အင်္ဂါသားသမီးလေးတွေအကြောင်း…









ခရက်စ် MAY THAZINHTOO

unicode

စွမ်းအားကြီးမားပြီး စိန်ခေါ်မှုတွေကို နှစ်သက်တဲ့ အင်္ဂါသား၊သမီးတွေဟာ အခက်အခဲတွေနဲ့တွေ့ရင် အရှုံးမပေးဘဲ ရင်ဆိုင်ဖြေရှင်းနိုင်တဲ့သူ၊ မိသားစုအတွက် ရှေ့ကနေမားမားမတ်မတ်ကာကွယ်မယ့်သူတွေဖြစ်ပါတယ်။

အလုပ်အကိုင်၊ စီးပွားရေးနဲ့ပတ်သက်လာရင်လည်း ကောင်းကောင်းကိုင်တွယ်နိုင်ပြီး အောင်မြင်အောင်စွမ်းဆောင်နိုင်စွမ်းရှိကြတဲ့ အင်္ဂါ သား၊သမီးလေးတွေရဲ့ အချစ်ရေးနဲ့ပတ်သက်သမျှကိုဖော်ပြပေးလိုက်ပါတယ်နော်

ရင်ထဲက ခံစားချက်တွေကို လွယ်လွယ်နဲ့ဖွင့်ဟလေ့မရှိတာကြောင့် အချစ်ရေးမှာ အထီးကျန်တဲ့ခံစားချက်မျိုး အမြဲဖြစ်နေတတ်ပါတယ်။

ကိုယ်ချစ်တဲ့သူကို စကားလုံးတွေနဲ့ နာကျင်အောင်ပြောဆိုတတ်တဲ့ အကျင့်ဆိုးရှိပြီး အဲ့ဒီအကျင့်ကြောင့် တကယ်ချစ်တာမဟုတ်ဘူးလို့ သတ်မှတ်ခံရတတ်ပါတယ်။

ရိုမန်းတစ်မဆန်တတ်ဘဲ တဲ့တိုးပြောတတ်တဲ့သူတွေ၊ ချစ်တာကို အပြောနဲ့မဟုတ်ဘဲ လုပ်ရပ်နဲ့သက်သေပြတတ်တဲ့သူတွေဖြစ်တယ်။

မရိုတတ်ပေမယ့် အခက်အခဲဖြစ်နေတဲ့အချိန်မှာ ကာကွယ်ပေးမယ့်၊ ဖေးမပေးမယ့်သူ၊ ခက်ခဲတဲ့အခြေအနေမှာ ကိုယ့်ချစ်သူကို ဘယ်တော့မှလက်တွဲမဖြုတ်မယ့်သူလေးတွေပါ။

ရင်ထဲမှာ တကယ်ချစ်ပေမယ့် ချစ်မပြတတ်တော့ တခါတလေငြီးငွေ့စရာကောင်းတယ်ဆိုပြီး ချစ်သူကပြဿနာရှာတာကို ခံရတတ်တယ်။

ချစ်တာကို မကြာခဏထုတ်မပြောတတ်ပေမယ့် ချစ်သူကို ဖူးဖူးမှုတ်ထားမယ့် အချစ်ကြီးသူတွေဆိုတာကတော့ အသေအချာပါပဲ။

ခရက်စ် MAY THAZINHTOO