ၾကားသိရသမွ်

– အာဇာနည်တွေနေတဲ့တိုင်းပြည် –

– အာဇာနည်တွေနေတဲ့တိုင်းပြည်

ဆန္ဒပြပြီးအပြန်မှာ စပျစ်သီးစားချင်လို့ဝင်ဝယ်တာ ရှိတဲ့စပျစ်သီးတွေအကုန်ထည့်ပေးလိုက်တယ် “ပိုက်ဆံမပေးပါနဲ့ သားရယ်” တဲ့

ဖရဲသီးတစ်စိတ်ဝယ်တာ နောက်တစ်စိတ်ထပ်ထည့်ပေးတယ် ဖရဲသီးလှီးရင်းနဲ့လည်း သားတို့ အန္တရယ်ကင်းပါစေဆိုပြီး အမေအိုက မျက်ရည်တွေဝဲရင်း ဆုတောင်းပေးတယ်

ကော်ဖီဝယ်သောက်ဖို့ ရပ်စောင့်နေတုန်း အမတစ်ယောက်က “အမဝယ်တိုက်ပါမယ်” ဆိုပြီး ပိုက်ဆံရှင်းသွားတယ်

ကားလမ်းဖြတ်ကူးတော့လည်း ဘေးကပါလာတဲ့ အန်တီက “သားတို့ဘေးကင်းပါစေ” ဆိုပြီး စိုးရိမ်နေတဲ့ မျက်နှာနဲ့ ဆုတောင်းပေးသွားတယ်

ဒီတိုက်ပွဲမှာ သူတို့ကိုယ်တိုင်ဝင်မပါနိုင်ကြပေမယ့် သူတို့ရဲ့မေတ္တာတွေနဲ့ တတ်နိုင်သမျှ လူငယ်တွေကိုစောင့်ရှောက်ပေးကြတယ်

ကျနော်တို့မှာ လက်နက်မရှိဘူး ဒါပေမယ့် ကျနော်တို့မှာ သူတို့ပေးတဲ့မေတ္တာတွေရှိတယ်

ကျနော်သိနေတယ် ဒီပွဲကျနော်တို့ နိုင်မှာ

Crd

—————————

– အာဇာနည္ေတြေနတဲ့တိုင္းျပည္ –

ဆႏၵျပၿပီးအျပန္မွာ စပ်စ္သီးစားခ်င္လို႔ဝင္ဝယ္တာ ရွိတဲ့စပ်စ္သီးေတြအကုန္ထည့္ေပးလိုက္တယ္ “ပိုက္ဆံမေပးပါနဲ႔ သားရယ္” တဲ့

ဖရဲသီးတစ္စိတ္ဝယ္တာ ေနာက္တစ္စိတ္ထပ္ထည့္ေပးတယ္ ဖရဲသီးလွီးရင္းနဲ႔လည္း သားတို႔ အႏၲရယ္ကင္းပါေစဆိုၿပီး အေမအိုက မ်က္

ရည္ေတြဝဲရင္း ဆုေတာင္းေပးတယ္

ေကာ္ဖီဝယ္ေသာက္ဖို႔ ရပ္ေစာင့္ေနတုန္း အမတစ္ေယာက္က “အမဝယ္တိုက္ပါမယ္” ဆိုၿပီး ပိုက္ဆံရွင္းသြားတယ္

ကားလမ္းျဖတ္ကူးေတာ့လည္း ေဘးကပါလာတဲ့ အန္တီက “သားတို႔ေဘးကင္းပါေစ” ဆိုၿပီး စိုးရိမ္ေနတဲ့ မ်က္ႏွာနဲ႔ ဆုေတာင္းေပးသြားတယ္

ဒီတိုက္ပြဲမွာ သူတို႔ကိုယ္တိုင္ဝင္မပါနိုင္ၾကေပမယ့္ သူတို႔ရဲ့ေမတၱာေတြနဲ႔ တတ္နိုင္သမၽွ လူငယ္ေတြကိုေစာင့္ေရွာက္ေပးၾကတယ္

က်ေနာ္တို႔မွာ လက္နက္မရွိဘူး ဒါေပမယ့္ က်ေနာ္တို႔မွာ သူတို႔ေပးတဲ့ေမတၱာေတြရွိတယ္

က်ေနာ္သိေနတယ္ ဒီပြဲက်ေနာ္တို႔ နိုင္မွာ

Crd