လူငယ္စုံတြဲ ဟိုတယ္ အခန္းထဲက တစ္ပတ္လုံး အျပင္မထြက္လို႔ ဖြင့္ၾကည့္လိုက္တဲ့အခါ
အဆင့္ျမင့္ ဟိုတယ္တစ္လုံး မွာ စုံတြဲတစ္တြဲ အခန္းငွားတည္းခိုခဲ့ၿပီး ၇ ရက္ တစ္ပတ္လုံးလုံး အခန္းထဲကထြက္လာတာမေတြ႕ရတဲ့အတြ
က္ ဟိုတယ္ဝန္ထမ္းမ်ားနဲ႔ ဟိုတယ္ပိုင္ရွင္ကပါ မသကၤာျဖစ္လာၿပီးအခန္းကို ဖြင့္ၾကည့္လိုက္တဲ့အခါ၊အားလုံး အံ့အားသင့္ ေဒါသထြက္ခဲ့ၾကရပါတယ္။
ဟိုတယ္ပိုင္ရွင္ ကိုယ္တိုင္ ပစၥည္း ပို႔သမားေယာင္ေဆာင္ကာ အခန္းတံခါးကို သြားေခါက္ခဲ့ပါတယ္။အခန္းတံခါးဟ႐ုံေလးဖြင့္လာပါတယ္။တံခါးဟေနတဲ့ ၾကားကေနအခန္းထဲကို လွမ္းၾကည့္လိုက္တဲ့အခါမွာေတာ့ထိတ္လန္႔အံ့အားသင့္စရာ ျမင္ကြင္းကို ျမင္လိုက္ရပါတယ္။
ဟိုတယ္အခန္း ေနရာအႏွံ့မွာ စားႂကြင္း စားက်န္မ်ား အမွိုက္မ်ား ျပန္႔က်ဲၿပီး စည္းကမ္းမဲ့ ပစ္ထားတာေၾကာင့္အနံ့ေတြကမေကာင္းေတာ့သလို အခန္းထဲက အသုံးအေဆာင္ ပစၥည္းအခ်ိဳ႕လည္း ဖ်က္ဆီးခံထားရတာကိုေတြ႕ရပါတယ္။
ဟိုတယ္ပိုင္ရွင္က ခ်က္ျခင္း ရဲစခန္းကို ဖုန္ဆက္ တိုင္ၾကားခဲ့ပါတယ္။အခန္းတြင္း ပ်က္ဆီးမႈတန္ဖိုးဟာ ေဒၚလာ ၄၀၀၀ ခန္႔ရွိမည္ျဖစ္ၿပီးသူ႔တို႔တည္းခိုတဲ့ အခန္းခနဲ႔ေတာင္ မေက်နိုင္ပါဘူး။
စုံတြဲလူငယ္ႏွစ္ဦး ထြက္ေျပးလို႔မရေအာင္သူတို႔ႏွစ္ဦးကို အိပ္ယာဖုံးနဲ႔လိပ္ၿပီး ရဲေတြလာတဲ့ထိ ခ်ဳပ္ထားခဲ့ပါတယ္။လူငယ္စုံတြဲရဲ့ ရွင္းျပခ်က္အရ သူတို႔ႏွစ္ဦးဟာ ေနာက္ဆုံးႏွစ္ေက်ာင္းသားေတြျဖစ္ၿပီးဒီဟိုတယ္က ဝိုင္ဖိုင္ ကအစ အားလုံးျပည့္စုံတာမို႔သူတို႔ရဲ့ ေက်ာင္းပေရာဂ်က္ကို အၿပီးသတ္ဖို႔ဟိုတယ္မွာ အခန္းငွားၿပီး တစ္ပတ္လုံးအျပင္မထြက္ပဲ လုပ္ခဲ့ၾကတယ္လို႔ ဆိုပါတယ္။
ပေရာဂ်က္ၿပီးဖို႔ အခ်ိန္ကိုက္ အေရးႀကီးတာေၾကာင့္ အခန္းသန္႔ရွင္းေရးလည္း မလုပ္နိုင္ခဲ့ဘူးလို႔ ဆို ပါတယ္။သူတို႔ႏွစ္ဦး ပြရႈပ္ထားတဲ့ ပုံေတြကို လူမႈကြန္ယက္မွာ တင္လိုက္တဲ့အခါ မွာေတာ့အားလုံးက ဟိုတယ္ပိုင္ရွင္ဘက္ ကေန စာနာသနားၾကၿပီး စုံတြဲ ကိုေတာ့သင္ထားတဲ့ ပညာေတြနဲ႔မလိုက္ စုတ္ပဲ့လြန္းလိုက္ၾကတာလို႔ ေဝဖန္လၽွက္ရွိပါတယ္။ ။
Unicode
လူငယ်စုံတွဲ ဟိုတယ် အခန်းထဲက တစ်ပတ်လုံး အပြင်မထွက်လို့ ဖွင့်ကြည့်လိုက်တဲ့အခါ
အဆင့်မြင့် ဟိုတယ်တစ်လုံး မှာ စုံတွဲတစ်တွဲ အခန်းငှားတည်းခိုခဲ့ပြီး ၇ ရက် တစ်ပတ်လုံးလုံး အခန်းထဲကထွက်လာတာမတွေ့ရတဲ့အတွက် ဟိုတယ်ဝန်ထမ်းများနဲ့ ဟိုတယ်ပိုင်ရှင်ကပါ မသင်္ကာဖြစ်လာပြီးအခန်းကို ဖွင့်ကြည့်လိုက်တဲ့အခါ၊အားလုံး အံ့အားသင့် ဒေါသထွက်ခဲ့ကြရပါတယ်။
ဟိုတယ်ပိုင်ရှင် ကိုယ်တိုင် ပစ္စည်း ပို့သမားယောင်ဆောင်ကာ အခန်းတံခါးကို သွားခေါက်ခဲ့ပါတယ်။အခန်းတံခါးဟရုံလေးဖွင့်လာပါတယ်။တံခါးဟနေတဲ့ ကြားကနေအခန်းထဲကို လှမ်းကြည့်လိုက်တဲ့အခါမှာတော့ထိတ်လန့်အံ့အားသင့်စရာ မြင်ကွင်းကို မြင်လိုက်ရပါတယ်။
ဟိုတယ်အခန်း နေရာအနှံ့မှာ စားကြွင်း စားကျန်များ အမှိုက်များ ပြန့်ကျဲပြီး စည်းကမ်းမဲ့ ပစ်ထားတာကြောင့်အနံ့တွေကမကောင်းတော့သလို အခန်းထဲက အသုံးအဆောင် ပစ္စည်းအချို့လည်း ဖျက်ဆီးခံထားရတာကိုတွေ့ရပါတယ်။
ဟိုတယ်ပိုင်ရှင်က ချက်ခြင်း ရဲစခန်းကို ဖုန်ဆက် တိုင်ကြားခဲ့ပါတယ်။အခန်းတွင်း ပျက်ဆီးမှုတန်ဖိုးဟာ ဒေါ်လာ ၄၀၀၀ ခန့်ရှိမည်ဖြစ်ပြီးသူ့တို့တည်းခိုတဲ့ အခန်းခနဲ့တောင် မကျေနိုင်ပါဘူး။
စုံတွဲလူငယ်နှစ်ဦး ထွက်ပြေးလို့မရအောင်သူတို့နှစ်ဦးကို အိပ်ယာဖုံးနဲ့လိပ်ပြီး ရဲတွေလာတဲ့ထိ ချုပ်ထားခဲ့ပါတယ်။လူငယ်စုံတွဲရဲ့ ရှင်းပြချက်အရ သူတို့နှစ်ဦးဟာ နောက်ဆုံးနှစ်ကျောင်းသားတွေဖြစ်ပြီးဒီဟိုတယ်က ဝိုင်ဖိုင် ကအစ အားလုံးပြည့်စုံတာမို့သူတို့ရဲ့ ကျောင်းပရောဂျက်ကို အပြီးသတ်ဖို့ဟိုတယ်မှာ အခန်းငှားပြီး တစ်ပတ်လုံးအပြင်မထွက်ပဲ လုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ပရောဂျက်ပြီးဖို့ အချိန်ကိုက် အရေးကြီးတာကြောင့် အခန်းသန့်ရှင်းရေးလည်း မလုပ်နိုင်ခဲ့ဘူးလို့ ဆို ပါတယ်။သူတို့နှစ်ဦး ပွရှုပ်ထားတဲ့ ပုံတွေကို လူမှုကွန်ယက်မှာ တင်လိုက်တဲ့အခါ မှာတော့အားလုံးက ဟိုတယ်ပိုင်ရှင်ဘက် ကနေ စာနာသနားကြပြီး စုံတွဲ ကိုတော့သင်ထားတဲ့ ပညာတွေနဲ့မလိုက် စုတ်ပဲ့လွန်းလိုက်ကြတာလို့ ဝေဖန်လျှက်ရှိပါတယ်။