credit to lotaya
Unicode Version
၂၀၂၁ မှာ သင့်ဆုတောင်းတွေပြည့်မလားဆိုတာ ကြည့်လိုက်ကြရအောင်
(၁) မကြာခင်မှာပဲ ဆန္ဒတွေပြည့်ဝပါလိမ့်မယ်တဲ့နော်။ ဒါပေမဲ့ ဒီလိုပြည့်ဝဖို့အတွက်ဆိုရင် သင့်ဖက်က ) ပြောင်းလဲမှုတွေကို ကြံ့ကြံ့ခံနိုင်ရပါလိမ့်မယ်။နောက် အနှောက်အယှက်တွေများလွန်းလို့ အာရုံတွေမများဖို့ကတော့ ဒုတိယအရေးကြီးတဲ့အချက်ပါ။
(၂) တကယ်တော့ သင့်ဆုတောင်းတွေဟာ သင့်လက်ထဲမှာရှိနေပါပြီ။ သင်က အကောင်အထည်မဖော်သေးလို့ပါပဲ။ ဒီဆုတောင်းပြည့်ဖို့အတွက်သင့်ဖက်က အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရပြီးပြီဆိုတော့ အကောင်ထည်ဖော်ဖို့ကိုလည်း စိတ်မလောပါနဲ့နော်။ သင့်ဘဝရဲ့အောင်မြင်မှုတွေဟာဖြေးဖြေးမှန်မှန်တည်ဆောက်ရတာကြောင့် အသီးအပွင့်ကိုခံစားရဖို့ကိုတော့ အချိန်မှန်မရောက်မချင်း ကြိုးစားစိတ်ရှည်ရပါလိမ့်မယ်။
(၃) ဒီပုံလေးကိုရွေးချယ်ထားတဲ့သူဆိုရင်တော့ သင့်အနေနဲ့ သင့်ရဲ့ဆုတောင်းဟာ ဘာများဖြစ်မလဲဆိုတာ သေချာလေး ရှင်းရှင်းလင်းလင်းသိဖို့ လိုနေပါပြီ။ဆုတောင်းဆိုတာမျိုးက ရှင်းရှင်းလင်းလင်းနဲ့ စိတ်စွမ်းအားကောင်းကောင်းနဲ့ လိုချင်တပ်မက်မှုရှိကာမှ ပြည့်တတ်တာမျိုးမဟုတ်လား။ဒါကြောင့် ဆုတောင်းဟာ ဘာလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိအောင်လုပ်ပြီး တပ်မက်မှုရှိပါစေ။ အလိုလိုပြည့်လာပါလိမ့်မယ်။
credit to lotaya