ကၽြန္ုပ္တို႔ လူသားမ်ားအတြက္ လုပ္ေဆာင္ေနၾကရသည့္ လုပ္ငန္းမွန္သမၽွတို႔တြင္ ခ်မ္းသာေရးအတြက္ လုပ္ကိုင္ေနရေသာ လုပ္ငန္းလုပ္ေဆာင္ခ်က္က ရာႏႈံန္းအမ်ားဆုံးျဖစ္သည္။ ေလာကီေဘာင္အတြင္းက လူတိုင္းလူတိုင္း ခ်မ္းသာႀကီးလိုၾကသည္ပင္ျဖစ္သည္။
လကၡဏာပညာရပ္မွ ခ်မ္းသာျခင္းအတြက္ ထူးျခားေသာ ေငြေၾကးဆိုင္ရာ ႀတိဂံအမွတ္အသားမ်ားအေၾကာင္းကို တင္ျပလိုပါတယ္။ ဒီအမွတ္အသားေတြပါရင္ သင္ဟာ ခ်မ္းသာႀကီးသူ၊ လက္ႏွင့္ေငြမျပတ္သူအျဖစ္ ထင္ရွားေက်ာ္ၾကားသူျဖစ္နိုင္ပါတယ္။
ဒါေၾကာင့္အလြန္အေရးႀကီးတဲ့ ခ်မ္းသာျခင္းဆိုင္ရာ လက္ဖဝါးေပၚမွာႀတိဂံအမွတ္အသားမ်ားအေၾကာင္းကို ကၽြန္ုပ္တို႔ လူသားမ်ားအတြက္ လုပ္ေဆာင္ေနၾကရသည့္ လုပ္ငန္းမွန္သမၽွတို႔တြင္ ခ်မ္းသာေရးအတြက္ လုပ္ကိုင္ေနရေသာ လုပ္ငန္းလုပ္ေဆာင္ခ်က္က ရာႏႈံန္းအမ်ားဆုံးျဖစ္သည္။
ေလာကီေဘာင္အတြင္းက လူတိုင္းလူတိုင္း ခ်မ္းသာႀကီးလိုၾကသည္ပင္ျဖစ္သည္။ လကၡဏာပညာရပ္မွ ခ်မ္းသာျခင္းအတြက္ ထူးျခားေသာ ေငြေၾကးဆိုင္ရာ ႀတိဂံအမွတ္အသားမ်ားအေၾကာင္းကို တင္ျပလိုပါတယ္။ ဒီအမွတ္အသားေတြပါရင္ သင္ဟာ ခ်မ္းသာႀကီးသူ၊ လက္ႏွင့္ေငြမျပတ္သူအျဖစ္ ထင္ရွားေက်ာ္ၾကားသူျဖစ္နိုင္ပါတယ္။
ဒါေၾကာင့္အလြန္အေရးႀကီးတဲ့ ခ်မ္းသာျခင္းဆိုင္ရာ လက္ဖဝါးေပၚမွာႀတိဂံအမွတ္အသားမ်ားအေၾကာင္းကို တင္ျပလိုက္ရပါတယ္။
အသက္လမ္းေၾကာင္းမွ ထြက္ေပၚလာေသာ ကံလမ္းေၾကာင္းသည္ အျပစ္အနာအဆာမရွိဘဲ ဦးေခါင္းလမ္းေၾကာင္းကို ျဖတ္လၽွက္ ဗုဒၶဟူးၿဂိဳဟ္ခုံသို႔ ထိုးတက္သြားသည့္ လမ္းေၾကာင္းမ်ိဳးျဖစ္သည္။ ထိုအေျခအေနတြင္ လက္ဖဝါးေပၚတြင္ အသက္လမ္းေၾကာင္း ဦးေခါင္းလမ္းေၾကာင္းႏွင့္ ကံလမ္းေၾကာင္းတို႔ ေပါင္းစပ္ျခင္းေၾကာင့္ အဂၤါလြင္ျပင္တြင္ ႀတိဂံပုံအမွတ္အသားတစ္ခု ျဖစ္ေပၚလာေလသည္။
(ပုံ-A) ။
ထိုသိုျဖစ္ေပၚလာေသာ လကၡဏာပုံစံကို ( The Great Triangle) ဟုေခၚၿပီး အဆိုပါႀတိဂံအမွတ္အသားပါရွိသူအေနႏွင့္ ဘဝတြင္ ေငြေၾကးအစုလိုက္ရျခင္း၊ အားစိုက္ထုတ္ရသေလာက္ အက်ိဳးေပးေကာင္းၿပီး ၊လုပ္သမၽွေအာင္ျမင္ေသာ ကုန္သြယ္စီးပြားေရးသမားျဖစ္လာမွာပါ။
အလြန္ေအာင္ျမင္လာၿပီး လက္ဖ်ားေငြသီးေနတတ္သူျဖစ္တယ္။ အသက္လမ္းေၾကာင္းမွ အေျခတည္ ထြက္ေပၚလာေသာ ကံလမ္းေၾကာင္းသည္ လကၡဏာရွင္အတြက္ အထူးကံေကာင္းေစေသာ္လည္း မိမိရဲ့ ဝိရိယအား၊ကာယအားစိုက္ထုတ္ၿပီး မိမိညဏ္ရည္ ႏွင့္ ပညာ၊ ဝိရိယတို႔ေၾကာင့္ ခ်မ္းသာျခင္းကို ေရာက္ရွိတတ္သူျဖစ္သည္။
အေခ်ာင္ရသည့္ေငြေၾကးမ်ိဳး မရွိေသာ္လည္း ကုန္သြယ္စီးပြားေရးလုပ္သူအတြက္ အလြန္ေကာင္းေသာအမွတ္ျဖစ္သည္။အထက္ကဆိုတဲ့ ႀတိဂံျဖစ္ေစတဲ့အထဲမွာ အသက္လမ္းေၾကာင္းနဲ႔ ဦးေခါင္းလမ္းေၾကာင္းရဲ့ အကြာအေဝးကို (ေထာင့္အက်ယ္) ကိုစစ္ေဆးရတယ္၊ ေထာင့္ကက်ယ္တဲ့အခါ ဦးေခါင္းလမ္းေၾကာင္းက အဂၤါၿဂိဳဟ္ခုံဘက္ကို ေဖ်ာင့္ၿပီးသြားတဲ့သေဘာျဖစ္ၿပီး ေထာင့္က က်င္းတဲ့အခါ တနလၤာဘက္ကို ဆင္းတဲ့သေဘာျဖစ္တယ္။
ဒီျဖစ္ေပၚလာတဲ့ ေထာင့္အက်င္းအက်ယ္ကိုၾကည့္ၿပီး သူရဲ့ ေငြေၾကးခ်မ္းသာမႈ႔ကိုျဖစ္ေစမယ့္၊ ႀကိဳးစားအားထုတ္မႈ႔၊ စိတ္ေနစိတ္ထားေတြကို သုံးသတ္လို႔ရပါတယ္။ ႀတိဂံပါတဲ့သူရဲ့ လက္ပုံစံအေပၚမူတည္ၿပီး သူရဲ့ခ်မ္းသာႀကီးျခင္းဟာ ဘယ္ေလာက္အထိသူ႔အေပၚ တာရွည္မလည္း ၊ ႏွလုံးလမ္းေၾကာင္းနဲ႔ လက္ေရစာေတြအရ သူ႔ရဲ့ စိတ္ထားအေျခအေနေတြကို သိနိုင္ပါတယ္။
ခ်မ္းသာျခင္း၊ေငြလက္တြင္မျပတ္ျခင္းဆိုသည့္တိုင္ ခ်မ္းသာရာတြင္ ဂုဏ္သိကၡာရွိၿပီး ခ်မ္းသာျခင္းဟုတ္မဟုတ္၊ ဆိုတာကိုလည္း သုံးသတ္နိုင္ပါေသးတယ္၊ အခ်ိဳ႕ခ်မ္းသာျခင္းမ်ိဳးက သိကၡာအရာမွာ ဘာမွမရွိတဲ့ ခ်မ္းသာျခင္းမ်ိဳးဆိုတာ ရွိပါေသးတယ္။
ဥပမာျပရရင္ မူးယစ္ေဆးနဲ႔ခ်မ္းသာတာမ်ိဳး၊ မေကာင္းတဲ့ လုပ္ငန္းေတြ၊ေလာင္းကစားလုပ္ငန္းေတြနဲ႔ ခ်မ္းသာေနတာမ်ိဳးပါ။ ဒါေပမယ့္ သူတို႔ကို ရက္ကြက္ကလူေတြကေတာင္ အေရးမလုပ္ပါဘူး၊ ဒီလိုခ်မ္းသာျခင္းမ်ိဳးျဖစ္မလား၊ ဒါမွမဟုတ္ ရိုးသားစြာလုပ္ကိုင္ရင္း သိကၡာရွိရွိ ခ်မ္းသာမလားဆိုတာကေတာ့ လက္ဖဝါးျပင္ကို လက္ေဗြေတြအထိ အေသးစိတ္စစ္ေဆးရပါလိမ့္မယ္
ေနာက္ထပ္ ႀတိဂံတစ္ခုကေတာ့ လက္ဖဝါးျပင္မွာ အသက္လမ္းေၾကာင္းကထြက္တဲ့ ကံလမ္းေၾကာင္းက ဗုဒၶဟူးၿဂိဳဟ္ခုံကို ထြက္သြားတဲ့အခါ ဦးေခါင္းလမ္းေၾကာင္းကို ျဖတ္သြားလို႔ ပထမပုံကအတိုင္း ႀတိဂံကို ရရွိပါတယ္၊ ဒါကိုမွ ေနာက္ထပ္ မူလကံလမ္းေၾကာင္းဟာ တနလၤာၿဂိဳဟ္ခုံဘက္ကေနၿပီး စေနၿဂိဳဟ္ခုံသို႔တိုင္ေအာင္ ထိုးတက္သြားတဲ့အခါ မူလႀတိဂံႀကီး ကပ်က္ၿပီး ေနာက္ထပ္ ႀတိဂံေသးတစ္ခုထက္ေပၚလာတာျဖစ္တယ္။
(ပုံ-B) အဲဒီလိုႀတိဂံေသးေလးပါရွိတဲ့
သူဟာ အလြန္ဘဲ ေငြရႊင္တဲ့သူျဖစ္တယ္။ သူက ကိုယ္ပိုင္လုပ္ငန္းလည္း လုပ္ျဖစ္တတ္သလို ဝန္ထမ္းလည္းျဖစ္တတ္ပါတယ္။ ဒါေပမယ့္ သူလုပ္ကိုင္ရတဲ့ အလုပ္ေပၚကေန အလြန္အဆင္ေျပၿပီး ေငြအလြန္ဝင္တဲ့သူျဖစ္တယ္။ရာထူးႀကီးႀကီးေတြ၊ ညႊန္ၾကားေရးမႉး၊(C-E-O) ရာထူးမ်ိဳးေတြ ျဖစ္ၿပီး အလြန္ခ်မ္းသာလာတာမ်ိဳးလည္း ျဖစ္ပါတယ္။
ဒါေၾကာင့္ ဒီႀတိဂံအမွတ္အသားဟာလည္း ေငြေၾကးအတြက္ ေကာင္းတဲ့ အမွတ္အသားတစ္ခုျဖစ္တယ္.။
ေနာက္တစ္ခုကေတာ့ တနလၤာၿဂိဳဟ္ခုံကထြက္တဲ့ ကံလမ္းေၾကာင္းဟာ ဦးေခါင္းလမ္းေၾကာင္းကို ျဖတ္သြားၿပီး စေနၿဂိဳဟ္ခုံထိတိုင္ေအာင္တက္သြားပါတယ္ ၊ အဲဒီမွာ ကံလမ္းေၾကာင္းကေန ေနာက္ထပ္ ကံလမ္းေၾကာင္းအတက္တစ္ခု ထြက္လာၿပီး ဦးေခါင္းလမ္းေၾကာင္းကို ထိၿပီး ႀတိဂံပုံျဖစ္လာတာပါ။
(ပုံ-C)
ဒီလိုႀတိဂံပါတဲ့သူကေတာ့ သူ႔ရဲ့ လုပ္အား၊ဝိရိယအားေတြမပါတဲ့ ထီေပါက္တာမ်ိဳး၊ အေမြေတြအစုလိုက္ အပုံလိုက္ရတာမ်ိဳးေတြျဖစ္ၿပီး ခ်မ္းသာလာတာမ်ိဳးျဖစ္တယ္။ သူအတြက္ ခ်မ္းသာေစဖို႔ ေသခ်ာစီစဥ္ထားသလိုပါဘဲ ၊ အားလုံးပင္ပင္ပန္းပန္း တစ္သက္လုံးလုပ္ကိုင္ၿပီး ေအာင္ျမင္ခ်ိန္မွာ သူေရာက္လာတတ္ၿပီး သူပဲအားလုံးကို ပိုင္ဆိုင္သြားရတာမ်ိဳးျဖစ္တယ္။
ဒါေပမယ့္ သူအဲဒီေငြေၾကးမ်ိဳးရရွိၿပီး ေနာင္တစ္ခ်ိန္ တည္ျမဲမလားဆိုတာကိုေတာ့ အျခားေသာလမ္းေၾကာင္းေတြကို ၾကည့္ရမွာပါ။ ဘာျဖစ္ျဖစ္ သူကခ်မ္းသာႀကီးတဲ့သူ လက္မွေငြမျပတ္တဲ့သူဆိုတာကေတာ့ ေသခ်ာပါတယ္။
ဒီေတာ့ သင့္လက္ဖဝါးျပင္မွာ ေငြေၾကးခ်မ္းသာေစတဲ့ ႀတိဂံအမွတ္အသားပါသလားဆိုတာ ဦးစြာၾကည့္ရပါလိမ့္မယ္။ ပါတယ္ဆိုရင္ ဘယ္ေလာက္ခ်မ္းသာမလည္း၊ဘယ္အခ်ိန္ခ်မ္းသာလာမလည္း၊ ဘာလုပ္လို႔ ခ်မ္းသာလာမလည္း၊ ဘာေတြေရွာင္ရမလည္း၊ ဘယ္လိုေနထိုင္သင့္သလည္း ဆိုတာေတြကို အေသးစိတ္ ထပ္သိခဲ့မယ္ဆိုရင္ေတာ့ အေကာင္းဆုံးျဖစ္ပါေၾကာင္း တင္ျပရပါတယ္။
ဆရာကကသၤူ
Unicode,
ငွေကြေးချမ်းသာခြင်းဆိုင်ရာ တြိဂံအမှတ်သားများ သင့်လက်ဖဝါးပြင်၌ ရှိပါသလား?
ကျွန်ုပ်တို့ လူသားများအတွက် လုပ်ဆောင်နေကြရသည့် လုပ်ငန်းမှန်သမျှတို့တွင် ချမ်းသာရေးအတွက် လုပ်ကိုင်နေရသော လုပ်ငန်းလုပ်ဆောင်ချက်က ရာနှုံန်းအများဆုံးဖြစ်သည်။ လောကီဘောင်အတွင်းက လူတိုင်းလူတိုင်း ချမ်းသာကြီးလိုကြသည်ပင်ဖြစ်သည်။
လက္ခဏာပညာရပ်မှ ချမ်းသာခြင်းအတွက် ထူးခြားသော ငွေကြေးဆိုင်ရာ တြိဂံအမှတ်အသားများအကြောင်းကို တင်ပြလိုပါတယ်။ ဒီအမှတ်အသားတွေပါရင် သင်ဟာ ချမ်းသာကြီးသူ၊ လက်နှင့်ငွေမပြတ်သူအဖြစ် ထင်ရှားကျော်ကြားသူဖြစ်နိုင်ပါတယ်။
ဒါကြောင့်အလွန်အရေးကြီးတဲ့ ချမ်းသာခြင်းဆိုင်ရာ လက်ဖဝါးပေါ်မှာတြိဂံအမှတ်အသားများအကြောင်းကို ကျွန်ုပ်တို့ လူသားများအတွက် လုပ်ဆောင်နေကြရသည့် လုပ်ငန်းမှန်သမျှတို့တွင် ချမ်းသာရေးအတွက် လုပ်ကိုင်နေရသော လုပ်ငန်းလုပ်ဆောင်ချက်က ရာနှုံန်းအများဆုံးဖြစ်သည်။
လောကီဘောင်အတွင်းက လူတိုင်းလူတိုင်း ချမ်းသာကြီးလိုကြသည်ပင်ဖြစ်သည်။ လက္ခဏာပညာရပ်မှ ချမ်းသာခြင်းအတွက် ထူးခြားသော ငွေကြေးဆိုင်ရာ တြိဂံအမှတ်အသားများအကြောင်းကို တင်ပြလိုပါတယ်။ ဒီအမှတ်အသားတွေပါရင် သင်ဟာ ချမ်းသာကြီးသူ၊ လက်နှင့်ငွေမပြတ်သူအဖြစ် ထင်ရှားကျော်ကြားသူဖြစ်နိုင်ပါတယ်။
ဒါကြောင့်အလွန်အရေးကြီးတဲ့ ချမ်းသာခြင်းဆိုင်ရာ လက်ဖဝါးပေါ်မှာတြိဂံအမှတ်အသားများအကြောင်းကို တင်ပြလိုက်ရပါတယ်။
အသက်လမ်းကြောင်းမှ ထွက်ပေါ်လာသော ကံလမ်းကြောင်းသည် အပြစ်အနာအဆာမရှိဘဲ ဦးခေါင်းလမ်းကြောင်းကို ဖြတ်လျှက် ဗုဒ္ဓဟူးဂြိုဟ်ခုံသို့ ထိုးတက်သွားသည့် လမ်းကြောင်းမျိုးဖြစ်သည်။ ထိုအခြေအနေတွင် လက်ဖဝါးပေါ်တွင် အသက်လမ်းကြောင်း ဦးခေါင်းလမ်းကြောင်းနှင့် ကံလမ်းကြောင်းတို့ ပေါင်းစပ်ခြင်းကြောင့် အင်္ဂါလွင်ပြင်တွင် တြိဂံပုံအမှတ်အသားတစ်ခု ဖြစ်ပေါ်လာလေသည်။
(ပုံ-A) ။
ထိုသိုဖြစ်ပေါ်လာသော လက္ခဏာပုံစံကို ( The Great Triangle) ဟုခေါ်ပြီး အဆိုပါတြိဂံအမှတ်အသားပါရှိသူအနေနှင့် ဘဝတွင် ငွေကြေးအစုလိုက်ရခြင်း၊ အားစိုက်ထုတ်ရသလောက် အကျိုးပေးကောင်းပြီး ၊လုပ်သမျှအောင်မြင်သော ကုန်သွယ်စီးပွားရေးသမားဖြစ်လာမှာပါ။
အလွန်အောင်မြင်လာပြီး လက်ဖျားငွေသီးနေတတ်သူဖြစ်တယ်။ အသက်လမ်းကြောင်းမှ အခြေတည် ထွက်ပေါ်လာသော ကံလမ်းကြောင်းသည် လက္ခဏာရှင်အတွက် အထူးကံကောင်းစေသော်လည်း မိမိရဲ့ ဝိရိယအား၊ကာယအားစိုက်ထုတ်ပြီး မိမိညဏ်ရည် နှင့် ပညာ၊ ဝိရိယတို့ကြောင့် ချမ်းသာခြင်းကို ရောက်ရှိတတ်သူဖြစ်သည်။
အချောင်ရသည့်ငွေကြေးမျိုး မရှိသော်လည်း ကုန်သွယ်စီးပွားရေးလုပ်သူအတွက် အလွန်ကောင်းသောအမှတ်ဖြစ်သည်။အထက်ကဆိုတဲ့ တြိဂံဖြစ်စေတဲ့အထဲမှာ အသက်လမ်းကြောင်းနဲ့ ဦးခေါင်းလမ်းကြောင်းရဲ့ အကွာအဝေးကို (ထောင့်အကျယ်) ကိုစစ်ဆေးရတယ်၊ ထောင့်ကကျယ်တဲ့အခါ ဦးခေါင်းလမ်းကြောင်းက အင်္ဂါဂြိုဟ်ခုံဘက်ကို ဖျောင့်ပြီးသွားတဲ့သဘောဖြစ်ပြီး ထောင့်က ကျင်းတဲ့အခါ တနင်္လာဘက်ကို ဆင်းတဲ့သဘောဖြစ်တယ်။
ဒီဖြစ်ပေါ်လာတဲ့ ထောင့်အကျင်းအကျယ်ကိုကြည့်ပြီး သူရဲ့ ငွေကြေးချမ်းသာမှု့ကိုဖြစ်စေမယ့်၊ ကြိုးစားအားထုတ်မှု့၊ စိတ်နေစိတ်ထားတွေကို သုံးသတ်လို့ရပါတယ်။ တြိဂံပါတဲ့သူရဲ့ လက်ပုံစံအပေါ်မူတည်ပြီး သူရဲ့ချမ်းသာကြီးခြင်းဟာ ဘယ်လောက်အထိသူ့အပေါ် တာရှည်မလည်း ၊ နှလုံးလမ်းကြောင်းနဲ့ လက်ရေစာတွေအရ သူ့ရဲ့ စိတ်ထားအခြေအနေတွေကို သိနိုင်ပါတယ်။
ချမ်းသာခြင်း၊ငွေလက်တွင်မပြတ်ခြင်းဆိုသည့်တိုင် ချမ်းသာရာတွင် ဂုဏ်သိက္ခာရှိပြီး ချမ်းသာခြင်းဟုတ်မဟုတ်၊ ဆိုတာကိုလည်း သုံးသတ်နိုင်ပါသေးတယ်၊ အချို့ချမ်းသာခြင်းမျိုးက သိက္ခာအရာမှာ ဘာမှမရှိတဲ့ ချမ်းသာခြင်းမျိုးဆိုတာ ရှိပါသေးတယ်။
ဥပမာပြရရင် မူးယစ်ဆေးနဲ့ချမ်းသာတာမျိုး၊ မကောင်းတဲ့ လုပ်ငန်းတွေ၊လောင်းကစားလုပ်ငန်းတွေနဲ့ ချမ်းသာနေတာမျိုးပါ။ ဒါပေမယ့် သူတို့ကို ရက်ကွက်ကလူတွေကတောင် အရေးမလုပ်ပါဘူး၊ ဒီလိုချမ်းသာခြင်းမျိုးဖြစ်မလား၊ ဒါမှမဟုတ် ရိုးသားစွာလုပ်ကိုင်ရင်း သိက္ခာရှိရှိ ချမ်းသာမလားဆိုတာကတော့ လက်ဖဝါးပြင်ကို လက်ဗွေတွေအထိ အသေးစိတ်စစ်ဆေးရပါလိမ့်မယ်
နောက်ထပ် တြိဂံတစ်ခုကတော့ လက်ဖဝါးပြင်မှာ အသက်လမ်းကြောင်းကထွက်တဲ့ ကံလမ်းကြောင်းက ဗုဒ္ဓဟူးဂြိုဟ်ခုံကို ထွက်သွားတဲ့အခါ ဦးခေါင်းလမ်းကြောင်းကို ဖြတ်သွားလို့ ပထမပုံကအတိုင်း တြိဂံကို ရရှိပါတယ်၊ ဒါကိုမှ နောက်ထပ် မူလကံလမ်းကြောင်းဟာ တနင်္လာဂြိုဟ်ခုံဘက်ကနေပြီး စနေဂြိုဟ်ခုံသို့တိုင်အောင် ထိုးတက်သွားတဲ့အခါ မူလတြိဂံကြီး ကပျက်ပြီး နောက်ထပ် တြိဂံသေးတစ်ခုထက်ပေါ်လာတာဖြစ်တယ်။
(ပုံ-B) အဲဒီလိုတြိဂံသေးလေးပါရှိတဲ့
သူဟာ အလွန်ဘဲ ငွေရွှင်တဲ့သူဖြစ်တယ်။ သူက ကိုယ်ပိုင်လုပ်ငန်းလည်း လုပ်ဖြစ်တတ်သလို ဝန်ထမ်းလည်းဖြစ်တတ်ပါတယ်။ ဒါပေမယ့် သူလုပ်ကိုင်ရတဲ့ အလုပ်ပေါ်ကနေ အလွန်အဆင်ပြေပြီး ငွေအလွန်ဝင်တဲ့သူဖြစ်တယ်။ရာထူးကြီးကြီးတွေ၊ ညွှန်ကြားရေးမှူး၊(C-E-O) ရာထူးမျိုးတွေ ဖြစ်ပြီး အလွန်ချမ်းသာလာတာမျိုးလည်း ဖြစ်ပါတယ်။
ဒါကြောင့် ဒီတြိဂံအမှတ်အသားဟာလည်း ငွေကြေးအတွက် ကောင်းတဲ့ အမှတ်အသားတစ်ခုဖြစ်တယ်.။
နောက်တစ်ခုကတော့ တနင်္လာဂြိုဟ်ခုံကထွက်တဲ့ ကံလမ်းကြောင်းဟာ ဦးခေါင်းလမ်းကြောင်းကို ဖြတ်သွားပြီး စနေဂြိုဟ်ခုံထိတိုင်အောင်တက်သွားပါတယ် ၊ အဲဒီမှာ ကံလမ်းကြောင်းကနေ နောက်ထပ် ကံလမ်းကြောင်းအတက်တစ်ခု ထွက်လာပြီး ဦးခေါင်းလမ်းကြောင်းကို ထိပြီး တြိဂံပုံဖြစ်လာတာပါ။
(ပုံ-C)
ဒီလိုတြိဂံပါတဲ့သူကတော့ သူ့ရဲ့ လုပ်အား၊ဝိရိယအားတွေမပါတဲ့ ထီပေါက်တာမျိုး၊ အမွေတွေအစုလိုက် အပုံလိုက်ရတာမျိုးတွေဖြစ်ပြီး ချမ်းသာလာတာမျိုးဖြစ်တယ်။ သူအတွက် ချမ်းသာစေဖို့ သေချာစီစဉ်ထားသလိုပါဘဲ ၊ အားလုံးပင်ပင်ပန်းပန်း တစ်သက်လုံးလုပ်ကိုင်ပြီး အောင်မြင်ချိန်မှာ သူရောက်လာတတ်ပြီး သူပဲအားလုံးကို ပိုင်ဆိုင်သွားရတာမျိုးဖြစ်တယ်။
ဒါပေမယ့် သူအဲဒီငွေကြေးမျိုးရရှိပြီး နောင်တစ်ချိန် တည်မြဲမလားဆိုတာကိုတော့ အခြားသောလမ်းကြောင်းတွေကို ကြည့်ရမှာပါ။ ဘာဖြစ်ဖြစ် သူကချမ်းသာကြီးတဲ့သူ လက်မှငွေမပြတ်တဲ့သူဆိုတာကတော့ သေချာပါတယ်။
ဒီတော့ သင့်လက်ဖဝါးပြင်မှာ ငွေကြေးချမ်းသာစေတဲ့ တြိဂံအမှတ်အသားပါသလားဆိုတာ ဦးစွာကြည့်ရပါလိမ့်မယ်။ ပါတယ်ဆိုရင် ဘယ်လောက်ချမ်းသာမလည်း၊ဘယ်အချိန်ချမ်းသာလာမလည်း၊ ဘာလုပ်လို့ ချမ်းသာလာမလည်း၊ ဘာတွေရှောင်ရမလည်း၊ ဘယ်လိုနေထိုင်သင့်သလည်း ဆိုတာတွေကို အသေးစိတ် ထပ်သိခဲ့မယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်ပါကြောင်း တင်ပြရပါတယ်။
ဆရာကကင်္သူ