အေထြအေထြဗဟုသုတ
ကြက်သီးထရင်”
Crd – orginal writer
Unicode,
သင့်ကို တစ်စုံတစ်ယောက်သတိရနေပြီဆိုတာ သေချာနေတဲ့ ” နိမိတ် “ခံစားချက်များ…
လူတစ်ယောက် ကိုယ့်ကို သတိရနေပြီဆိုရင် ဘယ်လိုနမိတ်တွေဖြစ်လာလဲ သင်သိလား …၊ တကယ်တော့ လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ စိတ်ဆိုတာ သိပ်ကိုဆန်းကျယ်ပါတယ်။
စိတ်စွမ်းအင်ဆိုတာလည်း မယုံမရှိနဲ့နော်။ ဒါဆိုရင် တစ်ယောက်ယောက်က သင့်ကို အရမ်းပဲ သတိရနေ၊ လွမ်းနေပြီဆိုရင် ဘယ်လိုတွေဖြစ်လာတတ်သလဲဆိုတာ ကြည့်လိုက်ရအောင်
သင့်မျက်နှာကို တွေ့လိုက်တာနဲ့ ပြုံးသွားမယ်”
အပြင်မှာပဲဖြစ်ဖြစ်၊ ဗီဒီယိုကောနဲ့ပဲဖြစ်ဖြစ် ဘယ်လိုအကြောင်းကြောင့် ပဲဖြစ်ဖြစ် သင့်ကို တွေ့လိုက်တာနဲ့ တင်ကို သူ့မျက်နှာလေးမှာ နှုတ်လမ်းလေးကွေးပြီး ပြုံးသွားမယ် ဆိုရင်တော့ သူဒီရက်ပိုင်း အတွင်း သင့်ကို အရမ်းလွမ်းနေတာ သေချာနေပါပြီနော် …။
သင်သူ့အကြောင်း အိပ်မက်ထဲ ထည့်မက်မယ်”
ဒါကတော့ သိပ္ပံနည်းမကျတဲ့ အယူအ ဆပေါ့နော်။ ဒါပေမဲ့လည်းတကယ်ပဲ အိပ်မက်ထဲ မဆီမဆိုင် သူ့ကို ထည့်မက်ခဲ့မယ်ဆိုရင် သူသင့်ကို အရမ်းကို မနေထိထိုင် မသာနဲ့ လွမ်း နေရလို့ပါတဲ့ …။
ကောက်ခါငင်ခါ နှာချချီမယ်”
ဒါကလည်း အိပ်မက်လိုမျိုး တော်တော်လေးကို လူယုံကြည် မှုများတဲ့ နမိတ်ဆစ် ခုပါ။ ဓာတ်မတည့် လို့လည်း မဟုတ်ဘူး၊ အအေးမိလို့လည်း မဟုတ်ဘူး ဆိုရင်တော့ သေချာနေပါပြီ။ တစ်ယောက်ယောက် သင့်ကို သတိရနေလို့ပဲ ဖြစ်ပါတယ် …။
ကြက်သီးထရင်”
လေစိမ်းတိုက် လိုက်လို့ ဒါမှ မဟုတ် တစ်ခုခု အသည်း ယားစရာ ကြုံလိုက်လို့ ကြက်သီးထ တာဟာ ဖြစ်တတ်ပေမယ့်လို့ ဘာမှလည်း မဖြစ်ဘဲ ကြက်သီးထသွား မယ်ဆိုရင်တော့ သင့်ကို တစ်ယောက်ယောက်က အရမ်းတွေလွမ်းပြီး တွေ့ချင်နေ လို့ပဲ ဖြစ်ပါတယ် …။
ကိုယ်ကရုတ် တရက်သတိရသွားတဲ့ အခါမျိုး”
ဟုတ်ပါတယ်။ လူ့စိတ်ဆိုတာ သိပ်ကို ဆန်းကျယ် တဲ့ အရာပါပဲ ။ တစ်ဖက်သားက သင့်ကို လွမ်းလွမ်းဆွေးဆွေး သတိရနေ ပြီဆိုတာနဲ့ သင့်ဖက်ကလည်း အဲဒီလူကို ဘာပဲလုပ်နေ လုပ်နေ ဖျတ် ခနဲကို သတိရမိ သွားပါ လိမ့်မယ်နော် …။ ။
Crd – orginal writer