ဗဟုသုတ

လူတစ်ယောက်ရဲ့စိတ်ကို ဖောက်ထွင်းမြင်နိုင်စေမယ့် မေးခွန်းများ

“Deep discussions” ဝက်ဆိုက်ဒ်ဟာ အနောက်နိူင်ငံတွေကြားမှာ ရေပန်းစားလာနေပါတယ်။ ဒါဟာ သူငယ်ချင်းမိတ်ဆွေနှစ်ယောက်ကြားမှာ ပြောဆိုဆွေးနွေးနိူင်တဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာ စကားဝိုင်းပဲဖြစ်ပါတယ်။ ပြီးတော့ ဒီမေးခွန်းတွေက တစ်ယောက်ရဲ့စိတ်က တစ်ယောက်သိနိုင်မယ့် မေးခွန်းမျိုးတွေလည်းဖြစ်ပါတယ်။

ကိုယ့်ရဲ့သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေရဲ့ စိတ်ကိုသိနိူင်မယ့် မေးခွန်း (၉) ခုကိုဖော်ပြပေးလိုက်ပါတယ်။ မေးခွန်းတွေမှာ အဖြေအတိအကျရယ်လို့တော့ မရှိပါဘူး။ ဖြေတဲ့လူတွေအပေါ်မူတည်ပြီး ကွဲလွဲသွားနိုင်ပါတယ်။ ပြီးတော့ “yes” or “no” ပဲဖြေရင် အဆင်မပြေပါဘူး။ ဒီမေခွန်းတွေကို မိမိစိတ်ပျက်မသွားချင်တဲ့ လူတွေအပေါ် မမေးမိဖို့တော့ အကြံပေးပါရစေ။

မင်းရဲ့သေမယ့်နေကို ရေးထားတဲ့ စာအိတ်ကို ဖွင့်ကြည့်မှာလာ? ဒီမေးခွန်းကနေ လူတစ်ယောက်ရဲ့ သေခြင်းတရားအပေါ် ထားရှိတဲ့သဘောထားနဲ့ ဘဝကို ယေဘုယျအားဖြင့် ဘယ်လိုရှုမြင်နေလဲဆိုတာကို သိနိူင်ပါတယ်။

မင်းကိုယ်မင်း သူငယ်ချင်းပြန်လုပ်မှာလာ? ဒီမေးခွန်းဖြင့် လူတစ်ယောက်ရဲ့ မိမိကိုယ်ကိုတန်ဖိုးထားမူ၊ အားနည်းချက်အားသာချက်ကို သနိူင်သလို သူတို့ဟာ ဘယ်လောက်ထိစိတ်ဝင်စားဖို့ကောင်းတဲ့လူလဲဆိုတာ သိနိုင်ပါတယ်။

တကယ်လို့ လူတစ်ယောက်ရဲ့ ခေါင်းပေါ်မှာ အရာရာကို တိုင်းတာနိုင်တဲ့အရာသာ ရှိခဲ့မယ်ဆိုရင် သင့်အနေနဲ့ ဘာကိုတိုင်းဖို့အသုံးပြုမလဲ? ဥပမာ သူတို့ရဲ့ ချမ်းသာမှု၊ ပျော်ရွှင်မှု၊ လူမှုဆက်ဆံရေး အစရှိသဖြင့် တိုင်းမှာလာ? ဒီမေခွန်းကနေ လူတစ်ယောက်ရဲ့ တန်ဖိုးနဲ့ သူ့ရဲ့ ဦးစားပေးမှုကို သိနိုင်ပါတယ်။

တခြားလူတွေနဲ့မတူအောင် သင်ဘာလုပ်မှာလဲ? ဒီမေးခွန်းကနေ လူတစ်ယောက်ရဲ့ မိမိကိုယ်ကို တန်ဖိုးထားမှု၊ သူတို့ရဲ့ ဟာသဉာဏ်၊ ရှုးသွပ်မှု အတိုင်းအတာ နဲ့ ထူးခြားတဲ့ပင်ကိုယ်တွေကို သိမြင်နိုင်ပါတယ်။

တကယ်လို့ မထင်မှတ်ဘဲသင်ဖောက်ပြန်မိခဲ့တာကို သင့်ရဲ့ပါတနာက ဘယ်တော့မှသိမှာမဟုတ်ဘူးဆိုရင် သူ့ကိုပြောပြမှာလာ? ဒီမေးခွန်းကနေ လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ အဆင့်အတန်းနဲ့ လူတွေအပေါ်ထားတဲ့ သူတို့ရဲ့သဘောထားကို သိနိုင်ပါတယ်။

ဒီနေ့လိုနေ့မျိုး အကြိမ် (၁၀၀) ခန့်မကြာခဏ ကြုံနေရတယ်လို့ သင်ခံစားနေရလာ? အဖြေကို ကြည့်ပြီးတော့ လူတစ်ယောက်ရဲ့ ဘဝနေထိုင်မှုကို သိနိုင်သလို သူတို့ရဲ့ဘဝဟာ အဓိပ္ပာယ်ရှိရဲ့လား (သို့) မရှိဘူးလာဆိုတာကို သိမြင်နိုင်ပါတယ်။
တကယ်လို့ အမျိုးသားများနဲ့အမျိုးသမီးတွေဟာ မတူညီတဲ့ ဂြိုလ်နှစ်ခုအပေါ်မှာသီးခြားစီ နေထိုင်နေကြမယ်ဆိုရင် အဲ့ဒီ ဂြိုလ်တွေမှာ ဘာတွေဖြစ်ပျက်မယ်ထင်သလဲ? ဒီမေးခွန်းကနေ လူတစ်ယောက်ရဲ့ တွေးခေါ်မှုပုံစံ (သို့) သူတို့ ဘယ်လောက်ထိ ယုတ္တိရှိရှိ တွေးခေါ်နိုင်လဲဆိုတာကို သိမြင်နိုင်ပါတယ်။

တကယ်လို့ ဗိုက်ဆာနေတဲ့သင့်ရဲ့ကလေးတွေ (သို့) မိသားစုဝင်တွေကို ကျွေးမွေးဖို့အတွက် ရာဇဝတ်မူကျူးလွန်ခဲ့တယ်ဆိုရင် သင်ဟာ မိမိကိုယ်မိမိ မကောင်းတဲ့သူလို့ယူဆသလား? ဒါမှမဟုတ် လိုအပ်လို့ ရာဇဝတ်မူကို ကျူးလွန်တယ်လို့ ယူဆသလား? ဒီမေးခွန်းကတော့ လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထား အဆင့်အတန်းကို သိနိူင်သလို သူတို့ရဲ့မိသားစုအပေါ်ထားတဲ့ စိတ်နေသဘောထားကိုလည်း သိနိူင်ပါတယ်။

တကယ်လို့ ငွေကြေးသာ ပျော်ရွှင်မှုဖြစ်ခဲ့မယ်ဆိုရင် သင်ဘာအလုပ်လုပ်နေမယ်ထင်သလဲ? ဒီမေးခွန်းကနေ လူတစ်ယောက်ရဲ့ မျှော်လင့်ချက်များ၊ အိပ်မက်များ နဲ့ သူတို့ဘဝမှာ ဘာတွေလိုအပ်နေလဲဆိုတာကို သိမြင်နိုင်ပါတယ်။

အခု kwee ဖော်ပြပေးထားတဲ့ မေးခွန်းတွေအပြင် တခြားမေးခွန်းတွေလည်း ထွင်ပြီးမေးနိုင်ပါတယ်။ ဒီမေးခွန်းမျိုးတွေက အပျော်သဘောအနေနဲ့လည်း မေးနိုင်သလို လူတစ်ယောက်ရဲ့ စိတ်နေသဘောထားကို သိချင်တယ်ဆိုရင်လည်း အသုံးပြုနိုင်ပါတယ်။