နိုင္ငံတကာသတင္း

ဖိလစ်ပိုင်နိုင်ငံရဲ့ အကြီးဆုံးမီဒီယာနဲ့ တွေ့ဆုံပြီး မြန်မာပြည်ရဲ့ လက်ရှိပြည်တွင်းရေးကို ဖွင့်ချသွားမယ်ဆိုတဲ့ SINON LORESCA

ဖိလစ္ပိုင္လူမ်ိဳး Catwalk Model၊ သ႐ုပ္ေဆာင္ တစ္ေယာက္ျဖစ္တဲ့ Sinon Loresca ကေတာ့ ၿပီးခဲ့တဲ့ (၂၀၁၉) ခုႏွစ္အတြင္းမွာ

ျမန္မာနိုင္ငံကို အလည္လာရင္း ျမန္မာပရိသတ္ေတြရဲ့ အားေပးမႈကို အခိုင္အမာရရွိခဲ့သူတစ္ေယာက္ျဖစ္ပါတယ္

Sinon Loresca က ျမန္မာနိုင္ငံမွာ တစ္ႏွစ္ေက်ာ္ၾကာ ေနထိုင္ကာ အႏုပညာအလုပ္ေတြနဲ႔ ပရဟိတအလုပ္ေတြကို လုပ္ကိုင္ခဲ့ၿပီးမေန႔က ေဖေဖာ္ဝါရီလ (၁၅) ရက္ေန႔မွာ သူ႔မိခင္ရဲ့ က်န္းမာေရးအေျခအေနေၾကာင့္ သူ႔ရဲ့နိုင္ငံ ဖိလစ္ပိုင္နိုင္ငံကို ျပန္သြား ခဲ့ၿပီပဲ ျဖစ္ပါတယ္

လက္ရွိမွာ ဖိလစ္ပိုင္နိုင္ငံကို ေရာက္ရွိေနၿပီျဖစ္တဲ့ Sinon Loresca က ဒီကေန႔မွာေတာ့ ဖိလစ္ပိုင္နိုင္ငံရဲ့ အႀကီးဆုံး သတင္းမီဒီယာနဲ႔ ေတြ႕ဆုံၿပီးလက္ရွိျမန္မာ့ျပည္တြင္းေရးကို ဖြင့္ခ်ေျပာဆိုသြားမယ္ဆိုၿပီး “ဒီေန႔ ကၽြန္ေတာ္ ဖိလစ္ပိုင္နိုင္ငံက အႀကီးမားဆုံး သတင္းမီဒီယာတစ္ခုနဲ႔ ေတြ႕ဆု႔ဖို႔ရွိပါတယ္

ျမန္မာအတြက္ ကၽြန္ေတာ့္ အသံေတြ ဟိန္းေနေစရပါမယ္” ဆိုၿပီး သူ႔ရဲ့ ေဖ့စ္ဘုတ္စာမ်က္ႏွာကေန အခုလိုပဲ ေျပာျပလာပါတယ္

Sinon Loresca ကေတာ့ ဒီမိုကေရစီကို လိုလားသူတစ္ေယာက္ပီပီ သူကိုယ္တိုင္ျမင္ေတြ႕ခဲ့ရတဲ့ ျမန္မာ့ျပည္တြင္းအေျခအေနမွန္မ်ားကိုဖိလစ္ပိုင္နိုင္ငံရဲ့ သတင္းမီဒီယာမွာ ဖြင့္ခ်ေျပာျပေတာ့မွာပဲ ျဖစ္ပါတယ္

ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္ရႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္နိုင္ၾကပါေစလို႔ ဆုေတာင္းေပး လိုကၸါတယ္ေနာ္

Source: Sinon Loresca ‘s fb

Credit– Cele Connections

Unicode Version

ဖိလစ်ပိုင်လူမျိုး Catwalk Model၊ သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ Sinon Loresca ကတော့ ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်အတွင်းမှာ

မြန်မာနိုင်ငံကို အလည်လာရင်း မြန်မာပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

Sinon Loresca က မြန်မာနိုင်ငံမှာ တစ်နှစ်ကျော်ကြာ နေထိုင်ကာ အနုပညာအလုပ်တွေနဲ့ ပရဟိတအလုပ်တွေကို လုပ်ကိုင်ခဲ့ပြီးမနေ့က ဖေဖော်ဝါရီလ (၁၅) ရက်နေ့မှာ သူ့မိခင်ရဲ့ ကျန်းမာရေးအခြေအနေကြောင့် သူ့ရဲ့နိုင်ငံ ဖိလစ်ပိုင်နိုင်ငံကို ပြန်သွား ခဲ့ပြီပဲ ဖြစ်ပါတယ်

လက်ရှိမှာ ဖိလစ်ပိုင်နိုင်ငံကို ရောက်ရှိနေပြီဖြစ်တဲ့ Sinon Loresca က ဒီကနေ့မှာတော့ ဖိလစ်ပိုင်နိုင်ငံရဲ့ အကြီးဆုံး သတင်းမီဒီယာနဲ့ တွေ့ဆုံပြီးလက်ရှိမြန်မာ့ပြည်တွင်းရေးကို ဖွင့်ချပြောဆိုသွားမယ်ဆိုပြီး “ဒီနေ့ ကျွန်တော် ဖိလစ်ပိုင်နိုင်ငံက အကြီးမားဆုံး သတင်းမီဒီယာတစ်ခုနဲ့ တွေ့ဆု့ဖို့ရှိပါတယ်

မြန်မာအတွက် ကျွန်တော့် အသံတွေ ဟိန်းနေစေရပါမယ်” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ အခုလိုပဲ ပြောပြလာပါတယ်

Sinon Loresca ကတော့ ဒီမိုကရေစီကို လိုလားသူတစ်ယောက်ပီပီ သူကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ မြန်မာ့ပြည်တွင်းအခြေအနေမှန်များကိုဖိလစ်ပိုင်နိုင်ငံရဲ့ သတင်းမီဒီယာမှာ ဖွင့်ချပြောပြတော့မှာပဲ ဖြစ်ပါတယ်

ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက္ပါတယ်နော်

Source: Sinon Loresca ‘s fb

Credit– Cele Connections