကျွမ်းတဲ့ ပညာရှင်တွေနဲ့ ယတြာချေတာမျိုး လုပ်ကြည့်ပါ။

ခ်စ်သူ စုံတွဲလေးတို့ရေ လက်ထပ်ဖို့အတွက် အိမ်ထောင်ဘက် ရွေးချယ်ရတာ ထင်သလောက်တော့ မလွယ်ကူပါဘူး။ အိမ်ထောင်ဘက် ရွေးချယ်တဲ့အခါမှာ တွေးရ၊ စဉ်းစားရမယ့် အချက်တွေကို ကြည့်ကြသလို နေ့နံနက္ခတ်တွေနဲ့လည်း ရွေးချယ်ကြပါတယ်။

ချစ်သူစုံတွဲလေးတို့လည်း လက်ထပ်တေ့ာမှာမို့ အိမ်ထောင်ဘက်ရဲ့ နေ့နံတွေ တွက်ချင်တယ်ဆိုရင်တော့ ဒီနည်းလမ်းလေး တွက်လို့ ရတယ်နော်။ ဒါဆိုရင်တော့ ရွေးချယ်ရလည်း ပိုလွယ်သွားတာပေါ့။

နေ့နံ တွဲကြည့်ကြမယ်

တနင်္ဂနွေနဲ့ ကြာသပတေး၊ တနင်္လာနဲ့ ဗုဒ္ဓဟူး၊ အင်္ဂါနဲ့ သောကြာ၊ စနေနဲ့ ရာဟုကတော့ မိတ်ဆွေဖြစ်ပြီး အိမ်ထောင်ပြုမယ်ဆိုရင် စီးပွားရေး ကောင်းပြီး အဆင်ပြေပါတယ်။

တနင်္ဂနွေနဲ့ အင်္ဂါ၊ တနင်္လာနဲ့ ကြာသပတေး၊ ဗုဒ္ဓဟူးနဲ့ စနေကတော့ ရန်ဘက်တွေ ဖြစ်ပြီး အိမ်ထောင်ပြုပြီးရင် ခဏခဏ ရန်ဖြစ်တတ်ပါတယ်။

တနင်္ဂနွေနဲ့ သောကြာ၊ အင်္ဂါနဲ့ ကြာသပတေး၊ စနေနဲ့ ဗုဒ္ဓဟူး၊ တနင်္လာနဲ့ ရာဟုကတေ့ာ အိမ်ထောင်ဘက်ဖြစ်ပြီး အိမ်ထောင်ပြုဖို့ အသင့်တော်ဆုံး၊ အကောင်းဆုံး သူပါပဲ။

စနေနဲ့ ကြာသပတေး၊ သောကြာနဲ့ တနင်္လာ၊ တနင်္ဂနွေနဲ့ ဗုဒ္ဓဟူး၊ ရာဟုနဲ့ အင်္ဂါကတော့ အိမ်ထောင်ရန်ဘက်ဖြစ်ပြီး အိမ်ထောင်ရေး ကွဲတာမျိုး ဖြစ်တတ်ပါတယ်။

တနင်္ဂနွေနဲ့ စနေ၊ အင်္ဂါနဲ့ ရာဟု၊ ဗုဒ္ဓဟူးနဲ့ သောကြာကတော့ ဓါတ်ဘက်ဖြစ်ပြီး အိမ်ထောင်ပြုမယ်ဆိုရင် တကယ့်ကို လိုက်ဖက်တဲ့ စုံတွဲဖြစ်မယ့်အပြင် အသုံးအဆောင် ပစ္စည်း ဥစ္စာတွေလည်း ပေါများပြီး စိတ်ချမ်းသာရတတ်ပါတယ်။

တနင်္ဂနွေနဲ့ ဗုဒ္ဓဟူး၊ တနင်္လာနဲ့ အင်္ဂါ၊ ရာဟုနဲ့ ကြာသပတေး၊ စနေနဲ့ သောကြာကတော့ ဓါတ်ရန်ဘက်ဖြစ်ပြီး အိမ်ထောင်ပြုမယ်ဆိုရင် ဥစ္စာပစ္စည်း မစုမိတာမျိုး ဖြစ်တတ်ပါတယ်။

ချစ်သူစုံတွဲလေးတို့ နေ့နံတွေကို တိုက်ကြည့်ပြီးတော့ အိမ်ထောင်ဘက် မဖြစ်နေဘူးဆိုရင် ဗေဒင်ဆရာ၊ တတ်ကျွမ်းတဲ့ ပညာရှင်တွေနဲ့ ယတြာချေတာမျိုး လုပ်ကြည့်ပါ။

အညံ့တွေ ပြေပျောက်အောင် ယတြာ လုပ်ကြည့်တာမျိုးက လိုက်ဖက်တဲ့ အိမ်ထောင်ဘက် ဖြစ်စေနိုင်မှာပါ။