မနက္က ေ႐ႊတိဂုံဘုရားအနီးမွာ တကၠစီတစ္စီး ပ်က္သြားေတာ့ လမ္းေတြပိတ္တာေပါ့…..
ကုန္းတက္ႀကီးဆိုေတာ့ ဘယ္အဆင္ေျပပါ့မလဲ…..အနီးမွာရွိတဲ့ ယာဥ္ထိန္းရဲက ေျပးလာၿပီး ကူတြန္းတယ္….ထင္သေလာက္ မတြန္းႏိုင္ဘူး။
အဲဒီမွာ လက္တစ္ဖက္မရွိတဲ့ သတင္းစာေရာင္းသည္က ေျပးလာၿပီး ကူတြန္းတယ္
တစ္ဆက္တည္း ပန္းသည္ရယ္၊ကြမ္းယာသည္ရယ္ကပါ ဝိုင္းတြန္းေတာ့ ေနာက္ဆုံး ပ်က္ေနတဲ့တကၠစီ ကုန္းေပၚေရာက္သြားေတာ့တယ္။
လမ္းပိတ္ေနတာကလည္းရွင္းသြားတယ္…ကိုယ္လည္းဖုန္းအျမန္ထုတ္ၿပီးမွတ္တမ္းတင္လိုက္တယ္
ကားကို ဝိုင္းတြန္းတဲ့တစ္ဦးတစ္ေယာက္ခ်င္းစီကို ေလးစားတယ္…..တကယ္ေတာ့သူတို႔နဲ႔မဆိုင္သလို ေနလို႔ရတာေပါ့……
ဒါေပမဲ့ ကိုယ္စီအသိစိတ္နဲ႔ေျပးလာၿပီး တစ္ေယာက္တစ္ဖက္ တစ္ေယာက္တစ္လက္နဲ႔ဝိုင္းကူညီေတာ့ ေနာက္ဆုံး ကားပိတ္တာႀကီးကို ေျဖရွင္းသြားႏိုင္တယ္
အခု ျမန္မာျပည္မွာ ျဖစ္ေနတဲ့ျပသနာေတြဟာ ကြၽန္ေတာ္တို႔ အတူတူ မရွိဘူးၾကေသးလို႔ပါ…..။ကြၽန္ေတာ္တို႔ အတူတူ မတြန္းရေသးလို႔ပါ….။
ကြၽန္ေတာ္တို ႔အတူတူလက္ဆြဲမႏႈတ္ဆက္ ရေသးလို႔ပါ….။လာပါ….လက္သီးဆုပ္ေတြျဖည္ၿပီး လက္ဆြဲႏႈတ္ဆက္ၿပီး ကြၽန္ေတာ္တို႔ အတူတူ ကုန္းေပၚတက္မယ္ေလ
ကြၽန္ေတာ္တို႔ လက္ေတြစုၿပီး ကဗ်ာတစ္ပုဒ္ ခ်ေရးမယ္…..။ႀကိဳက္တဲ့ေခါင္းစဥ္တပ္ ၿငိမ္းခ်မ္းေရးအေၾကာင္းေတြ ပါပါေစ
စာလုံးေပါင္းေတြ မွားလည္း ရတယ္…..ဂ်ိဳးျဖဴငွက္ေတြ အေၾကာင္းေတာ ့ပါပါေစ…..ဒီမွာ ရွမ္းႀကီးမရွက္နဲ႔ ခင္ဗ်ားက အစ္ကိုႀကီးဆို က်ဳပ္က ညီငယ္ေလးတို႔တိုင္းရင္းသားေတြ ဘယ္သူပဲဗိုလ္လုပ္လုပ္ ေသနတ္မပါေၾကးေနာ္
ဟိုး….မွာေတြ႕လားတကၠစီဆရာ အပါအဝင္ ယာဥ္ထိန္းရဲႀကီးရယ္၊လက္တစ္ဖက္ပဲရွိတဲ့ သတင္းစာေရာင္းသည္ႀကီးရယ္၊ပန္းသည္ႀကီးရ
ယ္၊ကြမ္းေရာင္းတဲ့ညီေလးရယ္က….
ကုန္းေပၚက လက္ျပေနၿပီ…..။ျပည္တြင္းစစ္ေတြ ရပ္ဆဲၿပီး ၿငိမ္းခ်မ္းေရးေတာင္ေပၚကို က်ဳပ္တို႔ေျပးတက္ရ ေအာင္ဗ်ာ……ေဆာင္းတြင္းမို႔ေအးတယ္တဲ့လားရခိုင္ႀကီးေရ…ဒါဆိုေက်ာပိုးထား……
က်ဳပ္တို႔ေျပးတက္ ေတာ့မယ္ေနာ္…ခ်ယ္ရီပန္းေတြအစား သေျပပန္းေတြပြင့္ေနၿပီတဲ့…..ဒီလမ္း ဘယ္ေလာက္ၾကမ္းၾကမ္း က်ဳပ္တို႔ရေအာင္တက္မယ္ဗ်ာ……။Credit:မင္းရသ(25.1.2021)
unicode
မနက်က ရွှေတိဂုံဘုရားအနီးမှာ တက္ကစီတစ်စီး ပျက်သွားတော့ လမ်းတွေပိတ်တာပေါ့…
ကုန်းတက်ကြီးဆိုတော့ ဘယ်အဆင်ပြေပါ့မလဲ…..အနီးမှာရှိတဲ့ ယာဉ်ထိန်းရဲက ပြေးလာပြီး ကူတွန်းတယ်….ထင်သလောက် မတွန်းနိုင်ဘူး။
အဲဒီမှာ လက်တစ်ဖက်မရှိတဲ့ သတင်းစာရောင်းသည်က ပြေးလာပြီး ကူတွန်းတယ်…..
တစ်ဆက်တည်း ပန်းသည်ရယ်၊ကွမ်းယာသည်ရယ်ကပါ ဝိုင်းတွန်းတော့ နောက်ဆုံး ပျက်နေတဲ့တက္ကစီ ကုန်းပေါ်ရောက်သွားတော့တယ်။
လမ်းပိတ်နေတာကလည်းရှင်းသွားတယ်…ကိုယ်လည်းဖုန်းအမြန်ထုတ်ပြီးမှတ်တမ်းတင်လိုက်တယ်…..
ကားကို ဝိုင်းတွန်းတဲ့တစ်ဦးတစ်ယောက်ချင်းစီကို လေးစားတယ်…..တကယ်တော့သူတို့နဲ့မဆိုင်သလို နေလို့ရတာပေါ့……
ဒါပေမဲ့ ကိုယ်စီအသိစိတ်နဲ့ပြေးလာပြီး တစ်ယောက်တစ်ဖက် တစ်ယောက်တစ်လက်နဲ့ဝိုင်းကူညီတော့ နောက်ဆုံး ကားပိတ်တာကြီးကို ဖြေရှင်းသွားနိုင်တယ်….
အခု မြန်မာပြည်မှာ ဖြစ်နေတဲ့ပြသနာတွေဟာ ကျွန်တော်တို့ အတူတူ မရှိဘူးကြသေးလို့ပါ…..။ကျွန်တော်တို့ အတူတူ မတွန်းရသေးလို့ပါ….။
ကျွန်တော်တို့အတူတူလက်ဆွဲမနှုတ်ဆက် ရသေးလို့ပါ….။လာပါ….လက်သီးဆုပ်တွေဖြည်ပြီး လက်ဆွဲနှုတ်ဆက်ပြီး ကျွန်တော်တို့ အတူတူ ကုန်းပေါ်တက်မယ်လေ….။
ကျွန်တော်တို့ လက်တွေစုပြီး ကဗျာတစ်ပုဒ် ချရေးမယ်…..။ကြိုက်တဲ့ခေါင်းစဉ်တပ် ငြိမ်းချမ်းရေးအကြောင်းတွေ ပါပါစေ …..
စာလုံးပေါင်းတွေ မှားလည်း ရတယ်…..ဂျိုးဖြူငှက်တွေ အကြောင်းတော့ပါပါစေ…..ဒီမှာ ရှမ်းကြီးမရှက်နဲ့ ခင်ဗျားက အစ်ကိုကြီးဆို ကျုပ်က ညီငယ်လေးတို့တိုင်းရင်းသားတွေ ဘယ်သူပဲဗိုလ်လုပ်လုပ် သေနတ်မပါကြေးနော်….။
ဟိုး….မှာတွေ့လားတက္ကစီဆရာ အပါအဝင် ယာဉ်ထိန်းရဲကြီးရယ်၊လက်တစ်ဖက်ပဲရှိတဲ့ သတင်းစာရောင်းသည်ကြီးရယ်၊ပန်းသည်ကြီးရယ်၊ကွမ်းရောင်းတဲ့ညီလေးရယ်က….
ကုန်းပေါ်က လက်ပြနေပြီ…..။ပြည်တွင်းစစ်တွေ ရပ်ဆဲပြီး ငြိမ်းချမ်းရေးတောင်ပေါ်ကို ကျုပ်တို့ပြေးတက်ရ အောင်ဗျာ……ဆောင်းတွင်းမို့အေးတယ်တဲ့လားရခိုင်ကြီးရေ…ဒါဆိုကျောပိုးထား……
ကျုပ်တို့ပြေးတက် တော့မယ်နော်…ချယ်ရီပန်းတွေအစား သပြေပန်းတွေပွင့်နေပြီတဲ့…..ဒီလမ်း ဘယ်လောက်ကြမ်းကြမ်း ကျုပ်တို့ရအောင်တက်မယ်ဗျာ……။Credit:မင်းရသ(25.1.2021)