အေထြအေထြဗဟုသုတ
အိမ်ပြင်ဆောက်ရန်အတွက် အခက်အခဲ ဖြစ်နေကြသူများ အိုးပိုင်အိမ်ပိုင် မရှိသူများ အတွက် အစွမ်းထက် ဂါထာတော်
naethitmyanmar
Unicode Version
အိမ်ပြင်ဆောက်ရန်အတွက် အခက်အခဲဖြစ်နေကြသူများ၊ အိုးပိုင်အိမ်ပိုင် မရှိသူများအတွက်
အိမ်မရှိသူများ အိမ်ပိုင်လာစေမယ့် သိကြားမင်းကိုယ်တိုင်ဖန်ဆင်းပေးရတဲ့အထိအစွမ်းထက်ဂါထာတော်ကြီးကိုမျှဝေလိုက်ပါတယ်နော်..
အိမ်မရှိလျှင်ဇိမ်မရှိနိုင်ပါ….ကိုယ်ပိုင်အိမ် အရိပ်မရှိကြသေးသူများအတွက်ရည်ရွယ်ပြီးတင်ပေးခြင်းဖြစ်ပါတယ်…
နံနက်စောစောထပါ….ပျင်းရိခြင်း မောဟကိုပယ်ပါ။သရဏဂုံ၃ပါးဆောက်တည်ငါးပါးသီလခံယူပါ…
အဓိဋ္ဌာန်ဝင်ပါ…ဖြစ်နိုင်ရင်ကျနော်အခုတင်ပေးထားသည့်အိမ်တော်ရာစေတီပုံတော်ကိုဝယ်ကြပါ။
မန်းတလေးအိမ်တော်ရာစေတီရန်ကုန်အိမ်တော်ရာ စေတီ ကြိုက်ရာ စေတီပုံတော်ကိုဝယ်ယူထားပါ။
အိမ်ပြင်ဆောက်ရန်အတွက် အခက်အခဲဖြစ်နေကြသူများ အိမ်ဆောက်လက်စဆက်မဆောက်နိုင်ကြသူများ အဓိဋ္ဌာန်ဝင်ကြည့် ကိုယ်တိုင်သိရပါလိမ့်မယ်…
လူတိုင်းကိုယ်ပိုင်အိမ်နဲ့ နေချင်ကြစမြဲပါ မကြာခင် သူရဇ္ဇမဂ္ဂဇင်းမှာ အကျယ် ပါလာပါလိမ့်မယ်။
စာမူတွေ ရောက်သွားပါပြီ။မိမိသည်အဓိဋ္ဌာန်ဆောက်တည်ပါ…ပုတီး ၂ပတ် အနည်းဆုံးစိပ်ပါ…၉ပတ်စိပ်လျှင်ပိုကောင်းပါသည်။
သစ္စာပြု ဆုတောင်းပါကိုယ်ပိုင် အိမ်အရိပ် ရရှိရပါလို၏လို့။
ပုတီစိပ်ရန် ဂုဏ်တော်ကား-
“ဗောဓိ ဗုဒ္ဓေါ မဟာဃရော။ပုတီးတစ်လုံးဗောဓိ ဗုဒ္ဓေါ မဟာ ဆာယော”
ပုတီးတစ်လုံးအနက်မြန်မာပြန်ဗောဓိသစ္စာလေးပါးကို သိမြင်တော်မူသောဗုဒ္ဓေါ မြတ်စွာဘုရားသည်
မဟာဃရော သတ္တဝါတို့၏ခိုနားရာ ကြီးကျယ် မြင့်မြတ်သော အိမ်ကြီးသဖွယ်နှင့် လည်းတူတော်မူပါပေ၏
ဗောဓိသစ္စာလေးပါးကို သိမြင်တော်မူသော ဗုဒ္ဓေါ မြတ်စွာဘုရားသည် မဟာဆာယော သတ္တဝါတို့၏ ခိုနားရာကြီးကျယ်မြင့်မြတ်သော အရိပ်ကြီး
သဖွယ်နှင့်လည်းတူတော်မူပါပေ၏အားလုံးကိုယ်ပိုင်အိမ် အရိပ်ရရှိကြပါစေ။
ဤမဟာဂုဏ်တော်၂ပါးကိုအမြဲအာစိန္နကံအဖြစ်နေ့စဉ် ပုတီးစိပ် ပူဇော်သွားပါက ပစ္စု ပ္ပန် တင် မကသံသရာပါ ဖြစ်ရာဘဝနေစရာအိမ်ဘုံဗိမာန်များ အတွက်
ပူစရာမလိုတော့ပဲ သိကြားဖန်ဆင်းသော အိမ်ကိုပင် နေရသော ဇောတိကသူဌေးကဲ့သို့ဘုန်းတန်ခိုး ကြီးမားပါလိမ့်မည်။
naethitmyanmar