အေထြအေထြဗဟုသုတ

ေျခစြယ္ငုပ္ျခင္းကို အလ်င္အျမန္ သက္သာေပ်ာက္ကင္းေစႏိုင္မယ့္ နည္းလမ္းေကာင္းမ်ား …

ေျခစြယ္ငုပ္ျခင္းကို အလ်င္အျမန္ သက္သာေပ်ာက္ကင္းေစႏိုင္မယ့္ နည္းလမ္းေကာင္းမ်ား

ေျခစြယ္ငုပ္ျခင္းဟာ အျဖစ္မ်ားတဲ့ က်န္းမာေရး ျပႆနာတခုျဖစ္သလို ခံစားရလည္းခက္ၿပီး ေပ်ာက္ကင္းဖို႔လည္း အခ်ိန္အေတာ္ၾကာပါတယ္။ ေျခသည္းညႇပ္ပုံ နည္းစနစ္ မမွန္ကန္တဲ့ အခါမ်ိဳးနဲ႔ ၾကပ္တည္းလြန္းတဲ့

ဖိနပ္ေတြ ဝတ္ဆင္တဲ့အခါမ်ိဳးမွာ အျဖစ္မ်ားသလို ထိခိုက္ဒဏ္ရာရတဲ့ အခါမ်ိဳးမွာလည္း ျဖစ္တတ္ပါတယ္။ဒါေၾကာင့္မို႔လို႔ ေျခစြယ္ငုပ္တဲ့အခါ အလ်င္အျမန္သက္သာ ေပ်ာက္ကင္းေစႏိုင္ဖို႔

နည္းလမ္းေကာင္းေတြကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

(၁) ဆားေရစိမ္ျခင္း

အိမ္မွာ အလြယ္တကူ ရရွိႏိုင္တဲ့ အိမ္သုံးဆား ၂ ဇြန္းခန႔္ကို ေရခပ္ေႏြးေႏြးနဲ႔ ဇလုံတခုထဲ ေရာထည့္ကာ ေျခစြယ္ငုပ္ေနတဲ့ ေျခေထာက္ကို ၁၅ မိနစ္ခန႔္ စိမ္ထားေပးပါ။

ဒီလိုျပဳလုပ္ေပးျခင္းဟာ ေျခစြယ္ငုပ္ျခင္းေၾကာင့္ နာက်င္ျခင္းကို သက္သာေစႏိုင္သလို ေျခစြယ္ငုပ္ရာကေနတဆင့္ ပိုးဝင္ျခင္းကိုလည္း ႀကိဳတင္ကာကြယ္ ေပးႏိုင္ပါတယ္။

(၂) ပန္းသီး ရွာလကာရည္

ပန္းသီး ရွာလကာရည္ အနည္းငယ္ကို ဂြမ္းစေပၚမွာ သုတ္လိမ္းၿပီး ေျခစြယ္ငုပ္ေနတဲ့ ေျခေခ်ာင္းေနရာေပၚကို မိနစ္ ၂၀ ခန႔္ ဖိကပ္ထားေပးပါ။ ဒီလိုျပဳလုပ္ျခင္းဟာ ေျခစြယ္ငုပ္ျခင္းေၾကာင့္ ေရာင္ရမ္းလာျခင္းနဲ႔

ျပည္တည္ျခင္းကို ကာကြယ္ေပးႏိုင္ၿပီး ေျခသည္းခြံကိုလည္း ေပ်ာ့ေျပာင္းသြားေစတာေၾကာင့္ ေျခစြယ္ကို အလြယ္တကူ ညႇပ္ထုပ္ပစ္ႏိုင္မွာ ျဖစ္ပါတယ္။

(၃) ပ်ားရည္နဲ႔ သံပုရာရည္

ပ်ားရည္ လက္ဖက္ရည္ဇြန္း တဇြန္းခန႔္နဲ႔ သံပုရာရည္ အနည္းငယ္ကို ေရာစပ္ၿပီး ေျခစြယ္ငုပ္ေနတဲ့ ေျခေခ်ာင္းေပၚမွာ သုတ္လိမ္းၿပီး ပတ္တီးနဲ႔စည္းထားေပးပါ။

ဒီနည္းလမ္းအတိုင္း ၂ ရက္၊ ၃ ရက္ခန႔္ ျပဳလုပ္ေပးျခင္းအားျဖင့္ ေျခစြယ္ကို ညႇပ္ထုတ္စရာ မလိုဘဲ သူအလိုလို ေပ်ာက္ကင္းသြားႏိုင္မွာ ျဖစ္ပါတယ္။

(၄) တမာ႐ြက္

ဒီနည္းလမ္းကေတာ့ အိႏၵိယ တိုင္းရင္းေဆး နည္းလမ္း တခုပါ။ တမာ႐ြက္ကို ေရနဲ႔ျပဳတ္ၿပီး ရလာတဲ့ တမာ႐ြက္ျပဳတ္ရည္ နဲ႔ ေျခစြယ္ငုပ္ေနတဲ့ ေျခေထာက္ကို စိမ္ေပးရမွာျဖစ္ပါတယ္။

ဒီနည္းလမ္းဟာ ေျခစြယ္ငုတ္ေနတာကို သက္သာ ေပ်ာက္ကင္းေစႏိုင္တဲ့အျပင္ ေနာက္ထပ္ မျဖစ္ေပၚေအာင္လည္း ကာကြယ္ေပးႏိုင္ပါတယ္။

Credit:ဟယ္လ္သင္/ဧရာဝတီ

Unicode

ခြေစွယ်ငုပ်ခြင်းကို အလျင်အမြန် သက်သာပျောက်ကင်းစေနိုင်မယ့် နည်းလမ်းကောင်းများ

ခြေစွယ်ငုပ်ခြင်းဟာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာတခုဖြစ်သလို ခံစားရလည်းခက်ပြီး ပျောက်ကင်းဖို့လည်း အချိန်အတော်ကြာပါတယ်။ ခြေသည်းညှပ်ပုံ နည်းစနစ် မမှန်ကန်တဲ့ အခါမျိုးနဲ့ ကြပ်တည်းလွန်းတဲ့

ဖိနပ်တွေ ဝတ်ဆင်တဲ့အခါမျိုးမှာ အဖြစ်များသလို ထိခိုက်ဒဏ်ရာရတဲ့ အခါမျိုးမှာလည်း ဖြစ်တတ်ပါတယ်။ဒါကြောင့်မို့လို့ ခြေစွယ်ငုပ်တဲ့အခါ အလျင်အမြန်သက်သာ ပျောက်ကင်းစေနိုင်ဖို့

နည်းလမ်းကောင်းတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

(၁) ဆားရေစိမ်ခြင်း

အိမ်မှာ အလွယ်တကူ ရရှိနိုင်တဲ့ အိမ်သုံးဆား ၂ ဇွန်းခန့်ကို ရေခပ်နွေးနွေးနဲ့ ဇလုံတခုထဲ ရောထည့်ကာ ခြေစွယ်ငုပ်နေတဲ့ ခြေထောက်ကို ၁၅ မိနစ်ခန့် စိမ်ထားပေးပါ။

ဒီလိုပြုလုပ်ပေးခြင်းဟာ ခြေစွယ်ငုပ်ခြင်းကြောင့် နာကျင်ခြင်းကို သက်သာစေနိုင်သလို ခြေစွယ်ငုပ်ရာကနေတဆင့် ပိုးဝင်ခြင်းကိုလည်း ကြိုတင်ကာကွယ် ပေးနိုင်ပါတယ်။

(၂) ပန်းသီး ရှာလကာရည်

ပန်းသီး ရှာလကာရည် အနည်းငယ်ကို ဂွမ်းစပေါ်မှာ သုတ်လိမ်းပြီး ခြေစွယ်ငုပ်နေတဲ့ ခြေချောင်းနေရာပေါ်ကို မိနစ် ၂၀ ခန့် ဖိကပ်ထားပေးပါ။ ဒီလိုပြုလုပ်ခြင်းဟာ ခြေစွယ်ငုပ်ခြင်းကြောင့် ရောင်ရမ်းလာခြင်းနဲ့

ပြည်တည်ခြင်းကို ကာကွယ်ပေးနိုင်ပြီး ခြေသည်းခွံကိုလည်း ပျော့ပြောင်းသွားစေတာကြောင့် ခြေစွယ်ကို အလွယ်တကူ ညှပ်ထုပ်ပစ်နိုင်မှာ ဖြစ်ပါတယ်။

(၃) ပျားရည်နဲ့ သံပုရာရည်

ပျားရည် လက်ဖက်ရည်ဇွန်း တဇွန်းခန့်နဲ့ သံပုရာရည် အနည်းငယ်ကို ရောစပ်ပြီး ခြေစွယ်ငုပ်နေတဲ့ ခြေချောင်းပေါ်မှာ သုတ်လိမ်းပြီး ပတ်တီးနဲ့စည်းထားပေးပါ။

ဒီနည်းလမ်းအတိုင်း ၂ ရက်၊ ၃ ရက်ခန့် ပြုလုပ်ပေးခြင်းအားဖြင့် ခြေစွယ်ကို ညှပ်ထုတ်စရာ မလိုဘဲ သူအလိုလို ပျောက်ကင်းသွားနိုင်မှာ ဖြစ်ပါတယ်။

(၄) တမာရွက်

ဒီနည်းလမ်းကတော့ အိန္ဒိယ တိုင်းရင်းဆေး နည်းလမ်း တခုပါ။ တမာရွက်ကို ရေနဲ့ပြုတ်ပြီး ရလာတဲ့ တမာရွက်ပြုတ်ရည် နဲ့ ခြေစွယ်ငုပ်နေတဲ့ ခြေထောက်ကို စိမ်ပေးရမှာဖြစ်ပါတယ်။

ဒီနည်းလမ်းဟာ ခြေစွယ်ငုတ်နေတာကို သက်သာ ပျောက်ကင်းစေနိုင်တဲ့အပြင် နောက်ထပ် မဖြစ်ပေါ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

Credit:ဟယ်လ်သင်/ဧရာဝတီ