(၂၀၂၁) ခုႏွစ္အတြက္ အၾကားအျမင္ဆရာမႀကီးရဲ႕ ေဟာကိန္း
Baba Vanga ဆိုတဲ့အဖြားအိုႀကီးဟာ ေခတ္တစ္ခုမွာ အၾကားအျမင္ပိုင္း ဧကဝစနလို႔ေတာင္ ဆိုရေလာက္ေအာင္ ေပါက္ေျမာက္ခဲ့သူပါ။
အမည္အရင္းမွာ Vangeliya Pandeva Gushterova ျဖစ္ၿပီး၊ မ်က္မျမင္ဒုကၡိတဘဝဆိုေပမယ့္ အၾကားအျမင္မွာေတာ့ ကမာၻေက်ာ္ႀကီးေတြကိုယ္တိုင္သြားေရာက္ ေမးျမန္း စူးစမ္းတာေတြ ခံခဲ့ရသူပါ။
အဖြားအို ဘာဘာဟာ မက္ဆီဒိုးနီယားမွာ (၁၉၁၁)ခုႏွစ္က ေမြးဖြားခဲ့ၿပီးေတာ့ ဘူေဂးရီးယားႏိုင္ငံ၊ ဆိုဖီယာၿမိဳ႕ေတာ္မွာ (၁၉၉၆)ခုႏွစ္ၾသဂုတ္လ (၁၁)ရက္က အနိစၥေရာက္သြားခဲ့ပါတယ္။
ငယ္ငယ္ကတည္းက သဲမုန္တိုင္းေၾကာင့္ မ်က္စိအျမင္ကြယ္ခဲ့ေပမယ့္ ေရွ႕ျဖစ္ေဟာျခင္းနဲ႔ ေဗဒင္က်မ္းဂန္ပိုင္းမွာ ကြၽမ္းက်င္မႈေၾကာင့္နာမည္ႀကီးခဲ့ၿပီး၊ သူမ ေသလြန္ေပမယ့္ ထားရွိခဲ့တဲ့ ေဟာစာတမ္းေတြကေတာ့ ေတာင္ပုံရာပုံ ရွိေနခဲ့တယ္လို႔ ဆိုပါတယ္။မၾကာမီမွာကူးေျပာင္းေတာ့မယ့္ (၂၀၂၁)ခုႏွစ္အတြက္ကိုလည္း ဆရာမႀကီးဘာဘာက ေဟာထားခဲ့ပါတယ္။
သူမရဲ႕ ေဟာေျပာခ်က္ကို The Sun သတင္းရဲ႕ေဖာ္ျပမႈမွ ကိုးကားၿပီး ဆီေလွ်ာ္ေအာင္ ဘာသာျပန္တင္ဆက္ေပးလိုက္ျခင္း ျဖစ္ပါတယ္။
ဘာဘာရဲ႕(၂၀၂၁)ခုႏွစ္အတြက္ ေဟာေျပာခ်က္မွာေတာ့ ေကာင္းျခင္းထက္ ဆိုးျခင္းေတြက လႊမ္းမိုးေနပါတယ္။
လာမယ့္ႏွစ္မွာ လူသားေတြဟာ ကင္ဆာေရာဂါ ကုထုံးတစ္မ်ိဳးကို ရွာေဖြေတြ႕ရွိမွာ ျဖစ္ၿပီး သူမက ” ၂၁ ရာစုနဲ႔အစပိုင္းဟာ လူသားေတြကင္ဆာကို အျမစ္ပ်က္ ကုသႏိုင္လိမ့္မယ္ … ကင္ဆာဆိုတဲ့အရာကို သံမဏိခ်ိန္းႀကိဳးႀကီးနဲ႔ ခိုင္ၿမဲေအာင္ ခ်ည္ေႏွာင္ႏိုင္တဲ့တစ္ေန႔ေရာက္လာလိမ့္မယ္ … “လို႔ ေဟာခဲ့ပါတယ္။ ေနာက္ၿပီး သမၼတပူတင္အတြက္ မေကာင္းသတင္းကိုလည္း ေဟာခဲ့ပါေသးတယ္။
သမၼတပူတင္ဟာ လုပ္ႀကံသူေတြရဲ႕သားေကာင္ဘဝကို ေရာက္ရွိမွာလို႔ ဆိုပါတယ္။
ဒီလုပ္ႀကံမႈ ေအာင္ျမင္မယ္ မေအာင္ျမင္ဘူးဆိုတာကို ယတိျပတ္ေတာ့ ေဟာမထားပါဘူး။ ေနာက္ၿပီး ဥေရာပအဖို႔ ဘာသာေရးစစ္ေသြးႂကြေတြရဲ႕တိုက္ခိုက္မႈကို တိုးျမင့္ခံစားရမယ့္အေၾကာင္းလည္း သတိေပးခဲ့ပါတယ္။ ဓာတုလက္နက္နဲ႔ တိုက္ခိုက္မွာျဖစ္လို႔ စိတ္မေကာင္းစရာေတြ ႀကဳံရပါမယ္တဲ့။
အေမရိကန္သမၼတေဒၚနယ္ထရမ့္နဲ႔ ပတ္သက္ၿပီး သမၼတထရမ့္အေနနဲ႔ ပူတင္လို ႀကဳံရဖို႔ နည္းလမ္းနည္းေသာ္လည္း ဦးေႏွာက္အႀကိတ္ကင္ဆာေၾကာင့္မ်က္လုံးမျမင္တာပဲျဖစ္ျဖစ္ အသက္ဆုံးရႈံးတာပဲျဖစ္ျဖစ္ ႀကဳံရမယ္လို႔ ဆိုပါတယ္။ သမၼတထရမ့္နဲ႔ သမၼတပူတင္ကိုေတာ့ အမည္တိုက္႐ိုက္တပ္ၿပီးေဟာခဲ့တာမဟုတ္ဘဲ၊ ယေန႔အခ်ိန္ သက္ဆိုင္ရာ တာဝန္ယူထားသူမ်ားဆိုတဲ့ သေဘာမ်ိဳးကို သုံးခဲ့တာပါ။
သူမက ”လူေတြရဲ႕ အသိတရားေတြလည္း ေျပာင္းလဲကုန္မယ္ … ခက္ခဲတဲ့ကာလဆိုးႀကီးေတြ လာဦးမွာ … လူေတြကို သူတို႔ရဲ႕ ယုံၾကည္ျခင္းကပဲပိုင္းျခားသြားလိမ့္မယ္ … “လို႔ ေဟာပါတယ္။ ေနာက္ထပ္ ထူးျခားတာက ” သန္မာလြန္းတဲ့ နဂါးႀကီးက လူသားေတြကို သိမ္းပိုက္လိမ့္မယ္ “လို႔ဆိုထားတာက တ႐ုတ္ကပဲ ကမာၻ႔စူပါပါဝါကို ကန္ဆီကေန လႊဲေျပာင္းရယူသြားမယ္လို႔ ဆိုလိုတာပါ။
သူမက ” မဟာဘီလူးႀကီး သုံးေကာင္ ညီၫႊတ္ၾကကုန္အံ့ … အခ်ိဳ႕ေသာ လူေတြဟာ အနီေရာင္ပိုက္ဆံကို ပိုင္ဆိုင္ရလိမ့္မယ္ …
“လို႔ဆိုပါတယ္။ မဟာဘီလူးႀကီးသုံးေကာင္ဆိုသည္မွာ ႐ုရွား၊ အိႏၵိယ၊ တ႐ုတ္တို႔ကို ရည္ၫႊန္းပုံရၿပီး၊ အနီေရာင္ပိုက္ဆံဆိုသည္မွာ
သူမက “ကြၽႏ္ုပ္ကေတာ့ (၁၀၀)(၅)နဲ႔ သုညေတြမ်ားစြာ ျမင္ေနတယ္ “လို႔ ဆိုထားတာေၾကာင့္-တ႐ုတ္ယြမ္ (၁၀၀)တန္ကို ဆိုလိုသည္လား၊(၅၀၀၀)တန္႐ူဘယ္ကို ဆိုလိုသည္လား အနက္ေကာက္ရခက္ၿပီး ကမာၻ႔စီးပြားေရးကို တ႐ုတ္/႐ုရွားတို႔က ျခယ္လွယ္မယ္လို႔ ရည္ၫႊန္းပုံရပါတယ္။
လာင္စာဓာတ္ဆီ ထုတ္လုပ္မႈလည္း ရပ္ဆိုင္းသြား (ခမ္းသြား)မယ္လို႔ ေဟာထားၿပီး၊ ကမာၻႀကီးလည္း အနားယူရၿပီလို႔ ဆိုထားပါတယ္။ဘာဘာက ကမာၻႀကီး အဆုံးသတ္မယ့္အခ်ိန္နဲ႔ ပတ္သက္ၿပီး (၅၀၇၉)ခုႏွစ္အျဖစ္ ေဟာေျပာထားပါတယ္။
(စကားခ်ပ္ –ဝါရွင္တန္ပို႔စ္သတင္းစာကေတာ့ သူတို႔ စုံစမ္းေတြ႕ရွိခ်က္ရ အခု ေဟာေျပာခ်က္ေတြဟာ ႐ုရွားဆိုရွယ္မီဒီယာေတြမွာအင္နဲ႔အားနဲ႔ ျပန႔္ႏွံ႔ေနတဲ့ ေကာလာဟလေတြကို ေပါင္းစုထားမႈေတြျဖစ္ေၾကာင္း၊ ဒါကို ဆရာမႀကီးက ဘာဘာက ေဟာေျပာသေယာင္နဲ႔ေရာင္ေတာ္ျပန္ေရာလႊတ္ေနၾကျခင္းျဖစ္ေၾကာင္း၊ ဆရာမႀကီးမွာ ဘာေဟာစာတမ္းမွ မက်န္ရစ္ေၾကာင္း ဆိုထားပါတယ္
)(မွတ္ခ်က္ – The Sun သတင္းစာတြင္ ေဖာ္ျပထားသည့္ Baba Vanga 2021 predictions – Mystic who foresaw 9/11 sees cure for cancer and ‘dragon seizing humanity’ အမည္ရ ေဆာင္းပါးကို ဆီေလွ်ာ္ေအာင္ ဘာသာျပန္ဆိုထားျခင္း ျဖစ္ပါသည္ )
Unicode Version
(၂၀၂၁) ခုနှစ်အတွက် အကြားအမြင်ဆရာမကြီးရဲ့ ဟောကိန်း
Baba Vanga ဆိုတဲ့အဖွားအိုကြီးဟာ ခေတ်တစ်ခုမှာ အကြားအမြင်ပိုင်း ဧကဝစနလို့တောင် ဆိုရလောက်အောင် ပေါက်မြောက်ခဲ့သူပါ။
အမည်အရင်းမှာ Vangeliya Pandeva Gushterova ဖြစ်ပြီး၊ မျက်မမြင်ဒုက္ခိတဘဝဆိုပေမယ့် အကြားအမြင်မှာတော့ ကမ္ဘာကျော်ကြီးတွေကိုယ်တိုင်သွားရောက် မေးမြန်း စူးစမ်းတာတွေ ခံခဲ့ရသူပါ။
အဖွားအို ဘာဘာဟာ မက်ဆီဒိုးနီယားမှာ (၁၉၁၁)ခုနှစ်က မွေးဖွားခဲ့ပြီးတော့ ဘူဂေးရီးယားနိုင်ငံ၊ ဆိုဖီယာမြို့တော်မှာ (၁၉၉၆)ခုနှစ်သြဂုတ်လ (၁၁)ရက်က အနိစ္စရောက်သွားခဲ့ပါတယ်။
ငယ်ငယ်ကတည်းက သဲမုန်တိုင်းကြောင့် မျက်စိအမြင်ကွယ်ခဲ့ပေမယ့် ရှေ့ဖြစ်ဟောခြင်းနဲ့ ဗေဒင်ကျမ်းဂန်ပိုင်းမှာ ကျွမ်းကျင်မှုကြောင့်နာမည်ကြီးခဲ့ပြီး၊ သူမ သေလွန်ပေမယ့် ထားရှိခဲ့တဲ့ ဟောစာတမ်းတွေကတော့ တောင်ပုံရာပုံ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။မကြာမီမှာကူးပြောင်းတော့မယ့် (၂၀၂၁)ခုနှစ်အတွက်ကိုလည်း ဆရာမကြီးဘာဘာက ဟောထားခဲ့ပါတယ်။
သူမရဲ့ ဟောပြောချက်ကို The Sun သတင်းရဲ့ဖော်ပြမှုမှ ကိုးကားပြီး ဆီလျှော်အောင် ဘာသာပြန်တင်ဆက်ပေးလိုက်ခြင်း ဖြစ်ပါတယ်။
ဘာဘာရဲ့(၂၀၂၁)ခုနှစ်အတွက် ဟောပြောချက်မှာတော့ ကောင်းခြင်းထက် ဆိုးခြင်းတွေက လွှမ်းမိုးနေပါတယ်။
လာမယ့်နှစ်မှာ လူသားတွေဟာ ကင်ဆာရောဂါ ကုထုံးတစ်မျိုးကို ရှာဖွေတွေ့ရှိမှာ ဖြစ်ပြီး သူမက ” ၂၁ ရာစုနဲ့အစပိုင်းဟာ လူသားတွေကင်ဆာကို အမြစ်ပျက် ကုသနိုင်လိမ့်မယ် … ကင်ဆာဆိုတဲ့အရာကို သံမဏိချိန်းကြိုးကြီးနဲ့ ခိုင်မြဲအောင် ချည်နှောင်နိုင်တဲ့တစ်နေ့ရောက်လာလိမ့်မယ် … “လို့ ဟောခဲ့ပါတယ်။ နောက်ပြီး သမ္မတပူတင်အတွက် မကောင်းသတင်းကိုလည်း ဟောခဲ့ပါသေးတယ်။
သမ္မတပူတင်ဟာ လုပ်ကြံသူတွေရဲ့သားကောင်ဘဝကို ရောက်ရှိမှာလို့ ဆိုပါတယ်။
ဒီလုပ်ကြံမှု အောင်မြင်မယ် မအောင်မြင်ဘူးဆိုတာကို ယတိပြတ်တော့ ဟောမထားပါဘူး။ နောက်ပြီး ဥရောပအဖို့ ဘာသာရေးစစ်သွေးကြွတွေရဲ့တိုက်ခိုက်မှုကို တိုးမြင့်ခံစားရမယ့်အကြောင်းလည်း သတိပေးခဲ့ပါတယ်။ ဓာတုလက်နက်နဲ့ တိုက်ခိုက်မှာဖြစ်လို့ စိတ်မကောင်းစရာတွေ ကြုံရပါမယ်တဲ့။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ ပတ်သက်ပြီး သမ္မတထရမ့်အနေနဲ့ ပူတင်လို ကြုံရဖို့ နည်းလမ်းနည်းသော်လည်း ဦးနှောက်အကြိတ်ကင်ဆာကြောင့်မျက်လုံးမမြင်တာပဲဖြစ်ဖြစ် အသက်ဆုံးရှုံးတာပဲဖြစ်ဖြစ် ကြုံရမယ်လို့ ဆိုပါတယ်။ သမ္မတထရမ့်နဲ့ သမ္မတပူတင်ကိုတော့ အမည်တိုက်ရိုက်တပ်ပြီးဟောခဲ့တာမဟုတ်ဘဲ၊ ယနေ့အချိန် သက်ဆိုင်ရာ တာဝန်ယူထားသူများဆိုတဲ့ သဘောမျိုးကို သုံးခဲ့တာပါ။
သူမက ”လူတွေရဲ့ အသိတရားတွေလည်း ပြောင်းလဲကုန်မယ် … ခက်ခဲတဲ့ကာလဆိုးကြီးတွေ လာဦးမှာ … လူတွေကို သူတို့ရဲ့ ယုံကြည်ခြင်းကပဲပိုင်းခြားသွားလိမ့်မယ် … “လို့ ဟောပါတယ်။ နောက်ထပ် ထူးခြားတာက ” သန်မာလွန်းတဲ့ နဂါးကြီးက လူသားတွေကို သိမ်းပိုက်လိမ့်မယ် “လို့ဆိုထားတာက တရုတ်ကပဲ ကမ္ဘာ့စူပါပါဝါကို ကန်ဆီကနေ လွှဲပြောင်းရယူသွားမယ်လို့ ဆိုလိုတာပါ။
သူမက ” မဟာဘီလူးကြီး သုံးကောင် ညီညွှတ်ကြကုန်အံ့ … အချို့သော လူတွေဟာ အနီရောင်ပိုက်ဆံကို ပိုင်ဆိုင်ရလိမ့်မယ် …
“လို့ဆိုပါတယ်။ မဟာဘီလူးကြီးသုံးကောင်ဆိုသည်မှာ ရုရှား၊ အိန္ဒိယ၊ တရုတ်တို့ကို ရည်ညွှန်းပုံရပြီး၊ အနီရောင်ပိုက်ဆံဆိုသည်မှာ
သူမက “ကျွန်ုပ်ကတော့ (၁၀၀)(၅)နဲ့ သုညတွေများစွာ မြင်နေတယ် “လို့ ဆိုထားတာကြောင့်-တရုတ်ယွမ် (၁၀၀)တန်ကို ဆိုလိုသည်လား၊(၅၀၀၀)တန်ရူဘယ်ကို ဆိုလိုသည်လား အနက်ကောက်ရခက်ပြီး ကမ္ဘာ့စီးပွားရေးကို တရုတ်/ရုရှားတို့က ခြယ်လှယ်မယ်လို့ ရည်ညွှန်းပုံရပါတယ်။
လာင်စာဓာတ်ဆီ ထုတ်လုပ်မှုလည်း ရပ်ဆိုင်းသွား (ခမ်းသွား)မယ်လို့ ဟောထားပြီး၊ ကမ္ဘာကြီးလည်း အနားယူရပြီလို့ ဆိုထားပါတယ်။
ဘာဘာက ကမ္ဘာကြီး အဆုံးသတ်မယ့်အချိန်နဲ့ ပတ်သက်ပြီး (၅၀၇၉)ခုနှစ်အဖြစ် ဟောပြောထားပါတယ်။
(စကားချပ် –ဝါရှင်တန်ပို့စ်သတင်းစာကတော့ သူတို့ စုံစမ်းတွေ့ရှိချက်ရ အခု ဟောပြောချက်တွေဟာ ရုရှားဆိုရှယ်မီဒီယာတွေမှာအင်နဲ့အားနဲ့ ပြန့်နှံ့နေတဲ့ ကောလာဟလတွေကို ပေါင်းစုထားမှုတွေဖြစ်ကြောင်း၊ ဒါကို ဆရာမကြီးက ဘာဘာက ဟောပြောသယောင်နဲ့ရောင်တော်ပြန်ရောလွှတ်နေကြခြင်းဖြစ်ကြောင်း၊ ဆရာမကြီးမှာ ဘာဟောစာတမ်းမှ မကျန်ရစ်ကြောင်း ဆိုထားပါတယ်
)(မှတ်ချက် – The Sun သတင်းစာတွင် ဖော်ပြထားသည့် Baba Vanga 2021 predictions – Mystic who foresaw 9/11 sees cure for cancer and ‘dragon seizing humanity’ အမည်ရ ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည် )