အေထြအေထြဗဟုသုတ

၀က္ၿခံလွ်င္ျမန္စြာေပ်ာက္ကင္းေစမယ့္ သဘာ၀ေဆးနည္းမ်ား…

၀က္ၿခံထြက္ျခင္းဟာ သာမန္အေရျပားျပႆနာတစ္ခုျဖစ္ၿပီး လူတိုင္းလိုလို၀က္ၿခံေပါက္ဖူးၾကပါတယ္။၀က္ၿခံထြက္ျခင္းရဲ႕ အဓိက အေၾကာင္းအရင္းကေတာ့ အဆီဂလင္းေတြမွာဘက္တီးရီးယားပိုး၀င္ေရာက္ျခင္းေၾကာင့္ျဖစ္ၿပီး ၀က္ၿခံထြက္တဲ့ေနရာေတြမွာ ဖူးေရာင္ျခင္း၊ျပည္တည္ျခင္းတို႔ျဖစ္တတ္ပါတယ္။ဘက္တီးရီးယားပိုးေၾကာင့္ျဖစ္တဲ့အတြက္အေျခအေနမဆိုးရြားေအာင္ေသခ်ာစနစ္တက်ကုသဖို႔ေတာ့လုိပါတယ္။ဒါေၾကာင့္၀က္ၿခံေပ်ာက္ကင္းေစတဲ့ကုန္က်စရိတ္သက္သာၿပီးအသံုး၀င္မယ့္ ေဆးနည္းေလးေတြကို Shwemomပရိသတ္ႀကီးအတြက္ေဖာ္ျပေပးလိုက္ပါတယ္။

ေရခဲ

ေရခဲကအေရျပားမွာျဖစ္ေပၚတတ္တဲ့အနီစက္ေလးေတြနဲ႔၀က္ၿခံေၾကာင့္ဖူးေရာင္ျခင္းတို႔ကိုေလ်ာ့နည္းသက္သာေစပါတယ္။၀က္ၿခံထြက္တဲ့ေနရာတ၀ိုက္ ေသြးလည္ပတ္မႈကိုေကာင္းမြန္ေစပါတယ္။အေရျပားေမြးညွင္းေပါက္ေလးေတြမွာပိတ္ဆို႔ေနတဲ့၀က္ၿခံျဖစ္ေစတဲ့ဖုန္မႈန္႔နဲ႔အဆီေတြကိုဖယ္ရွားေပးႏိုင္ပါတယ္။ေရခဲတံုးကိုအ၀တ္သန္႔သန္႔နဲ႔ထုပ္ၿပီး၀က္ၿခံထြက္တဲ့ေနရာတ၀ိုက္ကိုၾကပ္ထုပ္ထိုးသလို လုပ္ေပးမယ္ဆိုရင္ ၀က္ၿခံေတြသက္သာေပ်ာက္ကင္းႏိုင္ပါတယ္။

ေရေႏြးေငြ႕

ေရေႏြးက၀က္ၿခံကုတဲ့ေနရာမွာသိသိသာသာအာနိသင္ရွိတဲ့အရာပါ။၀က္ၿခံရွိတဲ့ေနရာကို ေရေႏြးေငြ႕ခံေပးရမွာပါ။အဲဒီအခါ ေရေႏြးကအေရျပားေပၚက ေခၽြးေပါက္ေလးေတြကိုပြင့္ေစၿပီး ေအာက္ဆီဂ်င္ကိုလံုလံုေလာက္ေလာက္ရွဴရိႈက္ခြင့္ရမွာပါ။ေခၽြးေပါက္ေလးေတြမွာဖုန္မႈန္႔နဲ႔အဆီေတြပိတ္ေနရင္အေရျပားဖူးေရာင္ၿပီး၀က္ၿခံထြက္ေစပါတယ္။ေရေႏြးေငြ႕ကိုမိနစ္၂၀ေလာက္ခံၿပီးသြားရင္ ေရေဆးပါ။အသားအေရေျခာက္ေသြ႕မႈကိုခံစားရရင္အဆီမပါတဲ့အစိုဓာတ္ထိန္းခရင္မ္တစ္မ်ိဳးမ်ိဳးကိုလိမ္းေပးႏိုင္ပါတယ္။

သြားတိုက္ေဆး

သြားတိုက္ေဆးကို မနက္အိပ္ရာထခ်ိန္ သြားေလးေတြစင္ၾကယ္ျဖဴစင္ဖို႔အတြက္သံုးတာကိုပဲသိထားၾကမွာပါ။ဒါေပမယ့္ သြားတိုက္ေဆးဟာ၀က္ၿခံေတြကိုအျမန္ဆံုးေပ်ာက္ကင္းႏိုင္ဖို႔ကူညီႏိုင္ပါတယ္။အထူးသျဖင့္ဆား၀က္ၿခံလို႔သိထားတဲ့အမဲစက္ေလးေတြကိုသိသိသာသာဖယ္ရွားေပးႏိုင္ပါတယ္။တစ္ခုသတိထားရမွာကသြားတိုက္ေဆးကုိသံုးတဲ့အခါဂ်ယ္သြားတိုက္ေဆးမျဖစ္ဖို႔ေတာ့လိုပါတယ္။အသံုးျပဳနည္းကေတာ့သြားတိုက္ေဆးကိုညအိပ္ရာမ၀င္မီ၀က္ၿခံရွိတဲ့ေနရာေတြမွာမထူမပါးသုတ္လိမ္းေပးရပါမယ္။နာရီ၀က္ေလာက္ထားရင္ ေျခာက္သြားၿပီးအခ်ပ္လိုက္ခြာလို႔ရမွာပါ။ၿပီးရင္ေတာ့ေရေဆးခ်ၿပီးအိပ္လိုက္ရင္ မနက္အိပ္ယာထတဲ့အခါ ၀က္ၿခံေတြသိသိသာသာေလ်ာ့နည္းသြားတာကိုေတြ႕ရမွာပါ။

သေဘာၤသီး

သေဘာၤသီးမွာဗီတာမင္ ေအနဲ႔အင္ဇိုင္းဓာတ္ေတြပါ၀င္တာေၾကာင့္အသားအေရကိုေခ်ာမြတ္ေစသလို၀က္ၿခံေၾကာင့္အေရျပားေရာင္ရမ္းတာေတြလည္း ေလ်ာ့နည္းေစပါတယ္။သေဘာၤသီးကိုပ်ားရည္အနည္းငယ္ေရာၿပီး ေဖ်ာ္ရည္လုပ္ေသာက္ႏိုင္သလိုအႏွစ္ျပဳလုပ္ၿပီး၀က္ၿခံရွိရာေနရာတ၀ိုက္ကိုအံုတာပဲျဖစ္ျဖစ္လိမ္းတာပဲျဖစ္ျဖစ္ျပဳလုပ္ႏိုင္ပါတယ္။အသာအယာႏွိပ္နယ္ေပးျခင္းအားျဖင့္ ၀က္ၿခံေတြသိသိသာသာေလ်ာ့နည္းသြားမွာပါ။

သခြားသီး

သခြားသီးမွာဗီတာမင္ ေအ၊စီ၊အီးနဲ႔ပိုတက္စီယမ္ဓာတ္ေတြၾကြယ္၀စြာပါ၀င္ပါတယ္။ဒါေၾကာင့္အသားအေရကုိအမွန္တကယ္ ေကာင္းမြန္ေစပါတယ္။သခြားသီးကိုသတၱဳရည္ရေအာင္လုပ္ၿပီး ေရနဲ႔ေဖ်ာ္ေသာက္ႏိုင္သလိုအဲဒီသတၱဳရည္နဲ႔၀က္ၿခံရွိတဲ့ေနရာေတြကို ေဆးေၾကာေပးႏိုင္ပါေသးတယ္။ဒါ့အျပင္ သခြားသီးကိုပါးပါးလွီးၿပီး ၀က္ၿခံရွိရာေနရာတ၀ိုက္မွာ facial maskအျဖစ္လည္းလုပ္ႏိုင္ပါတယ္။

ChoChoThan(Shwemom)

Unicode,

ဝက်ခြံထွက်ခြင်းဟာ သာမန်အရေပြားပြဿနာတစ်ခုဖြစ်ပြီး လူတိုင်းလိုလိုဝက်ခြံပေါက်ဖူးကြပါတယ်။ဝက်ခြံထွက်ခြင်းရဲ့ အဓိက အကြောင်းအရင်းကတော့ အဆီဂလင်းတွေမှာဘက်တီးရီးယားပိုးဝင်ရောက်ခြင်းကြောင့်ဖြစ်ပြီး ဝက်ခြံထွက်တဲ့နေရာတွေမှာ ဖူးရောင်ခြင်း၊ပြည်တည်ခြင်းတို့ဖြစ်တတ်ပါတယ်။ဘက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့အတွက်အခြေအနေမဆိုးရွားအောင်သေချာစနစ်တကျကုသဖို့တော့လိုပါတယ်။ဒါကြောင့်ဝက်ခြံပျောက်ကင်းစေတဲ့ကုန်ကျစရိတ်သက်သာပြီးအသုံးဝင်မယ့် ဆေးနည်းလေးတွေကို Shwemomပရိသတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါတယ်။

ရေခဲ

ရေခဲကအရေပြားမှာဖြစ်ပေါ်တတ်တဲ့အနီစက်လေးတွေနဲ့ဝက်ခြံကြောင့်ဖူးရောင်ခြင်းတို့ကိုလျော့နည်းသက်သာစေပါတယ်။ဝက်ခြံထွက်တဲ့နေရာတဝိုက် သွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်။အရေပြားမွေးညှင်းပေါက်လေးတွေမှာပိတ်ဆို့နေတဲ့ဝက်ခြံဖြစ်စေတဲ့ဖုန်မှုန့်နဲ့အဆီတွေကိုဖယ်ရှားပေးနိုင်ပါတယ်။ရေခဲတုံးကိုအဝတ်သန့်သန့်နဲ့ထုပ်ပြီးဝက်ခြံထွက်တဲ့နေရာတဝိုက်ကိုကြပ်ထုပ်ထိုးသလို လုပ်ပေးမယ်ဆိုရင် ဝက်ခြံတွေသက်သာပျောက်ကင်းနိုင်ပါတယ်။

ရေနွေးငွေ့

ရေနွေးကဝက်ခြံကုတဲ့နေရာမှာသိသိသာသာအာနိသင်ရှိတဲ့အရာပါ။ဝက်ခြံရှိတဲ့နေရာကို ရေနွေးငွေ့ခံပေးရမှာပါ။အဲဒီအခါ ရေနွေးကအရေပြားပေါ်က ချွေးပေါက်လေးတွေကိုပွင့်စေပြီး အောက်ဆီဂျင်ကိုလုံလုံလောက်လောက်ရှူရှိုက်ခွင့်ရမှာပါ။ချွေးပေါက်လေးတွေမှာဖုန်မှုန့်နဲ့အဆီတွေပိတ်နေရင်အရေပြားဖူးရောင်ပြီးဝက်ခြံထွက်စေပါတယ်။ရေနွေးငွေ့ကိုမိနစ်၂ဝလောက်ခံပြီးသွားရင် ရေဆေးပါ။အသားအရေခြောက်သွေ့မှုကိုခံစားရရင်အဆီမပါတဲ့အစိုဓာတ်ထိန်းခရင်မ်တစ်မျိုးမျိုးကိုလိမ်းပေးနိုင်ပါတယ်။

သွားတိုက်ဆေး

သွားတိုက်ဆေးကို မနက်အိပ်ရာထချိန် သွားလေးတွေစင်ကြယ်ဖြူစင်ဖို့အတွက်သုံးတာကိုပဲသိထားကြမှာပါ။ဒါပေမယ့် သွားတိုက်ဆေးဟာဝက်ခြံတွေကိုအမြန်ဆုံးပျောက်ကင်းနိုင်ဖို့ကူညီနိုင်ပါတယ်။အထူးသဖြင့်ဆားဝက်ခြံလို့သိထားတဲ့အမဲစက်လေးတွေကိုသိသိသာသာဖယ်ရှားပေးနိုင်ပါတယ်။တစ်ခုသတိထားရမှာကသွားတိုက်ဆေးကိုသုံးတဲ့အခါဂျယ်သွားတိုက်ဆေးမဖြစ်ဖို့တော့လိုပါတယ်။အသုံးပြုနည်းကတော့သွားတိုက်ဆေးကိုညအိပ်ရာမဝင်မီဝက်ခြံရှိတဲ့နေရာတွေမှာမထူမပါးသုတ်လိမ်းပေးရပါမယ်။နာရီဝက်လောက်ထားရင် ခြောက်သွားပြီးအချပ်လိုက်ခွာလို့ရမှာပါ။ပြီးရင်တော့ရေဆေးချပြီးအိပ်လိုက်ရင် မနက်အိပ်ယာထတဲ့အခါ ဝက်ခြံတွေသိသိသာသာလျော့နည်းသွားတာကိုတွေ့ရမှာပါ။

သဘောင်္သီး

သဘောင်္သီးမှာဗီတာမင် အေနဲ့အင်ဇိုင်းဓာတ်တွေပါဝင်တာကြောင့်အသားအရေကိုချောမွတ်စေသလိုဝက်ခြံကြောင့်အရေပြားရောင်ရမ်းတာတွေလည်း လျော့နည်းစေပါတယ်။သဘောင်္သီးကိုပျားရည်အနည်းငယ်ရောပြီး ဖျော်ရည်လုပ်သောက်နိုင်သလိုအနှစ်ပြုလုပ်ပြီးဝက်ခြံရှိရာနေရာတဝိုက်ကိုအုံတာပဲဖြစ်ဖြစ်လိမ်းတာပဲဖြစ်ဖြစ်ပြုလုပ်နိုင်ပါတယ်။အသာအယာနှိပ်နယ်ပေးခြင်းအားဖြင့် ဝက်ခြံတွေသိသိသာသာလျော့နည်းသွားမှာပါ။

သခွားသီး

သခွားသီးမှာဗီတာမင် အေ၊စီ၊အီးနဲ့ပိုတက်စီယမ်ဓာတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ဒါကြောင့်အသားအရေကိုအမှန်တကယ် ကောင်းမွန်စေပါတယ်။သခွားသီးကိုသတ္တုရည်ရအောင်လုပ်ပြီး ရေနဲ့ဖျော်သောက်နိုင်သလိုအဲဒီသတ္တုရည်နဲ့ဝက်ခြံရှိတဲ့နေရာတွေကို ဆေးကြောပေးနိုင်ပါသေးတယ်။ဒါ့အပြင် သခွားသီးကိုပါးပါးလှီးပြီး ဝက်ခြံရှိရာနေရာတဝိုက်မှာ facial maskအဖြစ်လည်းလုပ်နိုင်ပါတယ်။

ChoChoThan(Shwemom)