အေထြအေထြဗဟုသုတ

မလွပတဲ့ အိမ္ေထာင္ရွင္မ မရွိဘူး အသုံးမက်တဲ့ အိမ္ေထာင္ဦးစီးဆိုတာပဲ ရွိတယ္…

ဘဝဆိုတာ ျဖတ္သန္းရျခင္း တစ္ခုမၽွသာပဲ….

အခ်ိဴ႕က ဘဝလက္တြဲေဖာ္ ရတတ္ေပမယ့္ အခ်ိဳ႕ကေတာ့ ကံဆိုးစြာ ဘဝေျခထိုးေဖာ္ ရတတ္ပါတယ္…။

အိမ္ေထာင္ျပဳတယ္ဆိုတာ အိတ္ပိတ္ကံစမ္းရသလိုပါပဲ။ အျပင္ပန္းကေတာ့ ေရြးတာပဲ။ အထဲမွာ ပါခ်င္ရာ ပါတတ္တာ။ အခန႔္မသင့္ရင္ ဘယ္ေတာ့မွ မေပါက္မယ့္ ထီလက္မွတ္ေဟာင္းႀကီးနဲ႔ လက္ထပ္ရသလို ျဖစ္နိုင္ေသးတယ္…။

အိမ္ေထာင္ေရး သာယာေနရင္ေတာ့ အိမ္ေထာင္က်ရတာ သိပ္ေတာ့ မဆိုးရွာပါဘူး။ အိမ္ေထာင္ေရးမသာယာရင္ေတာ့ စိတ္ဆင္းရဲရတာနဲ႔ သက္တမ္းတိုမယ္။ ႐ုပ္အိုမယ္။ ေငြေၾကး အဆင္ေျပေနရင္ ခံသာေသး။ အိမ္ေထာင္ေရး အဆင္မေျပရတဲ့ၾကား ေငြေၾကးပါ အဆင္ေျမ….ဒီၾကားထဲ အိမ္ေထာင္ေရးပါေဖာက္ျပန္လာရင္ေတာ့ ဒုကၡနဲ႔လွလွႀကီးေတြ႕ေတာ့တာပါပဲ။

အိမ္ေထာင္ရွင္အမ်ိဳးသမီးေတြဘဝမလြယ္ပါဘူး…။

အိမ္ေထာင္သည္ျဖစ္လာလို႔ ကေလးမယူေသးရင္ ကေလးမရေအာင္ ေဆးထိုးေဆးစား လုပ္ရပါလိမ့္မယ္။ေဆးနဲ႔မတည့္သူဆို အသားေတြ မြဲလာမယ္။ အသားေတြ ပြလာမယ္။ အဆီေတြ တက္လာမယ္။ ဒါမွမဟုတ္ မတရား ပိန္လာမယ္။ ဗိုက္ေခါက္ေတြ ထြက္လာမယ္….။

ကိုယ္ဝန္ေဆာင္ၿပီး ကေလးေမြးၿပီးျပန္ေတာ့လည္း ဗိုက္က ခ်က္ခ်င္းပိန္မသြားပါဘူး။ ပူစီေပါင္း ေလေလၽွာ့လိုက္သလို အသားေတြ တြဲလာမယ္။ အေၾကာျပတ္ရာေတြနဲ႔ လွခ်င္တိုင္း လွလာနိုင္ေတာ့မွာမဟုတ္ပါ…။

ကေလးမ်ား ရလာေတာ့ပိုေျခခ်ဳပ္မိပါၿပီ။ ညည ကေလးကငို၊ ေသးကစို အိပ္ေရးကပ်က္ ကိုယ္ခ်င္းစာတရားရွိတဲ့ ေယာက္်ားဆို ေတာ္ေသး။ မဟုတ္ရင္ေတာ့ လူ႐ုပ္ေတာင္ ေပၚမွာ မဟုတ္ဘူး။

မိန္းမျဖစ္ရဘဝမလြယ္ပါဘူး။ လူမဆန္ကိုယ္ခ်င္းစာတရား အသိတရားမရွိတဲ့တခ်ိဳ႕ေယာက်္ားေတြ ယူခါစတုန္းကလို မလွမပျဖစ္ေနတဲ့မိန္းမေတြကို စိတ္ကုန္တယ္ေလနဲ႔ျဖစ္ရျပန္တယ္။

ရွာတဲ့ပိုက္ဆံက ႏွစ္ပဲေျခာက္ျပားနဲ႔အိမ္ကမိန္းမကို စိတ္ကုန္ရတယ္ေျပာထြက္ရဲေသး

ေပးလိုက္ေလ…ပိုက္ဆံမ်ားမ်ား တစ္ကိုယ္လုံး ေပါင္းအထပ္ထပ္ တင္ခိုင္းလိုက္…ဆံပင္ကစလို႔ ေျခမေျခသည္းခြံထိပိုက္ဆံေပးရင္ လွေအာင္ျပင္လို႔ရတယ္…

ညီညီေမာင္(စမ္းေခ်ာင္း)ကေနကြင္းသုသုလို ႂကြႂကြရြရြ ျဖစ္နိုင္တဲ့ေခတ္မွာ ကိုယ့္မိန္းမကိုယ္ ေငြပုံေပးၿပီးအလွျပင္ခိုင္းလိုက္ေလ…

တစ္ခ်ိဳ႕ေယာက္်ားေတြ ကိုယ္တိုင္က အသုံးမက်ဘဲ ကိုယ့္မိန္းမ မလွနိုင္တာကို အျပစ္တင္ေနတတတ္ၾကတယ္

မလွတဲ့ အိမ္ေထာင္ရွင္မ မရွိဘူး… အသုံးမက်တဲ့ အိမ္ေထာင္ဦးစီးပဲ ရွိတယ္…

မိန္းမေတြမ်ားစုက အိမ္ေထာင္က် ကေလးေတြရလာၿပီဆိုရင္ သူတို႔စိတ္နဲ႔ခႏၶာက လင္ေယာက်္ားနဲ႔သားသမီးအတြက္ပဲ အစစရာရာဦးစားေပးစဥ္းစားတတ္ၾကတယ္ သူ႔တို႔အတြက္ကိုသူတို႔အခ်ိန္ေပးဖို႔ေမ့သြားတတ္ၾကတယ္။

သူတို႔ကိုယ္သူတို႔ အရင္ကလိုလွလွပပ မေနေတာ့ပဲ ဖိုတီဖတ္သပ္ျဖစ္ေနရျခင္းက သူတို႔ရဲ့ရင္ေသြးေလေတြအတြက္ ပိုက္ဆံေတြစုၿပီး ေကာင္းေကာင္း ျပဳစုပ်ိဳးေထာင္နိုင္ဖို႔အတြက္ပါ။

ကိုယ့္အတြက္ ဘဝတစ္ခုလုံးပုံအပ္ထားတဲ့ မိန္းမကို အလွတစ္ခုထဲကို ၾကည့္ၿပီး စိတ္ပ်က္စရာလို႔ျမင္ရင္…..အခ်ိန္ကိုၾကည့္…..အရြယ္ကိုၾကည့္……ေတြးရေျပာရထိန္းခ်ဳပ္ရတဲ့အရာေတြကိုၾကည့္ေလ..

၁၈ႏွစ္နဲ႔၃၈ႏွစ္မတူနိုင္သလို ၁၈ႏွစ္အေတြးနဲ႔၃၈ႏွစ္အေတြးကြာဟမယ္ေလ…

အိမ္ေထာင္ရွင္ဇနီးတာဝန္ဝတၱရားေတြႀကီးလာေလသူတို႔ရဲ့႐ုပ္ခႏၶာကိုယ္ေတြပ်က္စီးယိုယြင္းလာေလပါပဲ။လူပဲဘာသားနဲ႔ထုထားတာမို႔လဲ အေသြးသားနဲ႔တည္ေဆာက္ထားတာေလေနာ္။ယူထားတုန္းကေတာ့ ဆယ္ေက်ာ္သက္/ႏွစ္ဆယ္ေက်ာ္ေလး ငယ္ရွိန္နဲ႔လွပႏုပ်ိဳခ်ိန္…အဲဒီလိုႏုပ်ိဴျမစ္ျခင္းေတြစားသုံးၿပီး….အရြယ္ေတြက်လာ

သားသမီးေတြေမြးေပး….ကိုယ့္လက္ထဲေရာက္လာမွအခ်ိန္ၾကာလာတာနဲ႔အမၽွအရင္ကလိုမလွမပျဖစ္လာတာကိုယ့္ပေရာဂေၾကာင့္လားဆိုတာလည္းထည့္စဥ္းစားတတ္ရပါမယ္။

ကိုယ္ယူထားတဲ့ဇနီးမယားအေပၚ ဘယ္ေလာက္တာဝန္ေက်ခဲ့လဲ…..အပ်ိဳဘဝမွာ ေနခ်င္သလိုေန စားခ်င္သလိုစား လွလွပပျဖစ္ေနတဲ့မိန္းမတစ္ေယာက္ အခုသူမ ဘာေၾကာင့္မလွမပျဖစ္ေနရလဲ…. သူမလွပေအာင္ သင္ဘယ္ေလာက္ပံ့ပိုးေပးနိုင္ခဲ့လဲ…..သူမအရင္ကလိုမလွပနိုင္ေတာ့တာ ဘာေၾကာင့္လဲ

အရင္ကအရမ္းစိတ္သေဘာထားေကာင္းတဲ့မိန္းမ တစ္ေယာက္က အခုမွစိတ္မၾကည္မရႊင္ စိတ္ဆိုးစိတ္ေကာက္ျဖစ္ေနရတာ သင္ကိုယ္တိုင္ မိသားစုအေပၚ တာဝန္ေက်ခဲ့ရဲ့လား ……အိမ္ေထာင္ရွင္အမ်ိဳးသားမ်ား တရားမၽွတစြာ ေတြးတတ္ၾကပါေစ။

သင္ယူထားတဲ့မိန္းမ သင့္အတြက္အခ်ိန္မေပးေတာ့ပဲ ကိုယ့္ဟာကိုယ္ အခ်ိန္ျပန္ေပးတဲ့အခ်ိန္ၾကရင္ အရင္ကထက္ အဆတစ္ရာ ျပန္လွလာနိုင္တယ္ဆိုတာ သင္မေမ့ပါနဲ႔…..

Credit- ✍️

Myanmar Ma Lay

ေလးစားလၽွက္ _ျပန္လည္မၽွေဝပါသည္

Photo Crd

=========

ဘဝဆိုတာ ဖြတ်သန်းရခြင်း တစ်ခုမျှသာပဲ။

အချိူ့က ဘဝလက်တွဲဖော် ရတတ်ပေမယ့် အချို့ကတော့ ကံဆိုးစွာ ဘဝခြေထိုးဖော် ရတတ်ပါတယ်။

အိမ်ထောင်ပြုတယ်ဆိုတာ အိတ်ပိတ်ကံစမ်းရသလိုပါပဲ။ အပြင်ပန်းကတော့ ရွေးတာပဲ။ အထဲမှာ ပါချင်ရာ ပါတတ်တာ။ အခန့်မသင့်ရင် ဘယ်တော့မှ မပေါက်မယ့် ထီလက်မှတ်ဟောင်းကြီးနဲ့ လက်ထပ်ရသလို ဖြစ်နိုင်သေးတယ်။

အိမ်ထောင်ရေး သာယာနေရင်တော့ အိမ်ထောင်ကျရတာ သိပ်တော့ မဆိုးရှာပါဘူး။ အိမ်ထောင်ရေးမသာယာရင်တော့ စိတ်ဆင်းရဲရတာနဲ့ သက်တမ်းတိုမယ်။ ရုပ်အိုမယ်။ ငွေကြေး အဆင်ပြေနေရင် ခံသာသေး။ အိမ်ထောင်ရေး အဆင်မပြေရတဲ့ကြား ငွေကြေးပါ အဆင်မြေ….ဒီကြားထဲ အိမ်ထောင်ရေးပါဖောက်ပြန်လာရင်တော့ ဒုက္ခနဲ့လှလှကြီးတွေ့တော့တာပါပဲ။

အိမ်ထောင်ရှင်အမျိုးသမီးတွေဘဝမလွယ်ပါဘူး။

အိမ်ထောင်သည်ဖြစ်လာလို့ ကလေးမယူသေးရင် ကလေးမရအောင် ဆေးထိုးဆေးစား လုပ်ရပါလိမ့်မယ်။ဆေးနဲ့မတည့်သူဆို အသားတွေ မွဲလာမယ်။ အသားတွေ ပွလာမယ်။ အဆီတွေ တက်လာမယ်။ ဒါမှမဟုတ် မတရား ပိန်လာမယ်။ ဗိုက်ခေါက်တွေ ထွက်လာမယ်။

ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးပြီးပြန်တော့လည်း ဗိုက်က ချက်ချင်းပိန်မသွားပါဘူး။ ပူစီပေါင်း လေလျှော့လိုက်သလို အသားတွေ တွဲလာမယ်။ အကြောပြတ်ရာတွေနဲ့ လှချင်တိုင်း လှလာနိုင်တော့မှာမဟုတ်ပါ။

ကလေးများ ရလာတော့ပိုခြေချုပ်မိပါပြီ။ ညည ကလေးကငို၊ သေးကစို အိပ်ရေးကပျက် ကိုယ်ချင်းစာတရားရှိတဲ့ ယောက်ျားဆို တော်သေး။ မဟုတ်ရင်တော့ လူရုပ်တောင် ပေါ်မှာ မဟုတ်ဘူး။

မိန်းမဖြစ်ရဘဝမလွယ်ပါဘူး။ လူမဆန်ကိုယ်ချင်းစာတရား အသိတရားမရှိတဲ့တချို့ယောကျ်ားတွေ ယူခါစတုန်းကလို မလှမပဖြစ်နေတဲ့မိန်းမတွေကို စိတ်ကုန်တယ်လေနဲ့ဖြစ်ရပြန်တယ်။

ရှာတဲ့ပိုက်ဆံက နှစ်ပဲခြောက်ပြားနဲ့အိမ်ကမိန်းမကို စိတ်ကုန်ရတယ်ပြောထွက်ရဲသေး

ပေးလိုက်လေ…ပိုက်ဆံများများ တစ်ကိုယ်လုံး ပေါင်းအထပ်ထပ် တင်ခိုင်းလိုက်…ဆံပင်ကစလို့ ခြေမခြေသည်းခွံထိပိုက်ဆံပေးရင် လှအောင်ပြင်လို့ရတယ်…

ညီညီမောင်(စမ်းချောင်း)ကနေကွင်းသုသုလို ကြွကြွရွရွ ဖြစ်နိုင်တဲ့ခေတ်မှာ ကိုယ့်မိန်းမကိုယ် ငွေပုံပေးပြီးအလှပြင်ခိုင်းလိုက်လေ…

တစ်ချို့ယောက်ျားတွေ ကိုယ်တိုင်က အသုံးမကျဘဲ ကိုယ့်မိန်းမ မလှနိုင်တာကို အပြစ်တင်နေတတတ်ကြတယ်

မလှတဲ့ အိမ်ထောင်ရှင်မ မရှိဘူး… အသုံးမကျတဲ့ အိမ်ထောင်ဦးစီးပဲ ရှိတယ်…

မိန်းမတွေများစုက အိမ်ထောင်ကျ ကလေးတွေရလာပြီဆိုရင် သူတို့စိတ်နဲ့ခန္ဓာက လင်ယောကျ်ားနဲ့သားသမီးအတွက်ပဲ အစစရာရာဦးစားပေးစဉ်းစားတတ်ကြတယ် သူ့တို့အတွက်ကိုသူတို့အချိန်ပေးဖို့မေ့သွားတတ်ကြတယ်။

သူတို့ကိုယ်သူတို့ အရင်ကလိုလှလှပပ မနေတော့ပဲ ဖိုတီဖတ်သပ်ဖြစ်နေရခြင်းက သူတို့ရဲ့ရင်သွေးလေတွေအတွက် ပိုက်ဆံတွေစုပြီး ကောင်းကောင်း ပြုစုပျိုးထောင်နိုင်ဖို့အတွက်ပါ။

ကိုယ့်အတွက် ဘဝတစ်ခုလုံးပုံအပ်ထားတဲ့ မိန်းမကို အလှတစ်ခုထဲကို ကြည့်ပြီး စိတ်ပျက်စရာလို့မြင်ရင်…..အချိန်ကိုကြည့်…..အရွယ်ကိုကြည့်……တွေးရပြောရထိန်းချုပ်ရတဲ့အရာတွေကိုကြည့်လေ..

၁၈နှစ်နဲ့၃၈နှစ်မတူနိုင်သလို ၁၈နှစ်အတွေးနဲ့၃၈နှစ်အတွေးကွာဟမယ်လေ…

အိမ်ထောင်ရှင်ဇနီးတာဝန်ဝတ္တရားတွေကြီးလာလေသူတို့ရဲ့ရုပ်ခန္ဓာကိုယ်တွေပျက်စီးယိုယွင်းလာလေပါပဲ။လူပဲဘာသားနဲ့ထုထားတာမို့လဲ အသွေးသားနဲ့တည်ဆောက်ထားတာလေနော်။ယူထားတုန်းကတော့ ဆယ်ကျော်သက်/နှစ်ဆယ်ကျော်လေး ငယ်ရှိန်နဲ့လှပနုပျိုချိန်…အဲဒီလိုနုပျိူမြစ်ခြင်းတွေစားသုံးပြီး….အရွယ်တွေကျလာ

သားသမီးတွေမွေးပေး….ကိုယ့်လက်ထဲရောက်လာမှအချိန်ကြာလာတာနဲ့အမျှအရင်ကလိုမလှမပဖြစ်လာတာကိုယ့်ပရောဂကြောင့်လားဆိုတာလည်းထည့်စဉ်းစားတတ်ရပါမယ်။

ကိုယ်ယူထားတဲ့ဇနီးမယားအပေါ် ဘယ်လောက်တာဝန်ကျေခဲ့လဲ…..အပျိုဘဝမှာ နေချင်သလိုနေ စားချင်သလိုစား လှလှပပဖြစ်နေတဲ့မိန်းမတစ်ယောက် အခုသူမ ဘာကြောင့်မလှမပဖြစ်နေရလဲ…. သူမလှပအောင် သင်ဘယ်လောက်ပံ့ပိုးပေးနိုင်ခဲ့လဲ…..သူမအရင်ကလိုမလှပနိုင်တော့တာ ဘာကြောင့်လဲ

အရင်ကအရမ်းစိတ်သဘောထားကောင်းတဲ့မိန်းမ တစ်ယောက်က အခုမှစိတ်မကြည်မရွှင် စိတ်ဆိုးစိတ်ကောက်ဖြစ်နေရတာ သင်ကိုယ်တိုင် မိသားစုအပေါ် တာဝန်ကျေခဲ့ရဲ့လား ……အိမ်ထောင်ရှင်အမျိုးသားများ တရားမျှတစွာ တွေးတတ်ကြပါစေ။

သင်ယူထားတဲ့မိန်းမ သင့်အတွက်အချိန်မပေးတော့ပဲ ကိုယ့်ဟာကိုယ် အချိန်ပြန်ပေးတဲ့အချိန်ကြရင် အရင်ကထက် အဆတစ်ရာ ပြန်လှလာနိုင်တယ်ဆိုတာ သင်မမေ့ပါနဲ့…..

Credit- ✍️

Myanmar Ma Lay

လေးစားလျှက် _ပြန်လည်မျှဝေပါသည်

Photo Crd