ဗေဒင်

ကတ်တစ်ခုကို ရွေးချယ်ပြီး သင့်စိတ်ဝိဉာဉ်က လမ်းညွှန်နေတဲ့ လမ်းကြောင်းကို ရှာဖွေလိုက်ပါ

ကတ်တစ်ခုကို ရွေးချယ်ပြီး သင့်စိတ်ဝိဉာဉ်က လမ်းညွှန်နေတဲ့ လမ်းကြောင်းကို ရှာဖွေလိုက်ပါ

တခါတလေမှာ ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှု၊ နေ့စဉ်ကြုံတွေ့နေရတဲ့ အခြေအနေတွေရဲ့ လွှမ်းမိုးမှုတွေကြောင့် ကိုယ့်ကိုယ်ကို ပျောက်ဆုံးနေသလိုမျိုး၊ စိတ်ဓာတ်ကျပြိုလဲနေသလိုမျိုး၊ ဘာလုပ်လို့လုပ်ရမှန်း မသိတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဘာလုပ်သင့်တယ်၊ မလုပ်သင့်ဘူးဆိုတာတွေထက် ကိုယ်ကိုယ်တိုင် ဘာလုပ်ချင်တယ်ဆိုတာမသိတော့ဘဲ လမ်းပျောက်နေတာမျိုးပေါ့။ ဒါဆို ဒီလိုဖြစ်နေတဲ့အခြေအနေကနေလွတ်မြောက်ဖို့ သင့်ရဲ့ အတွင်းစိတ်ဝိဉာဉ်ကို ကိုယ်စားပြုဖော်ပြမယ့် ကတ်လေးတစ်ခုကိုရွေးချယ်ပြီး ကိုယ်ဘယ်ကိုဦးတည်သွားရမလဲဆိုတာ သိရအောင် ဖတ်ကြည့်လိုက်ရအောင်။

ကတ်နံပါတ် (၁)


နံပါတ် ၁ ကိုရွေးရင်တော့ သင်က သင့်ရဲ့ အတိတ်နဲ့ပတ်သက်လို့ ကိုယ့်ကိုယ်ကို မှားလား၊ မှန်လားဆိုတာ မသေချာဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် သင်က ကိုယ်လိုချင်တာကိုရှေ့တန်းတင်ပြီး ဘယ်သူ့မျက်နှာမှမထောက်ဘဲရှေ့တိုးခဲ့တာမျိုးလည်း မလုပ်ခဲ့သလို၊ ကိုယ်ဖြစ်ချင်တာကို ချိုးနှိမ်ပြီး တခြားသူတွေရဲ့ စိတ်ဆန္ဒအတိုင်း လိုက်လုပ်ခဲ့တာမျိုးလည်း မဟုတ်တာကြောင့် သင့်ရဲ့ အတိတ်နဲ့ပတ်သက်လို့ နောင်တရစရာမရှိပါဘူး။ သင့်အနေနဲ့ ဘာကိုပဲရွေးချယ်ခဲ့ရွေးချယ်ခဲ့ အခုအချိန်မှာ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာရောက်နေပြီလို့ ဆိုနိုင်ပါတယ်။
ပိုကောင်းချင်တဲ့ ရည်ရွယ်ချက်မျိုးနဲ့ ကိုယ့်ကိုယ်ကိုပြောင်းလဲဖို့ကြိုးစားတာမျိုး မလုပ်သင့်ပါဘူး။ စိတ်မပျော်မရွှင်ဖြစ်နေတာ၊ တက်ကြွမှု မရှိဖြစ်နေတာကို ဖြေရှင်းဖို့အတွက် တခြားလူတွေကို ပိုဦးစားပေးတတ်တဲ့ အကျင့်ကိုပြင်ဖို့လိုပါတယ်။ အခုချိန်မှာလည်း သင်က လမ်းကြောင်းအမှန်ပေါ်ရောက်နေပြီဆိုပေမယ့် တခြားလူတွေပြောတာတွေကိုခေါင်းထဲသိပ်မထည့်ဘူးဆိုရင် အခုထက် ပိုကောင်းသွားပါလိမ့်မယ်။

ကတ်နံပါတ် (၂)


ကတ်နံပါတ် ၂ ကိုရွေးလိုက်တဲ့သင်ကတော့ ဘဝရဲ့အောင်မြင်မှုဆိုတာ ကိုယ့်ပတ်ဝန်းကျင်က လူတွေရဲ့ လေးစားမှုကို ခံရခြင်းလို့ သတ်မှတ်ထားတဲ့သူပါ။ သင့်ကို အထင်အမြင်လွဲမှာမျိုး၊ အချောင်ခိုတယ်လို့ထင်သွားမှာမျိုးကို သေမလောက်ကြောက်တတ်တဲ့စိတ် ရှိတာကြောင့် အလုပ်မှာ လိုအပ်ချက်မရှိအောင် အမြဲကြိုးစားနေတတ်တဲ့သူပါ။ အလုပ်အရမ်းကြိုးစားပေမယ့် သူများတွေ ဘယ်လိုမြင်မလဲဆိုတဲ့စိတ်က တစ်ချိန်လုံး လွှမ်းမိုးနေတာကြောင့် အောင်မြင်သင့်သလောက် မအောင်မြင်ဖြစ်နေရပါတယ်။ ဒါကြောင့် ဒီအကျင့်ကိုဖျောက်ဖို့လိုပါတယ်။

ကိုယ်လုပ်လိုက်တဲ့ အရာတစ်ခု မအောင်မြင်ခဲ့ဘူးဆိုရင် ကိုယ့်ကိုယ်ကို ခွင့်မလွှတ်နိုင်တွေဖြစ်ပြီး တနုံ့နုံ့နဲ့ နေလို့မကောင်းဖြစ်နေတတ်ပြီး ကိုယ့်ကိုယ်ကို အပြစ်တင်နေတတ်ပါတယ်။ သင့်ပြဿနာက ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုတွေအတွက် အများကြီးမျှော်လင့်ထားပြီး ကိုယ်ထင်ထားသလိုဖြစ်မလာရင် ယူကျုံးမရဖြစ်လွန်းတာ၊ ကိုယ့်ကိုယ်ကို အပြစ်တင်တတ်လွန်းတာပါပဲ။ ဒီစိတ်လေးကို နည်းနည်းချင်းလျှော့ဖို့လိုပါတယ်။

ကတ်နံပါတ် (၃)


နံပါတ် ၃ ကိုရွေးတဲ့သင်ကတော့ သင်ဟာ ပြဿနာအားလုံးကို ကိုယ်တိုင်မဖြေရှင်းနိုင်ဘူး၊ တခြားလူတွေအပေါ် မှီခိုလွန်းတယ်၊ တွယ်ကပ်လွန်းတယ်လို့ ကိုယ့်ကိုယ်ကို ထင်နေတာပါ။ အလုပ်ခွင်မှာပဲဖြစ်ဖြစ်၊ သူစိမ်းတွေကြားမှာပဲဖြစ်ဖြစ် ခံစားချက်ကိုရှေ့တန်းတင်ပြီး ပေါင်းသင်းတတ်တာကြောင့် အဆင်မပြေမှုလေးတွေ နည်းနည်းရှိနေတတ်ပါတယ်။ ကိုယ်က အပီအပြင် ခံစားပြီးပြောနေတဲ့အချိန်မှာ တခြားသူတွေက အပေါ်ယံလေးပဲပြောဆိုနေတယ်လို့ ထင်နေတတ်တာမျိုးတွေပေါ့။ နေရာတကာ စိတ်ခံစားချက်ထည့်နေတတ်တာကြောင့် စိတ်ကသိကအောက်ဖြစ်ရတာ၊ အဆင်မပြေရတာတွေ များနေခြင်းဖြစ်ပြီး ဒါတွေ နည်းနည်းလျှော့လိုက်မယ်ဆိုရင် အရာရာ ပိုအဆင်ပြေလာပါလိမ့်မယ်။

MAY THAZINHTOO