ထိုင္း – လာအို မဲေခါင္ျမစ္ဝွမ္းေဒသအနီးက ေတာထဲမွာ ဧရာမေႁမြနဂါးေခါင္းျပတ္ပုံ ေက်ာက္ေဆာင္ ႏွင့္ ရစ္ေခြေနေသာ ကိုယ္ခႏၲာပုံ လၽွိုႀကီးတစ္ခုကိုေတြ႕ရွိ
ထိုင္း ႏွင့္ လာအိုႏွစ္နိုင္ငံရဲ့ ေတာတြင္းတစ္ေနရာမွာရွိတဲ့ ” နဂါးဂူ ” လို့ ေခၚတဲ့ ” ထမ့္နားခါး ” ဂူဟာ ထိုင္းနိုင္ငံရဲ့ အေရွ႕ဘက္၊ အီစံျပည္နယ္ Bueng Kan ခရိုင္၊ Bueng Khong Long ၿမိဳ့နယ္ရဲ့အေရွ႕ဘက္ေတာႀကီးထဲမွာ ရွိပါတယ္။
အင္မတန္ႀကီးတဲ့ ေႁမြေခါင္းျပတ္ပုံ သဘာ၀ေက်ာက္တုံးႀကီးဟာ ေက်ာက္ကမ္းပါးယံတစ္ခုေပၚကို ေမးတင္ေနတဲ့ သက္ရွိေႁမြႀကီးနဲ႔ တူလြန္းေနတာေၾကာင့္ လူမွုကြန္ယက္မွာပ်ံ႕ႏွံ့သြားပါတယ္။
ပိုထူးဆန္းေနတာက ေက်ာက္ေႁမြႀကီးရဲ့ဦးေခါင္းဟာ လာအိုဘက္ျခမ္း UdomChai ခရိုင္ ၊ Bang Leak ေက်းရြာဘက္ကပိုင္ဆိုင္ၿပီး ခႏၶာကိုယ္အစိတ္အပိုင္းအေၾကးခြံေတြအရစ္ရစ္နဲ႔ ဧရာမလၽွိုကမ္းပါးယံႀကီးကိုေတာ့ ထိုင္းဘင္ျခမ္းကပိုင္ဆိုင္တယ္လို့သိရပါတယ္ ။
တိတ္ဆိတ္ၿငိမ္သက္ လွပတဲ့ေရတံခြန္နဲ႔ စမ္းေခ်ာင္းေလးတစ္ခုကလည္း ေႁမြရဲ့အေၾကးခြံေတြ အရစ္ရစ္ေပၚေနသလို သဘာဝေက်ာက္ျပင္ေက်ာက္ဆိုင္ေတြကိုလည္းထူးဆန္းစြာျမင္ေတြ႕ရနိုင္ပါတယ္ ။
ေရွးလူႀကီးေတြေျပာတဲ့ ဒ႑ာရီအရ က်ိန္စာသင့္လို့ လည္ျပတ္သြားတဲ့နဂါးမင္းလို့လည္းဆိုၾကပါတယ္ ၊ အဲ့ဒီေနရာကို ထိုင္းလူမ်ိဳးဓါတ္ပုံဆရာတစ္ဦးျဖစ္တဲ့ Ched Kantawong က ေရာက္ရွိသြားၿပီး ….
Bueng Kan ခရိုင္ေလးမွာအထင္ကရ လူေတြေလ့လာ လည္ပတ္စရာတစ္ခုေတြ႕ရွိလိုက္ၿပီလို့ဆိုၿပီ သူ႔၏လူမွုကြန္ယက္ကေန Covid ကင္းစင္တဲ့အခါ လာလည္ပတ္ၾကဘို့ ေမလ ၂၇ ရက္ေန႔က ဖိတ္ေခၚထားပါတယ္။
ဘြမ့္ကန္း ခရိုင္သည္ လြန္ခဲ့တဲ့ ၂၀၁၄ ခုႏွစ္ကမွ ခရိုင္အဆင့္အျဖစ္ ၈ ၿမိဳ့နယ္ႏွင့္သတ္မွတ္ဖြဲ႕စည္းလိုက္တဲ့ (၇၇) ခရိုင္ေျမာက္ျဖစ္ပါတယ္ ။(စည္သူေမာင္)
unicode
ထိုင်း – လာအို မဲခေါင်မြစ်ဝှမ်းဒေသအနီးက တောထဲမှာ ဧရာမမြွေနဂါးခေါင်းပြတ်ပုံ ကျောက်ဆောင် နှင့် ရစ်ခွေနေသော ကိုယ်ခန္တာပုံ လျှိုကြီးတစ်ခုကိုတွေ့ရှိ
ထိုင်း နှင့် လာအိုနှစ်နိုင်ငံရဲ့ တောတွင်းတစ်နေရာမှာရှိတဲ့ ” နဂါးဂူ ” လို့ ခေါ်တဲ့ ” ထမ့်နားခါး ” ဂူဟာ ထိုင်းနိုင်ငံရဲ့ အရှေ့ဘက်၊ အီစံပြည်နယ် Bueng Kan ခရိုင်၊ Bueng Khong Long မြို့နယ်ရဲ့အရှေ့ဘက်တောကြီးထဲမှာ ရှိပါတယ်။
အင်မတန်ကြီးတဲ့ မြွေခေါင်းပြတ်ပုံ သဘာဝကျောက်တုံးကြီးဟာ ကျောက်ကမ်းပါးယံတစ်ခုပေါ်ကို မေးတင်နေတဲ့ သက်ရှိမြွေကြီးနဲ့ တူလွန်းနေတာကြောင့် လူမှုကွန်ယက်မှာပျံ့နှံ့သွားပါတယ်။
ပိုထူးဆန်းနေတာက ကျောက်မြွေကြီးရဲ့ဦးခေါင်းဟာ လာအိုဘက်ခြမ်း UdomChai ခရိုင် ၊ Bang Leak ကျေးရွာဘက်ကပိုင်ဆိုင်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းအကြေးခွံတွေအရစ်ရစ်နဲ့ ဧရာမလျှိုကမ်းပါးယံကြီးကိုတော့ ထိုင်းဘင်ခြမ်းကပိုင်ဆိုင်တယ်လို့သိရပါတယ် ။
တိတ်ဆိတ်ငြိမ်သက် လှပတဲ့ရေတံခွန်နဲ့ စမ်းချောင်းလေးတစ်ခုကလည်း မြွေရဲ့အကြေးခွံတွေ အရစ်ရစ်ပေါ်နေသလို သဘာဝကျောက်ပြင်ကျောက်ဆိုင်တွေကိုလည်းထူးဆန်းစွာမြင်တွေ့ရနိုင်ပါတယ် ။
ရှေးလူကြီးတွေပြောတဲ့ ဒဏ္ဍာရီအရ ကျိန်စာသင့်လို့ လည်ပြတ်သွားတဲ့နဂါးမင်းလို့လည်းဆိုကြပါတယ် ၊ အဲ့ဒီနေရာကို ထိုင်းလူမျိုးဓါတ်ပုံဆရာတစ်ဦးဖြစ်တဲ့ Ched Kantawong က ရောက်ရှိသွားပြီး ….
Bueng Kan ခရိုင်လေးမှာအထင်ကရ လူတွေလေ့လာ လည်ပတ်စရာတစ်ခုတွေ့ရှိလိုက်ပြီလို့ဆိုပြီ သူ့၏လူမှုကွန်ယက်ကနေ Covid ကင်းစင်တဲ့အခါ လာလည်ပတ်ကြဘို့ မေလ ၂၇ ရက်နေ့က ဖိတ်ခေါ်ထားပါတယ်။
ဘွမ့်ကန်း ခရိုင်သည် လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်ကမှ ခရိုင်အဆင့်အဖြစ် ၈ မြို့နယ်နှင့်သတ်မှတ်ဖွဲ့စည်းလိုက်တဲ့ (၇၇) ခရိုင်မြောက်ဖြစ်ပါတယ် ။(စည်သူမောင်)