အေထြအေထြဗဟုသုတ

အျမဲတမ္း ေငြမျပတ္ေစတဲ့ “ယၾတာ”(ဆရာႀကီးမင္းသိခၤရဲ့ ပညာရပ္မ်ားထဲက တင္ျပလိုက္တာျဖစ္ပါတယ္)

အၿမဲတမ္း ေငြမျပတ္ေစတဲ့ “ယၾတာ”(ဆရာႀကီးမင္းသိခၤရဲ႕ ပညာရပ္မ်ားထဲက တင္ျပလိုက္တာျဖစ္ပါတယ္)
ဆရာႀကီးမင္းသိခၤရဲ႕ ပညာရပ္မ်ားထဲက တင္ျပလိုက္တာပဲ ျဖစ္ပါတယ္။ အၿမဲတမ္း ေငြမျပတ္ေစတဲ့ ယၾတာႏွင့္ ေစ်းဆိုင္ အေရာင္းဆိုင္မွာ ဧည့္သည္စည္ကားေစရန္ ယၾတာေတြပဲ ျဖစ္ပါတယ္ …

ေငြဖလား ဒါမွမဟုတ္ ေၾကးဖလား တစ္လုံးထဲမွာ ေငြစကၠဴထဲက တန္ဖိုး အႀကီးဆုံး ေငြစကၠဴတစ္႐ြက္ ကိုျဖန႔္ခင္း ထားလိုက္ပါ။ ကိုယ္တတ္ ႏိုင္တဲ့ေငြစကၠဴ အတိုင္းအတာနဲ႔ တြက္ၿပီး ထည့္ႏိုင္ပါတယ္ …

တတ္ႏိုင္တဲ့ လူအတြက္ ကေတာ့ တစ္ေသာင္းတန္ေပါ့၊ ေဒၚလာနဲ႔ အလုပ္လုပ္ေနသူ ဆိုရင္ေတာ့ ေဒၚလာ ထည့္ေပါ့။ ၿပီးရင္ အဲဒီေငြစကၠဴ ထည့္ထားတဲ့ ဖလားထဲကို ေရျဖည္းျဖည္းျခင္း ေလာင္းထည့္ပါ …

ေရစက္ခြက္ထဲကို ေရစက္ခ်တဲ့ အခါေလာင္းသလို မ်ိဳးေလာင္းထည့္ပါ။ ေရေလာင္းေနတဲ့ အခ်ိန္မွာ ဂုဏ္ေတာ္ ၉ ပါးကို ၉ ေခါက္ျပည့္ ေအာင္႐ြတ္ဆိုေနပါ …

ၿပီးတာနဲ႔ေရျမဳပ္ေန တဲ့ေငြစကၠဴေပၚကို ေခါင္းေလာင္း တစ္လုံးတင္ ထားလိုက္ပါ။ မၾကာခဏ အဲဒီေခါင္းေလာင္း ကိုယူၿပီးတီးပါ

ေခါင္းေလာင္းတီးေနတဲ့ အခ်ိန္မွာလည္း ဂုဏ္ေတာ္ ၉ ပါးကို ၉ ေခါက္ျပည့္ေအာင္ ႐ြတ္ပါ

အဲဒီ ဓါတ္ဆင္ ထားတဲ့ ေငြစကၠဴ ထည့္ထားေသာ ဖလားနဲ႔ေခါင္းေလာင္းကို ဘုရားစင္ ဒါမွမဟုတ္ ျမင့္ျမတ္တဲ႔ေနရာမွာ တင္ထားပါ

အဲဒီ ေငြဓါတ္ဆင္ တာကိုလုပ္ရမယ့္ အခ်ိန္က တနလၤာ နဝင္းစီးေနတဲ့ အခ်ိန္မွာ လုပ္ရပါမယ္။ တနလၤာနဝင္း စီးတဲ့ အခ်ိန္ေတြ ကေတာ့…

တနဂၤေႏြေန႔ ဆိုရင္…

ေန႔လည္ ၁ နာရီခြဲ မွ ၃ နာရီ အတြင္း၊

တနလၤာေန႔ ဆိုရင္…

နံက္ ၉ နာရီ မွ ၁၀ နာရီခြဲ အတြင္း၊

အဂၤါေန႔ ဆိုရင္…

ညေန ၃ နာရီ မွ ၄ နာရီခြဲ အတြင္း၊

ဗုဒၶဟူးေန႔ ဆိုရင္…

နံက္ ၁၀ နာရီခြဲ မွ ၁၂ နာရီ အတြင္း၊

ၾကာသပေတးေန႔ ဆိုရင္…

ဆိုရင္ နံက္ ၆ နာရီ မွ ၇ နာရီခြဲ အတြင္း၊

ေသာၾကာေန႔ ဆိုရင္…

မြန္းလြဲ ၁၂ နာရီ မွ ၁ နာရီခြဲအတြင္း၊

စေနေန႔ ဆိုရင္…

နံက္ ၇ နာရီခြဲ မွ ၉ နာရီအတြင္း၊

တနလၤာနဝင္းစီးတဲ့ အခ်ိန္ဟာ အခ်ိဳ႕ေန႔ေတြမွာဆိုရင္ ညေနေစာင္း နဲ႔ ညဦးပိုင္းေတြမွာလည္း ရွိၾကေပမယ့္လည္း ေနေရာင္ရွိေသာ အခ်ိန္မ်ားမွာ သာလုပ္ရမွာျဖစ္တဲ့အတြက္ ညေန ၄ နာရီခြဲ ထက္ေက်ာ္ၿပီး မလုပ္သင့္ပါဘူး

ဒါဆို ေငြ နဲ႔ လက္နဲ႔ မျပတ္ေတာ့ဘူးေပါ့။ အားလုံးေငြ မျပတ္ဝင္ၿပီး အဆင္ေျပၾကပါေစေနာ္ …

ေစ်းဆိုင္ အေရာင္းဆိုင္မွာ ဧည့္သည္စည္ ကားေစရန္အတြက္…

အေရာင္းအဝယ္ပြင့္လန္းေစရန္ ေၾကးဖလား သို႔မဟုတ္ ေငြဖလားတြင္ ေရတစ္ဝက္ခန႔္ ထည့္၍ ေမတၱာသုတ္ ၉ ေခါက္႐ြတ္ၿပီး မိမိ ဆိုင္ေရွ႕ မ်က္ႏွာစာကို ဖ်န္းပတ္ပါ …

ဧည့္သည္ စည္ကား၍ အေရာင္းအဝယ္မ်ား ပြင့္လန္း လာပါလိမ့္မယ္ …

ခရက္ဒစ္

unicode

အမြဲတမ်း ငွေမပြတ်စေတဲ့ “ယတြာ”(ဆရာကြီးမင်းသိင်္ခရဲ့ ပညာရပ်များထဲက တင်ပြလိုက်တာဖြစ်ပါတယ်)
ဆရာကြီးမင်းသိင်္ခရဲ့ ပညာရပ်များထဲက တင်ပြလိုက်တာပဲ ဖြစ်ပါတယ်။ အမြဲတမ်း ငွေမပြတ်စေတဲ့ ယတြာနှင့် စျေးဆိုင် အရောင်းဆိုင်မှာ ဧည့်သည်စည်ကားစေရန် ယတြာတွေပဲ ဖြစ်ပါတယ်

ငွေဖလား ဒါမှမဟုတ် ကြေးဖလား တစ်လုံးထဲမှာ ငွေစက္ကူထဲက တန်ဖိုး အကြီးဆုံး ငွေစက္ကူတစ်ရွက် ကိုဖြန့်ခင်း ထားလိုက်ပါ။ ကိုယ်တတ် နိုင်တဲ့ငွေစက္ကူ အတိုင်းအတာနဲ့ တွက်ပြီး ထည့်နိုင်ပါတယ်

တတ်နိုင်တဲ့ လူအတွက် ကတော့ တစ်သောင်းတန်ပေါ့၊ ဒေါ်လာနဲ့ အလုပ်လုပ်နေသူ ဆိုရင်တော့ ဒေါ်လာ ထည့်ပေါ့။ ပြီးရင် အဲဒီငွေစက္ကူ ထည့်ထားတဲ့ ဖလားထဲကို ရေဖြည်းဖြည်းခြင်း လောင်းထည့်ပါ …

ရေစက်ခွက်ထဲကို ရေစက်ချတဲ့ အခါလောင်းသလို မျိုးလောင်းထည့်ပါ။ ရေလောင်းနေတဲ့ အချိန်မှာ ဂုဏ်တော် ၉ ပါးကို ၉ ခေါက်ပြည့် အောင်ရွတ်ဆိုနေပါ

ပြီးတာနဲ့ရေမြုပ်နေ တဲ့ငွေစက္ကူပေါ်ကို ခေါင်းလောင်း တစ်လုံးတင် ထားလိုက်ပါ။ မကြာခဏ အဲဒီခေါင်းလောင်း ကိုယူပြီးတီးပါ

ခေါင်းလောင်းတီးနေတဲ့ အချိန်မှာလည်း ဂုဏ်တော် ၉ ပါးကို ၉ ခေါက်ပြည့်အောင် ရွတ်ပါ

အဲဒီ ဓါတ်ဆင် ထားတဲ့ ငွေစက္ကူ ထည့်ထားသော ဖလားနဲ့ခေါင်းလောင်းကို ဘုရားစင် ဒါမှမဟုတ် မြင့်မြတ်တဲ့နေရာမှာ တင်ထားပါ

အဲဒီ ငွေဓါတ်ဆင် တာကိုလုပ်ရမယ့် အချိန်က တနင်္လာ နဝင်းစီးနေတဲ့ အချိန်မှာ လုပ်ရပါမယ်။ တနင်္လာနဝင်း စီးတဲ့ အချိန်တွေ ကတော့…

တနင်္ဂနွေနေ့ ဆိုရင်…

နေ့လည် ၁ နာရီခွဲ မှ ၃ နာရီ အတွင်း၊

တနင်္လာနေ့ ဆိုရင်…

နံက် ၉ နာရီ မှ ၁၀ နာရီခွဲ အတွင်း၊

အင်္ဂါနေ့ ဆိုရင်…

ညနေ ၃ နာရီ မှ ၄ နာရီခွဲ အတွင်း၊

ဗုဒ္ဓဟူးနေ့ ဆိုရင်…

နံက် ၁၀ နာရီခွဲ မှ ၁၂ နာရီ အတွင်း၊

ကြာသပတေးနေ့ ဆိုရင်…

ဆိုရင် နံက် ၆ နာရီ မှ ၇ နာရီခွဲ အတွင်း၊

သောကြာနေ့ ဆိုရင်…

မွန်းလွဲ ၁၂ နာရီ မှ ၁ နာရီခွဲအတွင်း၊

စနေနေ့ ဆိုရင်…

နံက် ၇ နာရီခွဲ မှ ၉ နာရီအတွင်း၊

တနင်္လာနဝင်းစီးတဲ့ အချိန်ဟာ အချို့နေ့တွေမှာဆိုရင် ညနေစောင်း နဲ့ ညဦးပိုင်းတွေမှာလည်း ရှိကြပေမယ့်လည်း နေရောင်ရှိသော အချိန်များမှာ သာလုပ်ရမှာဖြစ်တဲ့အတွက် ညနေ ၄ နာရီခွဲ ထက်ကျော်ပြီး မလုပ်သင့်ပါဘူး …။

ဒါဆို ငွေ နဲ့ လက်နဲ့ မပြတ်တော့ဘူးပေါ့။ အားလုံးငွေ မပြတ်ဝင်ပြီး အဆင်ပြေကြပါစေနော် …

စျေးဆိုင် အရောင်းဆိုင်မှာ ဧည့်သည်စည် ကားစေရန်အတွက်…

အရောင်းအဝယ်ပွင့်လန်းစေရန် ကြေးဖလား သို့မဟုတ် ငွေဖလားတွင် ရေတစ်ဝက်ခန့် ထည့်၍ မေတ္တာသုတ် ၉ ခေါက်ရွတ်ပြီး မိမိ ဆိုင်ရှေ့ မျက်နှာစာကို ဖျန်းပတ်ပါ

ဧည့်သည် စည်ကား၍ အရောင်းအဝယ်များ ပွင့်လန်း လာပါလိမ့်မယ်

ခရက်ဒစ်