ကိုယ့်ထက်အသက်ကြီးတဲ့ ဦးအရွယ်နဲ့ချစ်သူဖြစ်ရခြင်း၏ ကောင်းကျိုး(၇)ခု…
ကြီးရင်မှီ ငယ်ရင်ချီဆိုတဲ့ စကားလေးအတိုင်း ကိုယ့်ထက် အသက်ကြီးတဲ့ သူနဲ့ချစ်သူဖြစ်ရင် ကိုယ်အားကိုးနိုင်တယ်။ ဆိုးချင်သလို ဆိုးနိုင်မယ်။
ချွဲလို့ရတယ်။ တစ်ခါတလေ ကိုယ်က သူ့ကိုဆရာတောင် လုပ်လို့ရပါသေးတယ်။ ဒါပေမဲ့ ဦးနဲ့ကလေး စုံတွဲတိုင်းတော့ ဒီလိုဖြစ်ချင်မှ ဖြစ်မှာပါ …။
သေချာတာကတော့ ဦးအရွယ်တွေက ကိုယ့်ထက် ဗဟုသုတများမယ်။ မလုပ်သင့်တာကို မလုပ်ဖို့ သူတို့က ဆုံးမနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်တော့
ပရိတ်သတ်တွေအတွက် ကိုယ့်ထက် အသက်ကြီးတဲ့ ဦး နဲ့ချစ်သူဖြစ်ရခြင်း ကောင်းကျိုးတွေကို စုစည်း ဖော်ပြပေးလိုက်ပါတယ် …။
(1) သင့်မှာ ကိုယ်ပိုင်ပုံပြင်ပြောဆရာ ပိုင်ဆိုင်သွားပါပြီ
ပုံပြင်ပြောဆရာလို့ ဘာလို့ပြောရ တာလဲဆိုတော့ သူက သင့်ကို သူ့ဘဝမှာ ကြုံခဲ့တဲ့ အရာတွေကို စီကာပတ်ကုံး ပြောနိုင်လို့ပါ။ သူရခဲ့တဲ့ သင်ခန်းစာတွေ သူသိခဲ့တဲ့ လူတွေအကြောင်း စတာတွေကို ပြောပြတဲ့အတွက် သင့်မှာ ပုံပြင်ပြောပေးမယ့်လူ ပိုင်ဆိုင်သွားပါပြီ ..။
သူက သူ့ ဗဟုသုတတွေကို ပြောသလို သင်ပြောသမျှကိုလည်း အချိန်ယူပြီး နားထောင်ပေးမှာပါ။ သင့်အတွက် သူ့အချစ်က ဘယ်လောက်ကြီး မားတဲ့အကြောင်း စကားလှလှလေးတွေနဲ့ ပြောမှာတော့ အသေအချာပါပဲ …။
(2) မုန့်စားတဲ့အချိန် သူတစ်ဝက်ရှင်း ကိုယ်တစ်ဝက်ရှင်းတွေ ကင်းဝေးသွားပါပြီ
အသက်ကြီးတဲ့ သူဆိုတော့ အတွေ့အကြုံကတော့ ကိုယ့်ထက်ပိုရှိနေပါပြီ။ မိန်းကလေးတစ်ယောက်နဲ့ ရေရေရာရာ မတွဲဖူးရင်တောင် သူကြားဖူး သိဖူးတာတွေနဲ့တင်ပဲ သင့်အထာကို သူသိနေမှာပါ။ လူကြီးလူကောင်းပီပီ သင်စားသမျှ သူရှင်းပေးပါ လိမ့်မယ် …။
(3) သင့်အပေါ်ကောင်းတဲ့လူနဲ့ တွေ့နေပြီဆိုတာ သေချာသလောက်ပါပဲ
ဒီအကြောင်း အရာမှာတော့ ချွင်းချက်ရှိပါတယ်။ ဦးဆိုပေမယ့် သင့်ကို တကယ်ချစ် တဲ့သူလည်း ဖြစ်ရပါမယ်။ မဟုတ်ရင်တော့ သင်ပဲ အညာမိ နေမှာပါ။ အချစ်စစ် ဆိုရင်တော့ သင့်ကို သူ့ဘဝရဲ့ ဘုရင်မတစ်ပါးလို ဆက်ဆံမှာပဲ ဖြစ်ပါတယ် …။
(4) ဦးတွေက ချစ်တယ်ဆိုတဲ့စကားကို ပုံစံအမျိုးမျိုးနဲ့ပြောပြတတ်ကြတယ်
ဦးနဲ့ ချစ်မိရင်တော့ မျက်နှာကျက်နဲ့ ဝင်မတိုက် မိအောင်သာ သတိထားကြပါ။ သူတို့က သင့်ကို အလှဆုံး ချစ်စရာ အကောင်းဆုံးလို့ ချီးကျူးတာများတော့ သင်မြောက်သွားပါလိမ့်မယ်။ သင့်အတွက် ချစ်စရာ Message လေးတွေ ပို့ပေးမယ် …။
သင့်အလုပ်ကို ပန်းတွေပို့ပေးတတ်တယ်။ အချစ်ခံ လူတန်းစား ဖြစ်နေမှာတော့ အမှန်ပါပဲနော် …။
(5) သင်က သူ့အတွက်ပြည့်စုံသူပါ
သင့်ထက် အသက်ကြီးတော့ သင်မတိုင်ခင် မိန်းကလေး တစ်ယောက်ယောက်နဲ့တော့ ချစ်ကြိုက်ဖူးမှာ အသေအချာပါပဲ။ ဒီအရွယ်အများစုက ဦးနှောက်ကို ပိုဦးစားပေးတတ်ကြပါတယ်။ …။
ဘယ်ဟာကို ဘယ်လိုအဆင်ပြေအောင်လုပ်ရမလဲ၊ ဘာကိုရှောင်ရမလဲ သူတို့သိပါတယ်။ သင့်ကို သူရွေးချယ်ခဲ့ တာကလည်း သင်က သူ့မျက်လုံးထဲမှာ ပြည့်စုံလွန်းနေလို့ပဲ ဖြစ်ပါတယ် …။
(6) သူနဲ့ဆို စီးပွားရေးကိစ္စတွေလည်း ဆွေးနွေးနိုင်တယ်
ကိုယ့်ထက် အသက်ငယ်တဲ့သူ ဆိုရင်တော့ စီးပွားရေးကိစ္စ လူမှုရေး ကိစ္စတွေကို နှံ့နှံ့ စပ်စပ်သိနိုင်မှာ မဟုတ်ပါဘူး။ ဘယ်ဟာလုပ်ရင် အောင်မြင်နိုင်လဲ၊ ဘာကိုတော့ မလုပ်သင့်ဘူးလဲ ဆိုတဲ့ အကြောင်းတွေကို ဦးတွေက စိတ်ရှည်ရှည် ပြောပြပါ လိမ့်မယ် …။
(7) သူ့ကြောင့်ပဲ သင်က ပိုတော်တဲ့သူဖြစ်လာပါတယ်
သူက သင့်အတွက် Supporter ကောင်းတစ်ယောက်မို့ သင်လုပ်ချင်တဲ့ အရာတွေကိုလည်း သူကူညီပေးနိုင်ပါတယ်။ သင် ဟင်းမချက်တတ်ရင်တောင် သူက ချက်ပေးမှာပါ။ သင်ဟာ အရမ်းချစ်ခံရတဲ့ အတွက် အရင်ကထက် ပိုပြီး ပျော်ရွှင်လာမယ် …။
ကိုယ့်ထက် အသက်ကြီးတဲ့ ချစ်သူရဲ့ ပံ့ပိုးမှု ဗဟုသုတရတဲ့ စကားတွေကြောင့် သင်ဟာ ပိုတော်တဲ့သူ ဖြစ်လာမှာ အမှန်ပါပဲ …။ ။
Credit
Unicode
ဘယ်ယောင်္ကျားလေးမှ ရုန်းမထွက်နိုင်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဆွဲဆောင်မှု(၈)မျိုး…
မိန်းကလေးတစ်ယောက် ဆွဲဆောင်မှု ရှိဖို့ဆိုတာ ခက်မလိုလိုနဲ့ အရမ်းကို ရိုးရှင်းပါတယ် …။
တစ်ချို့သူတွေကတော့ ကိုယ်မွေးကတည်းက ပင်ကိုပါလာတဲ့ အရာကို ထုတ်မသုံးတတ်ကြတာပါ …။
မိန်းကလေးတစ်ယောက်ကို ဆွဲဆောင်မှု ရှိစေသော အရာတွေကတော့….
(၁) နှုတ်ခမ်း ကိုက်တာ”
မိန်းကလေးတွေ နှူတ်ခမ်းကိုက်လိုက်တာဟာ ယောင်္ကျားလေးတစ်ယောက်ရဲ့ မေတ္တာတင်မကပဲ နှုတ်ခမ်းတစ်စုံက အာရုံ စူးစိုက်မှုကိုပါ ရရှိစေနိုင်ပါတယ် …။
(၂) နူးညံ့တဲ့ အသားအရည်”
အသားရည် နူးညံ့တဲ့ မိန်းကလေးတွေထက် ဆွဲဆောင်မှုရှိတာ ဘာမှမရှိတော့ပါဘူး …။
ဒါကြောင့်ပဲ ရှေးခေတ်ကတည်းက အီဂျစ်လူမျိုးတွေ ရောမလူမျိူးတွေက ခန္ဓာကိုယ် အမွှေးတွေကို ရိပ်သိမ်းခဲ့ကြတာ ဖြစ်ပါတယ် …။
(၃) ဆံပင်ကို ရှင်းလင်းနေအောင် ချည်ထားတာ”
လည်ပင်းနဲ့ နားရွက်ပေါ်အောင် ဆံပင်စည်းထားတာကလည်း မိန်းကလေး တစ်ယောက်ကို ပိုပြီးတော့ အထာ ကျစေပါတယ် …။
(၄) ထူးခြားတဲ့ပုံစံ”
ယောကျ်ားလေးတွေက ထူးဆန်းတဲ့ မိန်းကလေးတွေတွေ့ရင် အရမ်းကို ခင်မင်လိုစိတ် ပြင်းပြကြပါတယ် …။
ဆန်းသစ် တီထွင်တတ်တဲ့ သူတွေဟာ လူတိုင်းကို ဆွဲဆောင်နိုင်စွမ်း ရှိပါတယ်
တက်တူး တို့ ဆံပင်အပြာရောင် ဆိုးထားတာတို့ဟာ စကားစပြောဖို့ အခွင့်အရေးပေးတဲ့ အရာတွေပေါ့…
(၅) ပခုံးအထက်ကနေ လျှပ်တစ်ပြတ်ကြည့်လိုက်တာ”
ပခုံး အထက်ကနေပြီးတော့ လျှပ်တစ်ပြတ် ပဟေဠိဆန်ဆန် ကြည့်လိုက်တာက ယောကျ်ားလေးတွေရဲ့ နှလုံးသားကို တလှပ်လှပ် လှုပ်သွားစေတဲ့ အချက်ပါပဲ …။
(၆) ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတာ”
ကိုယ့်ကိုကိုယ် လှတယ်လို့ထင်တဲ့ မိန်းကလေးဟာ ဖြတ်လျှောက်သွားတာနဲ့ ယောကျ်ားလေးတွေအားလုံးရဲ့ မျက်လုံးကို သံလိုက်နဲ့ ဆွဲလိုက်သလို ကိုယ့်ဆီရောက်အောင် ဆွွဲဆောင်လိုက်ပြီးသား ဖြစ်သွားပါတယ် …။
ယုံကည်မှု လွန်မကဲသွားဖို့တော့ တစ်ချက် သတိထားရပါမယ် …။
(၇) သဘာဝဆန်တဲ့ မိတ်ကပ်လိမ်းချယ်တာ”
ယောကျ်ားလေး တော်တော်များများဟာ မိတ်ကပ်ထူထူကြီးလိမ်းတာထက် သဘာဝကျကျ ပြင်ဆင်တာကို ပိုပြီး သဘောကျကြလေ့ရှိပါတယ် …။
(၈) ရိုးသားဖြူစင်တဲ့ ရယ်သံ”
မိန်းကလေးတွေ တော်တော်များများ ထင်တာကတော့ အရမ်းရယ်လိုက်တာ သူတို့ကို အိန္ဒြေပျက်ပြားစေတယ်ပေါ့။ အမှန်တော့ အဲ့လိုမဟုတ်ပါဘူး …။
ကိုယ့်ခံစားချက်ကို လွတ်လွတ်လပ်လပ် ဖော်ထုတ်ပြတဲ့ ကောင်မလေးတွေကို ကောင်လေးတိုင်း သဘောကျကြပါတယ်နော် …။ ။
Credit:Original