အေထြအေထြဗဟုသုတ
တုံးအတဲ့ ယောက်ျားနဲ့ ထက်မြက်တဲ့ ယောက်ျား။
Credit Nine Nine Sanay..
Unicode Version
(၁) တုံးအတဲ့ယောက်ျားက မိန်းမကိုဘယ်တော့မှ မချီးကျူးဘူး။ ကောင်းတာတွေလုပ်ရင် ဆိတ်ဆိတ်နေတယ်။ မကောင်းတာတွေလုပ်ရင် ကဲ့ရဲ့တယ်။
ထက်မြက်တဲ့ယောက်ျားက မိန်းမရဲ့အားသာချက်လေးတွေကို ရှာကြံချီးကျူးပြီ: ရှေ့ဆက်လုပ်ချင်အောင် အားပေးတယ်။
(၂) တုံးအတဲ့ယောက်ျားက ကိုယ့်မိန်းမကလွဲရင် မိန်းမအားလုံး လှတယ်ထင်တယ်။ ထက်မြက်တဲ့ယောက်ျားက ကိုယ့်မိန်းမကို ဘယ်လိုလှအောင် လုပ်ပေးရမလဲ စဉ်းစားတယ်။
(၃) တုံးအတဲ့ယောက်ျားက ကိုယ့်မိန်းမကို အလုပ်တွေ အများကြီး ပြီးမြောက်စေချင်တယ်။ နူးညံ့ပြီး ယောကျာ်းကိုနာခံပြုစုတတ်စေချင်တယ်။ တချိန်ထဲမှာပဲ လှပပြီး ထက်မြက် ဝင်ငွေကောင်းစေချင်တယ်။
ဒါတွေ တစ်ပြိုင်နက် မဖြစ်နိုင်ဘူးဆိုတာ သူမေ့ထားတယ်။ ထက်မြက်တဲ့ယောက်ျားက Nobody is Perfect ဆိုတာကို ယုံကြည်လက်ခံတယ်။ ကိုယ်ရတဲ့မိန်းမဟာ
အကောင်းဆုံးလို့ မှတ်ယူတယ်။
(၄) တုံးအတဲ့ယောက်ျားက အတိတ်ဟောင်းကို ခဏခဏထုတ်ပြီး မနာလိုဖြစ်တယ်။ ထက်မြက်တဲ့ယောက်ျားက လှပတဲ့ အနာဂတ်ရောက်ဖို့ ဦးတည်တယ်။
(၅) တုံးအတဲ့ယောက်ျားက မိန်းမကို တဗျစ်တောက်တောက်ပြောတယ်လို့ အပြစ်တင် စိတ်ပျက်တယ်။ ထက်မြက်တဲ့ယောက်ျားက အနမ်းပြင်းပြင်းတစ်ချက်နဲ့ နှုတ်ဆိတ်စေဖို့ သတိရတယ်။
(၆) တုံးအတဲ့ယောက်ျားက “နင်မရှိလဲ လှေကား၃ထစ်ဆင်း လူပျိုပဲ”လို့ အော်ဟစ်တယ်။ ထက်မြက်တဲ့ယောက်ျားက “နင်ဟာ ငါ့ဘဝရဲ့မရှိမဖြစ်သူပါ” လို့ဆိုတယ်။
(၇) တုံးအတဲ့ယောက်ျားက မိန်းမကို တာဝန်အရ အရာရာ ပေးဆပ်စေတယ်။ ထက်မြက်တဲ့ယောက်ျားက မိန်းမကို စိတ်လိုလက်ရ ပြုစုအောင် စွမ်းဆောင်နိုင်တယ်။
(၈) တုံးအတဲ့ယောက်ျားက ကိုယ်တော်၊ ကိုယ်တတ်ကြောင်းကို ပိုအရေးစိုက်တယ်။ ကိုယ့်မာန ကိုယ့်အတ္တ ထိခိုက်မခံဘူး။ ထက်မြက်တဲ့ယောက်ျားက နှစ်ဦးအတူကြိုးစားမှ
ခရီးရောက်တယ်ဆိုတာ လက်ခံတယ်။
(၉) တုံးအတဲ့ယောက်ျားက မိန်းမကို စိတ်အားငယ်မှုနဲ့ ကိုယ့်ကိုယ်ကိုယ် မယုံကြည်မှုတွေပေးတယ်။ ထက်မြက်တဲ့ယောက်ျားက မိန်းမကို စိတ်လုံခြုံမှုနဲ့ အေးချမ်းမှုကို ပေးတယ်။
(၁ဝ) တုံးအတဲ့ယောက်ျားက သူ့ဒေါသကြားမှာ မိန်းမကို ဦးတည်ရာပျောက်စေတယ်။ ထက်မြက်တဲ့ယောက်ျားက သူ့တည်ကြည်မှုနဲ့ အိမ်ထောင်ကို သာယာစေတယ်။
Credit Nine Nine Sanay..