ကျမ္မာရေး ဗဟုသုတ
အရေပြားပေါ်မှာ စွဲနေတဲ့အမာရွတ်၊အမည်းစက်တွေ ပျောက်စေမယ့် အိမ်တွင်းနည်းလမ်း (၄)မျိုး
အရေပြားအပေါ်ယံလွှာမှာ မယ်လနင် ထုတ်လုပ်မှု ပုံမှန်ထက်ပို များလာတဲ့အခါ အသားအရေမှာ အမည်းစက်တွေဖြစ်လာပြီး အကြောင်းအမျိုးမျိုးကြောင့် မယ်လနင် ထုတ်လုပ်မှုများတာ ရေရှည်ဖြစ်လာတဲ့အခါ အမည်းစက်ထက် ပိုဆိုးတဲ့အမည်း ကွက်တွေဖြစ်လာကာ လွယ်လွယ်နဲ့မပျောက်တော့ပါဘူး။
(၁) ကြက်သွန်နီ
(၂) သင်္ဘောသီး
(၃) အာလူး
(၄) ပန်းသီးရှာလကာရည်
MAY THAZINHTOO
Unicode Version
အရေပြားအပေါ်ယံလွှာမှာ မယ်လနင် ထုတ်လုပ်မှု ပုံမှန်ထက်ပိို များလာတဲ့အခါ အသားအရေမှာ အမည်းစက်တွေဖြစ်လာပြီး အကြောင်းအမျိုးမျိုးကြောင့် မယ်လနင် ထုတ်လုပ်မှုများတာ ရေရှည်ဖြစ်လာတဲ့အခါ အမည်းစက်ထက် ပိုဆိုးတဲ့အမည်း ကွက်တွေဖြစ်လာကာ လွယ်လွယ်နဲ့မပျောက်တော့ပါဘူး။
ပြီးတော့ ဝက်ခြံ၊ အပူဖု စတာတွေကို ညှစ်မိလို့ အရေပြားပေါ်မှာ ဒဏ်ဖြစ်သွားပြီး မပျောက်တော့တဲ့ အမာရွတ်မျိုးဖြစ်သွား ပါတော့တယ်။ အဲ့ဒီလိုမျိုး အမြဲဖြစ်နေတဲ့ အမာရွတ်အမည်း စက်တွေကို အချိန်တိုအတွင်းပျောက်ကင်းစေမယ့် အိမ်တွင်းနည်း လမ်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) ကြက်သွန်နီ
ကြက်သွန်နီကို ထက်ခြမ်းခြမ်းကာ စွဲမြဲနေပြီး မပျောက်တော့တဲ့ အမာရွတ်၊ အမည်းစက်တွေပေါ်ကနေ ပွတ်တိုက်ပေးကာ ဆယ်မိနစ်လောက်ကြာရင် ရေနွေးလေးနဲ့ပြန်ဆေးချပေးလိုက်ပါ။ အဲ့ဒီနည်းလေးကို နေ့တိုင်းလုပ်ပေးလိုက်ရင် အမာရွတ်တွေ၊ အမည်းစက်တွေကို လုံးဝပျောက်ကင်းသွားစေ ပါလိမ့်မယ်။
(၂) သင်္ဘောသီး
သင်္ဘောသီးကို အစိပ်လေးတွေစိပ်ပြီး ရေခဲသေတ္တ ာထဲမှာခဲတဲ့အထိ ထည့်ပေးထား လိုက်ကာ အဲ့ဒီအခဲလေးတွေနဲ့ အမည်းစက်၊ အမာရွတ်တွေပေါ်ကို မိနစ်အနည်းငယ် ပွတ်တိိုက်ပေးကာ ရေအေး နဲ့ဆေးချပေးပါ။ နေ့တိုင်း လုပ်ပေးလိုက်ရင် တစ်လလောက်ကြာ တဲ့အခါ သိသိသာသာပြောင်း လဲသွားတာကိုတွေ ့ရပါလိမ့်မယ်။
(၃) အာလူး
အာလူးကို ထက်ခြမ်းခြမ်းပြီး အမည်းစက်တွေပေါ်ကို ဆယ့်ငါးမိနစ်လောက် တိုက်ရိုက် ပွတ်တိုက်ပေးပြီးခြောက်သွားတဲ့ အထိထားလိုက်ပါ။ ရေအေးနဲ့မျက်နှာ သစ်ပေးပြီး အစိုဓာတ်ဖြည့် ခရင်မ်လေး လိမ်းပေးလိုက်ပါ။ ဒါဆို အမည်းစက်၊အမာရွတ်တွေ အချိန်တိုအတွင်း လုံးဝသက်သာလာပါလိမ့်မယ်။
(၄) ပန်းသီးရှာလကာရည်
ပန်းသီးရှာလကာရည်နဲ့ရေကို ဆတူရောပြီး ရေခဲတဲ့ခွက်လေးတွေထဲ ထည့်ပြီး ခဲအောင်ထားပါ။ အဝတ်ပါးလေးထဲကို အဲ့ဒီရေ ခဲတုံးလေးတွေကို ထည့်ပြီး အမာရွတ်တွေရှိ တဲ့နေရာမှာ ဖြည်းဖြည်းချင်းပွတ် တိုက်ပေးပါ။ ၁၅ မိနစ်လောက် ပွတ်တိုက်ပေးပြီး ငါးမိနစ်လောက် ဒီတိုင်းထားပေး လိုက်ပြီး ရေအေးလေးနဲ့မျက်နှာသစ်ပေးလိုက်ပါ။ အိပ်ရာဝင်ခါနီး တိုင်းလုပ်ပေးသွားရင် ၄ ပတ်အတွင်း လုံးဝဖြူဝင်း လာပါလိမ့်မယ် ။
MAY THAZINHTOO