တရုတ်နိုင်ငံ တွင် နေထိုင်သည့် ကွန် ဇီဝီဆိုသည့် အမျိုးသား သည် အရပ်သုံးပေ ပင် မပြည့်သော်ငြား မိန်းမချောလေးကို ပိုင်ဆိုင်ခွင့်ရသွားပြီဖြစ်သည်။ ၎င်းတို့၏ အချစ်ဇာတ်လမ်းသည် အခြားသော စုံတွဲ များကဲ့သို့ ထူးမခြားနားပင်ဖြစ်သော်လည်း အချစ်လမ်းခရီးမှာ အခြားသောလူများ ထက် ကြမ်းတမ်းခဲ့သည်။
အကြောင်းမှာ အသက် ၃၁ နှစ်အရွယ် သတို့သားလောင်း က သက်ကြီးပုဖြစ်နေသောကြောင့်ပင်။ ထို့ကြောင့် သတို့သမီးဘက်က သဘောမ တူကြပေ။ ]ယောက်ျm;ပီသဖို့၊ တာဝန်ယူ တတ်ဖို့ပဲ လိုတာပါ။ အရပ် ပုတာ၊ ရှည် တာကို ကျွန်မက ထည့်မတွက်ပါဘူး}ဟု အသက် ၂၄ နှစ်အရွယ် မိန်းကလေးက ဆိုသည်။
ယန်းဆိုသည့် သတို့သား လောင်းသည် ဟီနန်ပြည်နယ်မှဖြစ်ပြီး သက်ကြီးပုဖြစ်သော်လည်း မင်းသမီးဖြစ် နေသည့် အမျိုးသမီးအကြောင်းကို သတင်းစာထဲ ဖတ်မိရာမှမြို့တက်လာပြီး ထိုအမျိုးသမီးကို ရှာခဲ့သည်။ ယင်းက လည်း ကူညီပေးသဖြင့် ၎င်းသည် ရုပ်ရှင် လောကတွင် ခြေချခွင့်ရသွားသည်။ နယ် ကတက်လာသူဖြစ်ပြီး ပိုက်ဆံလည်း မရှိ သဖြင့် နံနက် ၂ နာရီခန့်တွင် ရိုက်ကူးရေး ပြီးသည့်နေ့များတွင် ၎င်းမှာ ဒုက္ခအလွန် ရောက်ရသည်
အနီးနားရှိ ဟိုတယ် တွင်လည်း သွားမတည်းနိုင်၊ တက္ကစီငှား ပြီးလည်း မပြန်နိုင်သဖြင့် ၎င်းသည် လမ်း ပေါ်တွင်သာ အိပ်လိုက်ရလေ့ရှိသည်။ ရည်းစားရသော် ရည်းစား၏မိဘများက ]သူ့လိုလူက ငါ့သမီးကို လူတန်းစေ့ ထား နိုင်ပါ့မလား။ သမီးရှေ့ကနေ မားမားမတ် မတ် ရပ်တည်ပေးနိုင်ပါ့မလား}ဟု ပြော လာကြသည်။
ထိုအချိန်မှစ၍ ၎င်းက အလုပ်ကို ဆတက်ထမ်းပိုး ကြိုးစားရာ နောက်ဆုံးတွင် အနုပညာလောက၌ နေ ရာတစ်နေရာ ရလာကာ စီးပွားရေးလည်း အဆင်ပြေလာသည်။ တစ်ဖက်တွင်လည်း သတို့သမီး၏မိဘများကို ဇွဲမလျှော့စတမ်း ချဉ်းကပ်သဖြင့် နောက်ဆုံးတွင် သတို့သ မီးမိဘများက ခေါင်းညိတ်လိုက်တော့ သည်။ ၎င်းတို့ သည် ယခု ဒီဇင်ဘာလတွင် လက်ထပ်လိုက်ကြသည်။
Zawgyi
တ႐ုတ္နိုင္ငံ တြင္ ေနထိုင္သည့္ ကြန္ ဇီဝီဆိုသည့္ အမ်ိဳးသား သည္ အရပ္သုံးေပ ပင္ မျပည့္ေသာ္ျငား မိန္းမေခ်ာေလးကို ပိုင္ဆိုင္ခြင့္ရသြားၿပီျဖစ္သည္။ ၎တို႔၏ အခ်စ္ဇာတ္လမ္းသည္ အျခားေသာ စုံတြဲ မ်ားကဲ့သို႔ ထူးမျခားနားပင္ျဖစ္ေသာ္လည္း အခ်စ္လမ္းခရီးမွာ အျခားေသာလူမ်ား ထက္ ၾကမ္းတမ္းခဲ့သည္။
အေၾကာင္းမွာ အသက္ ၃၁ ႏွစ္အရြယ္ သတို႔သားေလာင္း က သက္ႀကီးပုျဖစ္ေနေသာေၾကာင့္ပင္။ ထို႔ေၾကာင့္ သတို႔သမီးဘက္က သေဘာမ တူၾကေပ။ ]ေယာက္်m;ပီသဖို႔၊ တာဝန္ယူ တတ္ဖို႔ပဲ လိုတာပါ။ အရပ္ ပုတာ၊ ရွည္ တာကို ကၽြန္မက ထည့္မတြက္ပါဘူး}ဟု အသက္ ၂၄ ႏွစ္အရြယ္ မိန္းကေလးက ဆိုသည္။
ယန္းဆိုသည့္ သတို႔သား ေလာင္းသည္ ဟီနန္ျပည္နယ္မွျဖစ္ၿပီး သက္ႀကီးပုျဖစ္ေသာ္လည္း မင္းသမီးျဖစ္ ေနသည့္ အမ်ိဳးသမီးအေၾကာင္းကို သတင္းစာထဲ ဖတ္မိရာမွၿမိဳ႕တက္လာၿပီး ထိုအမ်ိဳးသမီးကို ရွာခဲ့သည္။ ယင္းက လည္း ကူညီေပးသျဖင့္ ၎သည္ ႐ုပ္ရွင္ ေလာကတြင္ ေျခခ်ခြင့္ရသြားသည္။ နယ္ ကတက္လာသူျဖစ္ၿပီး ပိုက္ဆံလည္း မရွိ သျဖင့္ နံနက္ ၂ နာရီခန႔္တြင္ ရိုက္ကူးေရး ၿပီးသည့္ေန႔မ်ားတြင္ ၎မွာ ဒုကၡအလြန္ ေရာက္ရသည္
အနီးနားရွိ ဟိုတယ္ တြင္လည္း သြားမတည္းနိုင္၊ တကၠစီငွား ၿပီးလည္း မျပန္နိုင္သျဖင့္ ၎သည္ လမ္း ေပၚတြင္သာ အိပ္လိုက္ရေလ့ရွိသည္။ ရည္းစားရေသာ္ ရည္းစား၏မိဘမ်ားက ]သူ႔လိုလူက ငါ့သမီးကို လူတန္းေစ့ ထား နိုင္ပါ့မလား။ သမီးေရွ႕ကေန မားမားမတ္ မတ္ ရပ္တည္ေပးနိုင္ပါ့မလား}ဟု ေျပာ လာၾကသည္။
ထိုအခ်ိန္မွစ၍ ၎က အလုပ္ကို ဆတက္ထမ္းပိုး ႀကိဳးစားရာ ေနာက္ဆုံးတြင္ အႏုပညာေလာက၌ ေန ရာတစ္ေနရာ ရလာကာ စီးပြားေရးလည္း အဆင္ေျပလာသည္။ တစ္ဖက္တြင္လည္း သတို႔သမီး၏မိဘမ်ားကို ဇြဲမေလၽွာ့စတမ္း ခ်ဥ္းကပ္သျဖင့္ ေနာက္ဆုံးတြင္ သတို႔သ မီးမိဘမ်ားက ေခါင္းညိတ္လိုက္ေတာ့ သည္။ ၎တို႔ သည္ ယခု ဒီဇင္ဘာလတြင္ လက္ထပ္လိုက္ၾကသည္။