ကြားသိရသမျှ

မုံရွာမြို့ခံအချို့ မြန်မာဘီယာဖြင့် ခြေဆေး..(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ )

=========================
မုံရွာ၊မတ်-၆





Unicode

မုံရွာမြို့ခံအချို့ မြန်မာဘီယာဖြင့် ခြေဆေး
=========================
မုံရွာ၊မတ်-၆

မြန်မာဘီယာဖြင့် ခြေထောက်ဆေးခြင်းကမ်ပိန်းကို မုံရွာဒေသခံအချို့ ဗန္ဓုလလမ်းတွင် ယနေ့ မွန်းလွဲ ၃နာရီခန့်က ပြုလုပ်သည်ကို တွေ့ရသည်။

“တပ်နဲ့ဆက်နွယ်လို့ပါ၊ မသောက်ဖူး ၊ခြေဆေးပစ်တာ၊ဆိုင်ကလည်း လက်ကျန်ဖြတ်တာ၊မရောင်းတော့ဘူးဆိုလို့ “ဟု ပါဝင်သူတစ်ဦးကပြောသည်။

ကမ်ပိန်းတွင် လမ်းသွားလမ်းလာများ မည်သူမဆို ပါဝင်ဆေးကြရန်ဖိတ်ခေါ်ခဲ့ပြီး ဝင်ရောက်ဆေးသူများရှိသည်ကိုလည်း တွေ့ရသည်။

#MonywaGazette #မြန်မာဘီယာ